သင့်ကလေးက အရမ်းကို အော်ဟစ်နေရတဲ့အကြောင်းအရင်း (၆) ခုနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

ကလေးတွေက စတိုးဆိုင်မှာ၊ ပန်းခြံမှာ၊ အိမ်မှာ၊ ကားပေါ်မှာ စတဲ့နေရာတွေမှာ အော်ဟစ်သောင်းကျန်းနေတာကို သင်ကြုံဖူးမှာပါ။ ကလေးတွေမှာ ဂျီကျပြီး အော်ဟစ်နေရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။

ကလေးတွေ အော်ဟစ်သောင်းကျန်းနေရတဲ့ အကြောင်းအရင်းတွေကို သိတဲ့အခါ ကလေးတွေအတွက် အဆင်ပြေမယ့်နည်းလမ်းကိုလည်း သိရှိပြီးသား ဖြစ်သွားစေမှာပါ။

၁။ အာရုံစိုက်မှုကို လိုအပ်ခြင်း

ကလေးတွေက သင်အလုပ်များနေချိန်မှာ ဂျီကျပြီး‌ အော်ဟစ်နေတာက မိဘဆီကနေ အာရုံစိုက်တာ၊ ဂရုစိုက်တာကို လိုချင်လို့ပါ။ မိဘတွေ အာရုံစိုက်တာကို ရရှိဖို့ ကလေးတွေက အသံပေးတာ၊ အော်ဟစ်တာ၊ အမူအရာနဲ့ ပြတာ စသဖြင့် တတ်နိုင်သလောက် လုပ်ပြတတ်ပါတယ်။

အဲဒါကြောင့် သင့်ကလေးက အော်ဟစ်ဂျီကျနေရင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ အဲဒီအခါ သူ့အလိုလို ငြိမ်သွားတတ်ပါတယ်။ ဂျီကျနေတာကို အလိုလိုက်တဲ့အခါမှာတော့ နောက်တစ်ခါလည်း ဂျီကျပြီး ငိုယိုအော်ဟစ်နေဦးမှာပါ။

၂။ သူတို့ရဲ့အသံကို စမ်းသပ်ခြင်း

အသက် ၁၈ လနဲ့ ၂ နှစ်ကြားမှာ ကလေးတွေက အရမ်းကို အော်တတ်ပါတယ်။ ကလေးတွေက သူတို့ရဲ့အော်သံ ဘယ်လောက်ကျယ်လဲဆိုတာကို သိချင်တဲ့အတွက် စူးစမ်းတာပါ။

အဲဒီအခါ တစ်ယောက်ယောက်က သူတို့အော်နေတာလာကြည့်ရင် ရပ်သွားတတ်ပါတယ်။ ဒီလိုအရွယ်လေးတွေ အော်နေတဲ့အခါ သူတို့ကို ချီပြီး နူးနူးညံ့ညံ့ ချော့မြူပေးနိုင်ပါတယ်။

၃။ ဆက်သွယ်ခြင်း

သင့်ကလေးက မိဘတွေနဲ့ဆက်သွယ်ပြောဆိုဖို့ ကြိုးစားပေမယ့် မိဘတွေက နားမလည်တဲ့အခါ စပြီးအော်တတ်လာပါတယ်။ အဲဒီအခါ အော်မပြောသင့်ကြောင်း၊ အေးအေးဆေးဆေး ပြောလို့ရကြောင်း သင့်ကလေးကို ရှင်းပြပေးပါ။

၄။ ဒေါသ၊ ပင်ပန်းတာနဲ့ ဗိုက်ဆာတာကို ဖော်ပြခြင်း

ကလေးတွေ အော်ဟစ်နေရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ ဒေါသထွက်တာကြောင့်ပါ။ ဥပမာအားဖြင့် ကလေးတွေက သူတို့လိုချင်တာကိုမရရင် ဂျီကျပြီးအော်ဟစ်တတ်သလိုပါပဲ။ ကလေးတွေက အရမ်းငယ်သေးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာကို ဘယ်လိုပြသရမယ်။

စိတ်ရှည်အောင် ဘယ်လိုထားရမယ်ဆိုတာကို နားမလည်သေးပါဘူး။ အဲဒါကြောင့် ကလေးနဲ့ အပြိုင်အော်တာက မကောင်းပါဘူး။ အဲဒီအစား ကလေးတွေကို စိတ်အလိုမကျတဲ့အရာကို အေးအေးဆေးဆေး ပြသနိုင်မယ့်နည်းလမ်းကို ညွှန်ပြပေးပါ။

၅။ စိုးရိမ်စရာရှိခြင်း

ကလေးတွေရဲ့စိတ်ထဲမှာ တစ်ခုခုအဆင်မပြေတာရှိတဲ့အခါ၊ စိတ်ပူပန်စရာရှိတဲ့အခါမှာ စိတ်ခံစားချက်ကို မထိန်းချုပ်တတ်သေးတာကြောင့် အော်ဟစ်တတ်ကြပါတယ်။ သူတို့နဲ့မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်ကိုရောက်တဲ့အခါ အဆင်မပြေမှုတစ်ခုခုကြောင့်လည်း အော်ဟစ်တတ်ကြပါတယ်။

အဲဒါကြောင့် သင့်ကလေးက အော်တဲ့အခါမှာ မဆူဘဲ အာရုံပြောင်းပေးလိုက်လို့ရပါတယ်။ သီချင်းဆိုခိုင်းတာ၊ သီချင်းဖွင့်ပြတာ၊ အရုပ်လေးနဲ့ ချော့တာ စတဲ့နည်းတွေက ကလေးတွေကို အဆင်ပြေစေပါတယ်။

၆။ အားတွေ ပြည့်နေခြင်း

တစ်ခါတရံမှာ ကလေးတွေက အားအင်အပြည့်နဲ့ ဆော့နေတဲ့အခါ၊ အရမ်းပျော်နေတဲ့အခါမျိုးမှာလည်း အော်ဟစ်ဆူညံကြပါတယ်။ ဒီလိုအော်တာကတော့ ကလေးအတွက် ပုံမှန်ပါပဲ။ သူတို့ရဲ့ပျော်ရွှင်မှုကို ပြသတဲ့နည်းတစ်ခုပါ။

Zombie (lovemedia)

Post a Comment

0 Comments