စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့ ပြုစုပျိုးထောင်နည်း (၈) နည်း

မိဘတော်တော်များများက သူတို့ရဲ့ ကလေးတွေကို အမှတ်ကောင်းကောင်းနဲ့ အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်တွေကို တက်စေချင်ကြပေမယ့် EQ ကို မေ့နေတတ်ကြပါတယ်။ တကယ်တော့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက အလုပ်မှာ အောင်မြင်အောင် ကူညီပေးရုံသာမက စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပြီး ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုအထိ မယုံနိုင်လောက်အောင် အကျိုးပြုပါတယ်။

၁။ အဆိုးမြင်စိတ်တွေကို မရိုက်သွင်းပေးပါနဲ့။

သူတို့ရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုတာ ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုရင်တောင် သင့်ကလေးကို အပြစ်တင်ခြင်းက ကလေးအတွက် စိတ်ဓာတ်ကျစေနိုင်ပါတယ်။ သင့်ရဲ့ ကဲ့ရဲ့ခြင်း ၊လျစ်လျူရှုခြင်းက ကလေးကို ကြောက်လန့်စေနိုင်ပါတယ်။ အားလုံးအဆင်ပြေတယ်လို့ ဟန်ဆောင်တာထက် ပြဿနာကို ဖြေရှင်းတာက ပိုကောင်းပါတယ်။

၂။ သူတို့ပြောတာတွေကို သေချာနားထောင်ပေးပါ။

စိတ်ဓါတ်ကို ရင့်ကျက်စေချင်ရင်၊ ထက်မြတ်စေချင်ရင် စကားပြောဆိုတဲ့အချိန်မှာ အာရုံစူးစိုက်ပေးသင့်ပါတယ်။ စကားဝိုင်းတစ်ခုမှာ သူတို့ပြောတာတွေကို နားထောင်ပေးသင့်ပါတယ်။ သူတို့ပြောတာတွေကို သေချာနားထောင်ပေးပြီး လိုအပ်တာတွေကို ဖြည့်စွက်ပေးရင် အချစ်ခံရပြီး ယုံကြည်မှုပိုရှိလာစေပါတယ်။

၃။ ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ပေးပါ။

ပြဿနာတစ်ခုခုဖြစ်လာရင် ဝုန်းဒိုင်းကြဲနေမယ့်အစား ရင်ဆိုင်တတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်။ စိတ်ခံစားမှုတွေကို အသိအမှတ်ပြုဖို့ အရေးကြီးပေမယ့် အဲဒါတွေက နေရာတိုင်းမှာ အသုံးမဝင်ပါဘူး။

သင့်ကလေးကို အကူအညီတောင်းဖို့ ဒါမှမဟုတ် သင့်ကလေးရဲ့ စိတ်ခံစားချက်တွေကို နားလည်နိုင်တဲ့သူတွေကိုသာ ပြောပြခိုင်းပါ။ ကွဲပြားတဲ့ဖြေရှင်းနည်းတွေနဲ့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခိုင်းပါ။

၄။ သရုပ်ဆောင် ကစားပေးပါ။

သရုပ်ဆောင်ကစားပေးခြင်းက လူမှုရေးစွမ်းရည်အားလုံးကို သင်ကြားပေးပါတယ်။ ကလေးတွေက လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍတွေကို မိဘတွေရဲ့ စာနာမှုပြသနည်းကနေ သင်ယူကြရပါတယ်။ သရုပ်ဆောင်ကစားခြင်းက ခံစားချက်တွေကို စူးစမ်းရှာဖွေပေးပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို သင်ကြားပေးရုံသာမက အခြားသူတွေရဲ့ အမြင်တွေကိုလည်း နားလည်စေပါတယ်။

၅။ သင့်ကလေးရဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှားပေးပါ။

သင့်ကလေးတွေကို သူတို့ခံစားချက်ကို ထုတ်ပြောဖို့ မသင်ပေးရင် ကြမ်းတမ်းလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေပျောက်တတ်အောင် သင်ပေးပါ။

၆။ သင့်ကလေးကို စူးစမ်းရှာဖွေတွေ့ရှိတတ်ဖို့ သင်ပေးပါ။

ဝုန်းဒိုင်းကြဲခြင်း ဒါမှမဟုတ် အော်ဟစ်ခြင်းတွေကို ရပ်တန့်ဖို့ပြောမယ့်အစား သင့်ကလေးကို ဒေါသထွက်စေ၊ ဝမ်းနည်းစေမယ့်အရာကို ရှာဖွေပါ။ စိတ်ပျက်အားငယ်မှုတွေအတွက် အဖြစ်များဆုံးအချက်တွေကတော့ မမျှော်လင့်ထားပဲဖြစ်သွားတဲ့ ပြောင်းလဲမှုတွေ၊ လူမှုရေးအခြေအနေအသစ်တွေပဲ ဖြစ်ပါတယ်။

ဆာလောင်ခြင်း ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်ခြင်းလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းအချို့လည်း ရှိပါသေးတယ်။

၇။ ခန္ဓာကိုယ်ဘာသာစကားကို သင်ပြပါ။

စိတ်ခံစားမှုတွေ များလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်လာပါတယ်။ စိတ်တိုတဲ့အခါ ဗိုက်လည်း အောင့်လာသလို ခေါင်းလည်း ကိုက်လာတတ်ပါတယ်။ သင့်ကလေး တစ်စုံတစ်ခုကို ထိတ်လန့်သွားတာကို သတိပြုမိရင် သူတို့ခံစားနေရတဲ့ ခန္ဓာကိုယ် ခံစားချက်ကို မေးပါ။

စိတ်ခံစားမှုရဲ့ ပထမဆုံးလက္ခဏာတွေကို အသိအမှတ်ပြုခြင်းက ပိုမိုမြန်ဆန်စွာ ရင်ဆိုင်နိုင်စေပါတယ်။ လူတွေက အမြဲတမ်း သူတို့ရဲ့ စိတ်ခံစားချက်တွေကို နှုတ်နဲ့ မဖော်ပြတဲ့အတွက် တခြားသူတွေ ဘယ်လိုခံစားရလဲဆိုတာကိုလည်း ပိုနားလည်လာစေပါတယ်။

၈။ ခံစားချက်တွေကို ဖုံးဖိမထားပါစေနဲ့။

ပွင့်လင်းရိုးသားတဲ့မိဘတွေက ကလေးရဲ့ ယုံကြည်မှုကို ဖန်တီးပေးပါတယ်။ ကလေးတွေကလည်း သူတို့ရဲ့ ပြဿနာတွေနှင့် စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားတတ်ကြပါတယ်။ ပျော်ရွှင်တဲ့မိဘတစ်ယောက်လို့ အမြဲဟန်ဆောင်ထားရင် သင့်ကလေးတွေ စိတ်ရှုပ်သွားနိုင်ပါတယ်။

တစ်ခုခုမှားနေပြီလို့ ထင်ကြပေမယ့် သင်ကပုံမှန်အတိုင်းဆက်နေနေရင် သင့်ခံစားချက်ကို သူတို့နားမလည်နိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ရှောင်ရှားပြီး တခြားသူတွေရဲ့ခံစားချက်တွေကို နားလည်ဖို့ အရမ်းကြိုးစားရပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments