လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်တွေကို အလွယ်ကူဆုံး ရွေးချယ်နည်းများ

အခုခေတ်အခါက အရမ်းကို ခေတ်မှီလာတာကြောင့် ကိုယ်လိုချင်တဲ့အရာတွေကို ကုန်တိုက်မှာ အလွယ်တကူဝယ်ယူနိုင်ပါပြီ။ ဒါပေမယ့် တစ်ခါတရံမှာ ဒီအခြေအနေက ပိုခက်ခဲစေတယ်။

သက်တမ်းလွန်နေတဲ့ အစားအသောက်ကို ဝယ်ယူမိနိုင်သေးသလို မမှည့်သေးတဲ့၊ အရသာမရှိတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တွေကို ဝယ်မိနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ၊ အသီးအရွက်တွေကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

သံလွင်သီး

သံလွင်သီးကို ရွေးတဲ့အခါ အစေ့ပါတဲ့ အသီးတွေကို ရွေးတာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစေ့ဖယ်ရှားထားတဲ့ သံလွင်သီးတွေက ဖိမိရင် ကြွေမွလွယ်တာကြောင့်ပါ။ ဒါ့အပြင် သံလွင်သီးရဲ့ အရသာအစစ်အမှန်က အစေ့ထဲမှာရှိတာပါ။

ဆယ်လ်မွန်ငါး

လတ်ဆတ်တဲ့ ငါးတွေမှာ အနံ့မရှိပါဘူး။ နောက်ထပ်လက္ခဏာတစ်ခုကတော့ အရောင်ဖြစ်ပါတယ်။ မွေးမြူထားတဲ့ ငါးတွေက ပန်းရောင်ဖျော့ဖျော့အရောင်ရှိကြပြီး သဘာဝမှာပေါက်တဲ့ငါးတွေက အရောင်ရင့်ပါတယ်။

ငါးရဲ့မျက်နှာပြင်ပေါ်မှာ မီးခိုးရောင် ဒါမှမဟုတ် အညိုရောင်အစွန်းအထင်းတွေရှိရင် ငါးကို သိမ်းဆည်းထားတာ အချိန်အတော်ကြာသွားပြီလို့ ညွှန်ပြနေတာပါ။

စွန်ပလွံသီး

စွန်ပလွံသီးတွေကို လှီးရင် အရမ်းမကြမ်းသင့်ပါဘူး။ သစ်သီးခြောက်တွေက အသားဝါပြီး တောက်ပြောင်နေရင် အကောင်းဆုံးဖြစ်ပါတယ်။ မကောင်းတဲ့အသီးဆိုရင် အဖြူရောင်အစက်လေးတွေ ပေါ်လာတာကြောင့် အဲ့လိုအသီးတွေမဝယ်သင့်ပါဘူး။

ကြက်သွန်ဖြူ

ရောင်းတဲ့သူက ကောင်းတယ်လို့ ဘယ်လောက်ပဲပြောပြော ကိုယ်တိုင်စမ်းကြည့်သင့်ပါတယ်။ ဘယ်လိုစမ်းရမလဲဆိုတော့ အနံ့ခံကြည့်ပါ။ အနံ့အရမ်းထွက်နေရင် ဟောင်းနေပြီ ဒါမှမဟုတ် အသိမ်းလွန်နေပြီလို့ ဆိုလိုတာပါ။ ဒါ့အပြင် အတွင်းပိုင်းမှာလည်း ပုပ်သွားနိုင်ပါတယ်။

မုန်လာဥချို

မုန်လာဥချိုဝယ်တဲ့အခါ လတ်ဆတ်တဲ့ဟာရဖို့အတွက် အစိမ်းရောင်ရှိတဲ့ အပင်ကိုရှာပါ။ ဒါပေမယ့်လည်း အမြဲတမ်းရှာတွေ့နိုင်ဖို့ကလည်း မလွယ်ပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်ရဲ့ အရွယ်အစားနှင့်အမြစ်ကိုသေချာကြည့်ဖို့ လိုပါတယ်။ အမြစ်မှာ အမွေးအများကြီးမပါတဲ့ဟာကို ရွေးတာက ပိုကောင်းပါတယ်။

ငုံးဥ

ငုံးဥကိုရွေးချယ်တဲ့အခါ အခွံကို ဂရုတစိုက်စစ်ဆေးပါ။ ကွဲအက်မနေသင့်ပါဘူး။ အခန်းအပူချိန်မှာဆို ရက်ပေါင်း ၃၀ အထိ နှင့် ရေခဲသေတ္တာထဲမှာဆို ရက် ၆၀ အထိ ထားနိုင်ပါတယ်။ အထုပ်မှာ ထုတ်လုပ်တဲ့ရက်စွဲမပါရင် ဥရဲ့ လတ်ဆတ်မှုကို အလေးချိန်နဲ့သိနိုင်ပါတယ်။ လတ်ဆတ်တဲ့ ဥတစ်လုံးဟာ 0.35 အောင်စကနေ 0.4 အောင်စ အလေးချိန်ရှိရမှာ ဖြစ်ပါတယ်။

ထောပတ်သီး

ပုံမှန်အရောင်နဲ့ကွဲပြားနေပြီး ထင်ရှားတဲ့ အစက်အပြောက်တွေရှိနေရင် အသီးမှာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ဖော်ပြနေတာပါ။ မည်းနေတဲ့အမှတ်အသားပါတဲ့ ထောပတ်သီးတွေကို မဝယ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပုပ်လွယ်နိုင်လို့ပါ။

သလဲသီး

သလဲသီးဝယ်တိုင်း မချိုဘူးဆိုရင်တော့ ဒီနည်းလေးကို လုပ်ကြည့်သင့်ပါတယ်။ အသီးရဲ့ ပုံစံက လုံးဝအဝိုင်းကြီးမဖြစ်နေရင်တော့ တခြားအလုံးတွေနဲ့ ယှဉ်ကြည့်လို့ ဝိုင်းနေတယ်ဆိုရင် သိပ်မမှည့်သေးပါဘူး။ အသီးက သိပ်မကြမ်းပဲနှင့် တင်းတင်းလေးဖြစ်နေတယ် ဆိုရင်တော့ မှည့်ပြီလို့ ဆိုလိုတာပါ။

သံပုရာသီး

ကောင်းမွန်တဲ့ သံပုရာသီးတစ်လုံးကို သူ့ရဲ့ အလေးချိန်နဲ့ အခွံအထူအပါးအရ သိနိုင်ပါတယ်။ အသီးက မကြီးရင်တောင် လေးနေသင့်ပါတယ်။ ပါးလွှာတဲ့အခွံနှင့် ဖြာထွက်နေတဲ့ သေးငယ်တဲ့လိုင်းတွေပါတဲ့ သံပုရာသီးကတော့ အကောင်းဆုံးပါပဲ။ အသီးထဲမှာ သတ္တုဓာတ်တွေ မြင့်မားစွာ ပါဝင်နေကြောင်း ပြတာပါ။

Zombie (lovemedia)

Post a Comment

0 Comments