ဆံပင်ဖြီးတဲ့ပုံစံ မမှန်ကန်တဲ့အခါ ဆံပင်တွေပိုကျွတ်နိုင်ပြီး ဆံပင်လည်း ထိခိုက်လာမှာပါ။ မှန်ကန်တဲ့ ဆံပင်ဖြီးနည်းတွေက သင့်ဆံပင်ကို တောက်ပစေတဲ့အပြင် ဆံသားငြိတာတွေလည်း နည်းသွားစေမှာပါ။ အဲဒါကြောင့် ဆံပင်ကို ထိခိုက်စေတဲ့ ခေါင်းဖြီးနည်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆံပင်ကို အရင်းကနေ စတင်ဖြီးခြင်း
ဆံပင်ကို အရင်းကနေ အဖျားအထိ ဖြီးချလိုက်တာက ဆံသားမွေးညှင်းပေါက်လေးတွေကို ဆောင့်ဆွဲလိုက်သလိုပါပဲ။ အဲဒါကြောင့် ဒီလိုပုံစံက ဆံပင်ကို ပိုပြီး ကျွတ်စေပါတယ်။ အဲဒါကြောင့် ဆံပင်ကို အဖျားပိုင်းကနေ စတင်ဖြီးပါ။ ပြီးနောက်မှ အရင်းပိုင်းကို ဖြီးပါ။
၂။ ဆံပင်အဖျားပိုင်းကိုပဲ ဖြီးခြင်း
အချို့က ခေါင်းဖြီးတဲ့အခါ အကုန်လုံးမဖြီးဘဲ ဆံပင်အဖျားပိုင်းပဲ ဖြီးကြပါတယ်။ ဦးရေပြားက ဆံပင်အလှအတွက် သဘာဝအဆီတွေကို ထုတ်လုပ်ပေးပါတယ်။
ဆံပင် အရင်းကိုပါ ဖြီးမှသာ ဦးရေပြားက သဘာဝအားဖြည့်အဆီတွေက ဆံသားတစ်လျှောက် ရောက်ရှိသွားမှာပါ။ ဒါ့အပြင် ခေါင်းဖြီးပေးတာ ဦးရေပြားကို နှိပ်နယ်ပေးသလိုဖြစ်ပြီး သွေးလည်ပတ်မှုလည်း အားကောင်းစေပါတယ်။
၃။ ဆံပင်နဲ့မလိုက်ဖက်တဲ့ ခေါင်းဖြီးကို အသုံးပြုခြင်း
ခေါင်းဖြီးတဲ့အခါ ဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းဖြီးကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။ သင့်ဆံပင်က လှိုင်းကောက်ဖြစ်နေရင်၊ ဆံပင်ကောက်သူဆိုရင် paddle ခေါင်းဘီးကို ရွေးသင့်ပါတယ်။
Paddle ခေါင်းဘီးက ဆံသားငြိတာတွေကို လွယ်လွယ်ကူကူ ရှင်းပေးပါတယ်။ သင်က ဆံသားကောင်းပြီး ဆံပင်မထူသူဆိုရင်တော့ ဝက်မှင်ဘီးက ပိုကောင်းပါတယ်။
၄။ မကြာခဏခေါင်းဖြီးခြင်း
တစ်နေ့ကို အကြိမ်ပေါင်းများစွာ ခေါင်းဖြီးခြင်းက ဆံသားကျိုးတာ၊ အားနည်းတာကို ဖြစ်စေပါတဘ်။ အဲဒါကြောင့် ခဏခဏမဖြီးဘဲ တစ်ခါဖြီးတိုင်း ထိထိရောက်ရောက်ဖြီးဖို့ပဲ လိုအပ်တာပါ။ ဒါ့အပြင် ခေါင်းဖြီးကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။
၅။ ဆံပင်စိုနေချိန်ရော ခြောက်သွေ့နေချိန်မှာပါ ခေါင်းဖြီးတစ်မျိုးတည်းကို အသုံးပြုခြင်း
ဆံပင်က စိုနေချိန်မှာ အားနည်းပြီး ကျွတ်လွယ်၊ ကျိုးလွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်စိုနေချိန်မှာ ခေါင်းဖြီးရင် အသွားကျဲတဲ့ခေါင်းဖြီးကို ရွေးသင့်ပါတယ်။ အသွားကျဲတဲ့ခေါင်းဖြီးကြောင့် ဆံသားငြိမှာ၊ ရှုပ်သွားမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။
၆။ ဆံပင်ကို ဆီမထည့်ဘဲ ဖြီးခြင်း
ဆံပင်ကောက်သူတွေကို ခေါင်းဖြီးတဲ့အခါမှာ ဆီလိမ်းပြီးမှ ခေါင်းဖြီးသင့်ကြောင့် ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ဒါမှမဟုတ် leave-in detangler ကို လိမ်းပြီးတော့လည်း ခေါင်းဖြီးလို့ရပါတယ်။ မကြာခဏခေါင်းဖြီးတာက ဆံသားတွေကို ကျိုးပျက်စေပါတယ်။
၇။ ခေါင်းမလျှော်ခင်မှာ ခေါင်းမဖြီးခြင်း
ခေါင်းမလျှော်ခင်မှာ ခေါင်းဖြီးတာက ဆံသားငြိတာ၊ ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ ခေါင်းလျှော်ရည်ကို ဆံသားမှာ ထည့်ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ဆံပင်ကို တဘက်နဲ့ ခဏကြာပေါင်းထားပါ။ အဲဒီနောက်မှာမှ ဆံပင်ကို ထပ်ဖြီးပေးပါ။
Zombie (lovemedia)
0 Comments