ထူထဲလှပတဲ့ဆံပင်ကို ရဖို့အတွက် ချက်ချင်းမရနိုင်တာကြောင့် အမြဲတမ်းဂရုစိုက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ပျမ်းမျှအားဖြင့် ဆံပင်က တစ်လကို ဝ.၅ လက်မခန့် ရှည်ပါတယ်။
ဒီနှုန်းအတိုင်းဆိုရင် ဆံပင်က တစ်နှစ်ကို ၆ လက်မလောက် ရှည်လာပါတယ်။ အဲဒါကြောင့် ဆံပင်ရှည်မြန်လာစေဖို့၊ ဆံပင်ထူ မြန်လာစေဖို့ လျှို့ဝှက်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကြက်သွန်နီအရည်
ကြက်သွန်နီက အနံ့ပြင်းပေမယ့် ဆံပင်အတွက် အကျိုးပြုပါတယ်။ ကြက်သွန်နီကို အရည်ရအောင်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးပါ။ ကြက်သွန်နီအရည်ကို တစ်နေ့နှစ်ကြိမ်ခန့် ပုံမှန်လိမ်းပေးရင် ဆံပင်ရှည်နှုန်းက ၂ ပတ်အကြာမှာ သိသာလာပါတယ်။
၂။ ဦးရေပြားကို နှိပ်နယ်ပေးပါ။
ဆံပင်အရှည်မြန်စေဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဦးရေပြားကို နှိပ်နယ်ပေးတာပါ။ နှိပ်နယ်ပေးတဲ့အခါ ဦးရေပြားက သွေးလည်မှု အားကောင်းလာပြီး ဆံပင်အရှည်မြန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
၃။ ရို့စ်မေရီဆီ
ရို့စ်မေရီဆီက ဆံပင်ထူစေရုံမကဘဲ ဆံပင်ကျန်းမာရေးကိုပါ တိုးတက်စေပါတယ်။ ရို့စ်မေရီကို ဆံပင်မှာ အများကြီးလိမ်းမိသွားရင်တောင် ဆိုးကျိုးမဖြစ်စေပါဘူး။ ဆံပင်ပါးသူတွေအတွက် ရို့စ်မေရီဆီက အရမ်းထိရောက်မှုရှိစေကြောင်း ၂၀၁၅ ခုနှစ်က လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
၄။ ခဏခဏ ခေါင်းလျှော်တာကို ရှောင်ကြဉ်ပါ။
တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ခေါင်းလျှော်တာက မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းခေါင်းလျှော်တာက ဆံပင်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆံပင်ကျန်းမာရေးအတွက် ၃ ရက်ကို တစ်ကြိမ်ခန့် ခေါင်းလျှော်ပေးရင် လုံလောက်ပါတယ်။
၅။ သန့်ရှင်းသောရေ
ဆံပင်ကို အများကြီးဂရုစိုက်ပေမယ့် ရေမသန့်တဲ့အခါ ဘာမှအရာမထင်လာနိုင်ပါဘူး။ မသန့်ရှင်းတဲ့ရေတွေမှာ သဲတွေနဲ့ ဆံပင်ကျွတ်စေတဲ့ အခြားအရာတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ထူထဲတောက်ပတဲ့ ဆံပင်ဖြစ်စေဖို့ ရေကိုလည်း ဂရုစိုက်သင့်ပါတယ်။
၆။ ခေါင်းဖြီးပါ။
မအိပ်ခင် ခေါင်းဖြီးတာက ဆံပင်ငြိတာတွေ၊ ရှုပ်နေတာတွေကို သက်သာသွားစေပါတယ်။ ဆံပင်ကျိုးတာတွေလည်း နည်းပါးသွားစေပါတယ်။ ခေါင်းဖြီးတဲ့အခါ အသွားကြဲတဲ့ သစ်သားခေါင်းဘီးကို အသုံးပြုပါ။
ခေါင်းဖြီးတဲ့အခါမှာ ဆံပင်အဖျားပိုင်းကနေ စဖြီးပြီးမှ ဆံပင်အရင်းပိုင်းကို ဖြီးပေးပါ။ ဆံပင်မရှုပ်တော့တဲ့အခါ ဆံပင်ရှည်တာလည်း မြန်လာပါတယ်။
Zombie (lovemedia)
0 Comments