ရှေးခေတ်တွေတုန်းက ခေါင်းအုံးတွေကို ကျောက်တုံးတွေနဲ့ လုပ်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ ပိုမိုပျော့ပျောင်းအောင် ပြုလုပ်လာပြီး အိပ်စက်ရတာလည်း အဆင်ပြေအောင် လုပ်လာကြပါပြီ။
ဒါပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက်က မတူညီတာကြောင့် ခေါင်းအုံးတိုင်းနဲ့လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒါကြောင့် သင်ကခေါင်းအုံးတစ်လုံးဝယ်ဖို့ စဉ်စားနေတယ်ဆိုရင်တော့ ဒီစာက သင့်အတွက်ပါပဲ။
အိပ်စက်မှု ပုံစံများ
သင်အိပ်တဲ့ အနေအထားကို သိပြီးတာနဲ့ သင့်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ ခေါင်းအုံးကို ရွေးနိုင်ပါတယ်။ လူအများစုအိပ်စက်တတ်တဲ့ ပုံစံ ၃မျိုးရှိပါတယ်။
- မှောက်အိပ်ခြင်း
- ပက်လက်အိပ်ခြင်း
- တစောင်းအိပ်ခြင်း
မှောက်အိပ်ခြင်း
သင့်လည်ပင်းနှင့် ကျောရိုးကို အလွန်အမင်း တင်းမာမှုမရှိစေဖို့ ပျော့ပျောင်းတဲ့ခေါင်းအုံးနဲ့ အိပ်ပါ။ မှောက်အိပ်တာက စိတ်ဖိစီးမှုအရှိဆုံး အနေအထားပါ။ တတ်နိုင်ရင် တခြားအနေအထားနဲ့ အိပ်နိုင်အောင် လေ့ကျင့်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
- အမွေးတွေနဲ့ လုပ်ထားတဲ့ ခေါင်းအုံးကို သုံးပါ။
- အရမ်းမပြည့်တဲ့ နူးညံ့တဲ့ ခေါင်းအုံးကို ရွေးပါ။
- သင့်အစာအိမ်နှင့် တင်ပါးဆုံရိုးအောက်မှာ ခေါင်းအုံးထားရင် ခါးနာခြင်းတွေ မဖြစ်တော့ပါဘူး။
ပက်လက်အိပ်ခြင်း
ပက်လက်အိပ်သူတွေအတွက် အကောင်းဆုံးခေါင်းအုံးကတော့ လည်ပင်းနှင့် ဦးခေါင်းကို ထောက်ပံ့ပေးနိုင်တဲ့ ခေါင်းအုံးမျိုးပါ။ သဘာဝအတိုင်း အိပ်စက်တဲ့ အနေအထားကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
- အခေါင်းပေါက် ဖိုင်ဘာ ဒါမှမဟုတ် သိုးမွှေးဖြည့်ထားတဲ့ ခေါင်းအုံးကို ရွေးပါ။
- အလယ်အလတ်အထူရှိတဲ့ ခေါင်းအုံးကို ရွေးကြည့်ပါ။ သိပ်ပြီး မပြားလွန်းသင့်ပါဘူး။
တစောင်းအိပ်ခြင်း
ဒီအနေအထားအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ ကျောရိုးညီနေစေဖို့အတွက် လုံလောက်တဲ့အမြင့်ရှိတဲ့ ခေါင်းအုံးကို ရွေးသင့်ပါတယ်။ လိုအပ်ပါက လည်ပင်းကိုထောက်ထားပေးတဲ့ ခေါင်းအုံးကို ကြည့်ပါ။
- မာတဲ့ ခေါင်းအုံးကို ရွေးပါ။ Memory Foam က ပိုကောင်းပါတယ်။
- သင့်ပခုံးပေါ်က ဖိအားတွေကို သက်သာစေဖို့ ပိုပြည့်ခေါင်းအုံးကို ရွေးပါ။
- သင့်နားနှင့် ပခုံးကြားက အကွာအဝေးအတိုင်း အထူရှိတဲ့ ခေါင်းအုံးကို ရှာပါ။
ဖြည့်လို့ရတဲ့ ခေါင်းအုံး
ခေါင်းအုံးကိုဖြည့်တဲ့နေရာမှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ သဘာဝအတိုင်း ထည့်လို့ရတာနဲ့ ဓာတုပစ္စည်းတွေ ထည့်လို့ရတာမျိုးပါ။ သဘာဝအတိုင်း ထည့်လို့ရတာတွေက ဓာတ်မတည့်သူတွေအတွက် ကောင်းမွန်ပြီး ၇ နှစ်ကနေ ၁၀ နှစ်ခန့် ကြာရှည်ခံပါတယ်။ ဓာတုပစ္စည်းထည့်ရတာတွေက ၆ လကနေ ၂ နှစ်အထိပဲ ခံပါတယ်။ ပြီးတော့ ဓာတ်မတည့်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
Synthetic ဖြည့်သွင်းမှုများ
Polyfill
ပျော့ပျောင်းပြီး နှင့် ခိုင်ခံ့တဲ့ ခေါင်းအုံးတွေမှာ သုံးနိုင်ပါတယ်။ ပါးလွှာတဲ့ အမျှင်တွေဖြစ်ပြီး အလွယ်တကူ မကြေမွနိုင်ပါဘူး။
ရေမြှုပ် (Polyfoam၊ latexfoam နှင့် memory foam)
ဝယ်လို့လွယ်ပြီး အလွယ်တကူ ခေါက်သိမ်းနိုင်ပါတယ်။ လျှော်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ခေါင်းအုံးမှာမဆို ထည့်သွင်းနိုင်ပါတယ်။
Hollowfibre
50/50 polyester နှင့် hollowfibres တို့နဲ့ ပြုလုပ်ထားတာကြောင့် ခေါင်းအုံးသုံးရတာ သက်တောင့်သက်သာဖြစ်စေပါတယ်။
သဘာဝအတိုင်းဖြည့်ခြင်း
သိုးမွှေး
ထူပြီး သဘာဝအမျှင်တစ်ခုဖြစ်တဲ့အပြင် hypoallergenic ဖြစ်တာကြောင့် ဓာတ်မတည့်မှုခံစားရသူတွေအတွက် အထူးသင့်လျော်ပါတယ်။ လေဝင်လေထွက်လည်း ကောင်းပါတယ်။
ငှက်မွေး
ခေါင်းအုံးကို ပျော့ပျောင်းပြီး သုံးရတာ အရမ်းကို နူးညံ့ပါတယ်။ လေဝင်လေထွက်လည်း ကောင်းသလို ဆေးကြောဖို့လည်း လွယ်ကူပါတယ်။
Buckwheat
ခိုင်ခံ့ပေမယ့်လည်း ပျော့ပျောင်းပါတယ်။ လည်ပင်းနာတာကို သက်သာစေချင်တဲ့သူတွေအတွက် အသုံးပြုနိုင်ပါတယ်။
အိပ်စက်ခြင်းနဲ့ ကျောရိုး
ဘယ်ခေါင်းအုံး အမျိုးအစားနဲ့ အိပ်သင့်လဲဆိုတာ အရေးပါသလို ခေါင်းအုံး က ဘာကြောင့် အရမ်း အရေးကြီးလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ခေါင်းအုံးပုံစံမမှန်ရင် ကျောရိုးမှာရှိတဲ့ ပျော့ပျောင်းတဲ့တစ်ရှူးတွေက ကောင်းကောင်းအလုပ် မလုပ်တော့တာကြောင့် အနားယူဖို့ လိုအပ်ပါတယ်။
သင့်ခန္ဓာကိုယ် ကောင်းစွာ အလုပ်လုပ်နေစေဖို့အတွက် အနားယူသင့်ပါတယ်။ ကျောရိုးက ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကြားမှာရှိတဲ့ တံခါးပေါက်တစ်ခုလို့ တွေးကြည့်ပါ။ ဒါကြောင့် ဂရုစိုက်ဖို့ လိုအပ်ပြီး ဒီတစ်ရှူးတွေ အနားယူတဲ့အခါမှသာ ပိုပြီးအိပ်ပျော်သွားမှာပါ။
Zombie (lovemedia)
0 Comments