အသက်အရွယ်၊ စိတ်ဖိစီးမှု၊ ထပ်ခါထပ်ခါဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ခံစားချက်၊ မျိုးရိုးဗီဇ၊ နေရောင်ခြည်နဲ့ထိတွေ့မှု စတဲ့အကြောင်းအချက်တွေကြောင့် အရေးအကြောင်းတွေက ဖြစ်ပေါ်လာပါတယ်။
နဖူးပေါ်မှာ အရေးအကြောင်းတွေကို လုံးဝပျောက်သွားအောင် ဖယ်ရှားလို့မရပါဘူး။ ဒါပေမယ့် အချို့သော သဘာဝနည်းလမ်းတွေနဲ့ အရေးအကြောင်းတွေကို မှေးမှိန်သွားအောင် ပြုလုပ်နိုင်ပါတယ်။
၁။ ငှက်ပျောသီး
ငှက်ပျောသီးက အသားအရေ လှပချင်သူတွေအတွက် အရမ်းကို သင့်တော်ပါတယ်။ ငှက်ပျောသီးမှာ သဘာဝအဆီတွေ ပါဝင်ပါတယ်။ ငှက်ပျောသီးတစ်လုံးကို ချေလိုက်ပါ။ ပြီးတော့ နဖူးပေါ်မှာ လိမ်းထားပြီး မိနစ် ၂၀ ခန့်ထားပေးပါ။ အဲဒီနောက် ရေနွေးနဲ့ ရေဆေးချလိုက်ပါ။ အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုကို နဖူးမှာ လိမ်းပေးပါ။
၂။ အချဉ်ပါဝင်တဲ့ အသီးများ
အချဉ်ဓာတ်ကြွယ်ဝတဲ့အသီးတွေမှာ ဗီတာမင် E နဲ့ C ပါတာကြောင့် အသားအရေကို ချောမွေ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီးစတဲ့ အချဉ်ဓာတ်များပြားတဲ့ အသီးတစ်မျိုးကို ခပ်ပါးပါးပိုင်းဖြတ်ပြီး နဖူးမှာ ၁၀ မိနစ်ခန့်ကပ်ထားပေးပါ။ ဒီနည်းက အလုပ်မရှုပ်တဲ့အပြင် အရမ်းကို ထိရောက်တဲ့နည်းပါပဲ။
၃။ သဘာဝအဆီများ
အုန်းဆီနဲ့ သံလွင်ဆီက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး တင်းရင်းလှပါစေပါတယ်။ အသားအရေခြောက်သွေ့သူတွေမှာ အရေးအကြောင်းတွေက ပိုဖြစ်ပါတယ်။ နဖူးကို အစိုဓာတ်ပြည့်ဝအောင် ဖြည့်ထားတဲ့အခါ အရေးအကြောင်းတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။
အုန်းဆီ သို့မဟုတ် သံလွင်ဆီကို မအိပ်ခင်မှာ နဖူးမှာ လိမ်းပေးပါ။ အဲဒီနောက် စိမ့်ဝင်သွားစေဖို့ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ အုန်းဆီနဲ့ သံလွင်ဆီကို ရောပြီး လိမ်းလို့လည်း ရပါတယ်။
၄။ ကြက်ဥ
ကြက်ဥတစ်လုံးနဲ့ ပျားရည်အနည်းငယ်ကို ရောမွှေလိုက်ပါ။ အဲဒီနောက် နဖူးမှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီးတဲ့အခါ ရေအေးနဲ့ ဆေးချပေးပါ။ ကြက်ဥနဲ့ ပျားရည်က အသားအရေကို စိုစိုဝင်းဝင်းနဲ့လှပစေပြီး အရေးအကြောင်းတွေကိုလည်း မှေးမှိန်သွားစေမှာပါ။
၅။ နဖူးလေ့ကျင့်ခန်းများ
- မျက်လုံးနားမှာ လက်ကို C ပုံစံ ပြုလုပ်ပါ။
- အဲဒီအနေအထားအတိုင်း ၅ စက္ကန့်ကြာအောင် ထားပါ။
- ပြီးနောက်မှာတော့ လက်ကို အပေါ်ဘက်နဲ့ အောက်ဘက်ကို ဖြန့်ကျက်ပြီး နှိပ်နယ်ပေးပါ။
ဒီနည်းကို တစ်နေ့ ၅ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments