မူးမေ့ခြင်းက လူအများစုမှာ ဖြစ်တတ်ပြီး ဘာအကြောင်းပြချက်မှမရှိဘဲ ဖြစ်တတ်တဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သောအခြေအနေတွေကလည်း မူးမေ့ခြင်းကို ဖြစ်စေတတ်ပါတယ်။
ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရေဓာတ်ခန်းခြောက်လွယ်ခြင်းကြောင့် မူးမေ့လဲသွားတတ်ပြီး ရုတ်တရက် ထိတ်လန့်ခြင်း ဒါမှမဟုတ် နာကျင်မှုကိုခံစားရသူတွေက အချိန်တိုအတွင်း သတိလစ်သွားနိုင်ပါတယ်။
တစ်စုံတစ်ယောက်က မူးမေ့လဲတော့မယ် ဆိုတာကို ပြောရခက်ပေမယ့်လည်း ရှေ့ပြေးလက္ခဏာတွေအနေနဲ့ မကြာခဏ မောခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
၁။ လူကို ဘေးကင်းအောင်ထားပါ။
- မူးလဲသွားသူကို ညီညာပြန့်ပြူးတဲ့ ကြမ်းပြင်ပေါ် လှဲချလိုက်ပါ။
- အသက်ရှူမရှူ စစ်ဆေးပါ။
- ဦးနှောက်ကို သွေးစီးဆင်းမှု ပြန်လည်ရရှိစေဖို့ ခြေထောက်တွေကို မြှောက်ထားပါ။
- တကယ်လို့ မေ့လဲသွားတဲ့လူက ကော်လံ၊ ခါးပတ် ဒါမဟုတ် တင်းကျပ်တဲ့အဝတ်အစားတွေ ဝတ်ထားရင် ချွတ်ပေးပါ။
၂။ အသက်ပြန်ရှူအောင် လုပ်ပါ။
- လေကောင်းလေသန့် များများရအောင်လုပ်ပါ။ ပြတင်းပေါက်ဖွင့်ပါ ဒါမှမဟုတ် အခြားလူတွေကို ဝေးဝေးမှာနေခိုင်းပါ။
- လဲကျသွားတဲ့လူက အစာမစားနိုင်ဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ဖို့ သစ်သီးဖျော်ရည် ဒါမှမဟုတ် ချိုမြိန်တဲ့အရာတစ်ခုခု ပေးပါ။
၃။ ဘေးတစ်စောင်းနေခိုင်းပါ။
အော့အန်ခြင်း ဒါမှမဟုတ် ပါးစပ်ကနေ သွေးထွက်လာတယ်ဆိုရင် တစ်ဖက်ကိုစောင်းပေးထားပါ။
၄။ နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကို ခေါ်ပါ။
ပုံမှန်အားဖြင့် မူးလဲနေတဲ့သူက စက္ကန့် ၂၀ အတွင်း ပြန်နိုးလာတတ်ပါတယ်။ တကယ်လို့ အခြေအနေပိုဆိုးလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်ကို ခေါ်သင့်ပါတယ်။
- တစ်လကို တစ်ကြိမ်ထက်ပိုပြီး မူးလဲတတ်ခြင်း
- ကိုယ်ဝန်ရှိနေခြင်း၊ နှလုံးရောဂါရှိခြင်း ဒါမှမဟုတ် တခြားပြင်းထန်တဲ့ ရောဂါတစ်ခုခုခြင်း
- နှုတ်ခမ်းပြာလာခြင်း
- ခေါင်းကို ထိလိုက်တိုင်း တရိပ်ရိပ်မူးလာခြင်း
စတဲ့အခြေအနေတွေမှာ ဆရာဝန်ကို ခေါ်သင့်ပါတယ်။
Bonus
တစ်ယောက်ယောက် မူးမေ့လဲသွားတဲ့အခါ မလုပ်သင့်တဲ့အချက်များ
ရုပ်ရှင်တွေထဲမှာပါတဲ့ နည်းအတိုင်း မူးလဲသွားတဲ့လူကို ပြန်သတိရအောင် မလုပ်သင့်ပါဘူး။ ဘယ်လိုတွေလဲဆိုတော့
- မေ့လဲနေသူကို ပါးရိုက်ခြင်း သို့မဟုတ် လှုပ်ယမ်းခြင်း
- မျက်နှာပေါ်ကို ရေလောင်းခြင်း
- ကပ်အော်ခြင်း
- ခေါင်းအုံးတစ်လုံးကို ခေါင်းအောက်မှာထားခြင်း စတဲ့အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments