အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်ကောက်ကြောင်းအလှပေါ်လွင်အောင် ဝတ်ဆင်နည်း (၇) ခု

အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင်အလှကိုယ်စီ ရှိကြပါတယ်။ ၃၆-၂၄-၃၆ အချိုးအစားရှိရမယ်ဆိုတဲ့ စံနှုန်းကို အချို့တွေက ယနေ့ခေတ်ထိ လက်ခံထားကြသလို အလှအပစံနှုန်း အသစ်တွေကလည်း ပေါ်ထွက်ဆဲပါပဲ။

ဒါပေမယ့် ခန္ဓာကိုယ်ကောက်ကြောင်းကတော့ အမြဲတမ်း ဆွဲဆောင်မှု ရှိပါတယ်။ အဲဒါကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်လှပစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Shaper

Shaper တွေက ခန္ဓာကိုယ်ရဲ့ကောက်ကြောင်းကို ပေါ်လွင်စေဖို့ အများကြီး အကူအညီပေးနိုင်ပါတယ်။ Shaper ဝတ်ပြီး အပေါ်ကနေ အဝတ်အစားတွေ ထပ်ဝတ်လိုက်ရင် ချပ်ချပ်ရပ်ရပ်နဲ့ ပိုပြီး ကြည့်ကောင်းသွားစေပါတယ်။

၂။ ခါးမြင့်ဘောင်းဘီ

အနည်းငယ်လေး ‌ဗိုက်ပူနေတာက စိတ်ပျက်စရာ မဟုတ်ပါဘူး။ ခါးမြင့်တဲ့ဘောင်းဘီတွေကို ရွေးဝတ်လိုက်ရင် ခါးသိမ်တာလေး ပေါ်သွားပြီး ဗိုက်အဆီတွေကိုလည်း ‌ဖုံးအုပ်ပြီးသားဖြစ်စေပါတယ်။ ခါးမြင့်ဘောင်းဘီတွေနဲ့အတူ ခါးတိုအင်္ကျီလေးတွေကိုပါ ရွေးချယ်ဝတ်ပါ။

၃။ ရှပ်ကို စည်းပြီး ဝတ်ပါ။

ခန္ဓာကိုယ်ကို တဖြောင့်တည်းမဖြစ်စေဘဲ ကောက်ကြောင်းပေါ်လွင်စေဖို့ တီရှပ်ဝတ်တဲ့အခါ စည်းပြီးတော့ဝတ်ပါ။ တီရှပ်စည်းပြီး ဝတ်တဲ့အခါ ခါးမြင့်တဲ့ဘောင်းဘီကိုလည်း ရွေးချယ်လို့ရပါတယ်။

၄။ အသားကပ်ဘောင်းဘီ

စကတ်အတို၊ ဘောင်းဘီတိုဝတ်တဲ့အခါ ပေါင်ပွန်းတာကို သက်သာစေဖို့ အသားကပ်ဘောင်းဘီကို ဝတ်ပါ။ အသားကပ်ဘောင်းဘီကို ဝတ်တဲ့အခါ ပေါင်ပွန်းတာ သက်သာရုံမက ခန္ဓာကိုယ်အလှကိုလည်း ပိုပေါ်စေပါတယ်။ မလှမပဖြစ်နေတဲ့ အဆီတွေကိုလည်း ဖုံးကွယ်ပြီးသားဖြစ်စေပါတယ်။

၅။ ဆွယ်တာ

ဆွယ်တာဝတ်တဲ့အခါမှာ ဘောင်းဘီ သို့မဟုတ် စကတ်ထဲကို ထည့်ပြီး ဝတ်ပါ။ သင်က ဝတဲ့သူဆိုရင် ဆွယ်တာဝတ်လိုက်ရင် တဖြောင့်တည်းဖြစ်ပြီး ပိုဝသလို ဖြစ်သွားစေမှာပါ။ အဲဒါကြောင့် ဆွယ်တာကို ဘောင်းဘီထဲ ထည့်ဝတ်ရင် ခန္ဓာကိုယ်အလှက ပိုပေါ်လွင်ပါတယ်။

၆။ ခါးပတ်

ဂါဝန်အရှည်ကြီးတွေ ဝတ်တဲ့အခါ ခါးပတ်ပတ်လိုက်ရင် အလှက ပိုပြီးပြည့်စုံသွားပါတယ်။ ခါးပတ်ပတ်တာက သင့်ကို အရပ်ရှည်တယ်လို့ ထင်ရစေပါတယ်။

၇။ ပွယောင်းယောင်းအဝတ်အစား၏

အမျိုးသမီးတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှကြပါတယ်။ အဲဒါကြောင့် သင့်ဗိုက်က အဆီအခေါက်တွေကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ အဆီတွေကို ဖုံးကွယ်ချင်လို့ ပွယောင်းယောင်းအဝတ်အစားတွေ ဝတ်တာကမှ သင့်ကို ပိုပြီး ဝစေတာပါ။

အဲဒါကြောင့် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမယ့် အဝတ်အစားတွေကိုသာ ဝတ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments