အိပ်ရေးမဝတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ကျန်းမာရေးဆိုးကျိုး (၇) ခု

အိပ်စက်ခြင်းက ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး အိပ်တာမကောင်းသလို အိပ်ချိန်မလုံလောက်တာကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အဲဒါကြောင့် အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ရော စိတ်ကိုပါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မကြာခဏ အိပ်ပျော်သွားခြင်း

အိပ်ရေးမဝတဲ့သူက အရေးကြီးတဲ့အလုပ်လုပ်နေချိန်၊ ကားမောင်းနေချိန်၊ စာသင်နေချိန်တို့မှာတောင် သူကိုယ်တိုင် မသိလိုက်ဘဲ အိပ်ပျော်သွားတတ်ပါတယ်။ အိပ်ပျော်သွားချိန်ကလည်း အချိန်ခဏပဲ ကြာမြင့်ပြီး ခဏခဏအိပ်ပျော်သွားတာပါ။ ဒီလိုအိပ်ပျော်သွားတတ်တာက အရမ်းကို အန္တရာယ်ရှိပါတယ်။

၂။ အသားအရေကို ထိခိုက်စေခြင်း

အိပ်ရေးမဝတဲ့အခါမှာ ကော်တီဇောဟော်မုန်းတွေ ထုတ်လုပ်မှုများပြီး ကော်လဂျင်တွေကို ဖျက်ပစ်လိုက်ပါတယ်။ ကော်လဂျင်က အသားအရေကို နုပျိုစေတဲ့အရာပါ။ အဲဒါကြောင့် အိပ်ရေးဝဝအိပ်တာက အသားအရေကို လှပအောင် ဂရုစိုက်တာနဲ့ အတူတူပါပဲ။

၃။ ဆုံးဖြတ်ချက်တွေ တုံ့ဆိုင်းလာခြင်း

အိပ်ရေးမဝတဲ့အခါမှာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ အဲဒါကြောင့် အချို့ကိစ္စတွေမှာ ကောင်းစွာမစဉ်းစားနိုင်တော့ဘဲ ဝေခွဲမရဖြစ်လာပါတယ်။ ဆုံးဖြတ်ရမယ့်အရာတွေကိုလည်း တွေဝေပြီး ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။

၄။ စိတ်ခံစားမှုပိုလာခြင်း

အိပ်ရေးမဝတဲ့အခါ မကောင်းတဲ့စိတ်ခံစားချက်တွေကို ပိုပြီးရရှိလာပါတယ်။ မကြာခဏစိတ်တိုလွယ်လာပြီး အာရုံစုစည်းဖို့လည်း အားနည်းလာတတ်ပါတယ်။ အဲဒါကြောင့် အိပ်ရေးဝဝအိပ်ခြင်းက စိတ်ကျန်းမာဖို့ အကျိုးပြုပါတယ်။

၅။ စိတ်အာရုံချောက်ချားခြင်း

အိပ်ရေးမဝတဲ့ညတဲ့များတဲ့အခါမှာ စိတ်ထဲမှာ ထင်ယောင်ထင်မှားတွေ ဖြစ်လာပါတယ်။ အိပ်နေပေမယ့်လည်း နိုးနေသလို ခံစားရပြီး အိပ်မက်လား၊ အပြင်မှာလားဆိုတာကို ဝေခွဲမရဖြစ်လာပါတယ်။ ဒါ့အပြင် မရှိတဲ့အရာတွေကို မြင်ရတာ၊ အသံတွေကို ကြားယောင်တာမျိုးကိုလည်း ကြုံရတတ်ပါတယ်။

၆။ ဦးနှောက်ကို ထိခိုက်စေခြင်း

အိပ်ရေးမဝခြင်းက ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးမဝတဲ့အခါ ဦးနှောက်က ကျုံ့သွားပါတယ်။ ဦးနှောက်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အိပ်စက်ချိန်ပြည့်ပြည့်ဝဝ လိုအပ်ပါတယ်။

၇။ ကိုယ်အလေးချိန်တိုးလာခြင်း

အိပ်ရေးမဝတဲ့အခါမှာ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကို လူတွေက ပိုပြီး စားမိသွားတတ်ကြပါတယ်။ လေ့လာချက်တွေအရ အိပ်ရေးမဝသူတွေက အချိုတွေကိုလည်း ပိုတောင့်တကြပါတယ်။ အဲဒါကြောင့် ကိုယ်အလေးချိန် မတက်ချင်သူတွေအတွက် အိပ်စက်ချိန်လုံလောက်ဖို့ အဓိကပါ။

Zombie (lovemedia)

Post a Comment

0 Comments