ကမ္ဘာတစ်ဝှမ်းလုံးမှာ ၂၀၃၀ ရောက်တဲ့အခါ အဝလွန်တဲ့ကလေးဦးရေက ၂၅၀ မီလီယံအထိ ရောက်မယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက ကလေးတွေကို အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားရောဂါတွေ ဖြစ်ပွားစေပါတယ်။
အဲဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ကလေးတွေ စားချင်လာအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သူတို့ကြိုက်ပြီးသားအစားအစာကို ပုံစံပြောင်းပြီး ကျွေးပါ။
ကလေးတွေက အသင့်စားအစားအစာတွေကို အရမ်းသဘောကျပါတယ်။ အသင့်စားအစားအစာတွေက ကလေးတွေအတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အဲဒါကြောင့် သူတို့ကြိုက်ပြီးသား အစားအစာတွေကို ကျန်းမာတဲ့အစားအစာနဲ့ ရောပြီးချက်ကျွေးတာ၊ ပုံစံပြောင်းပြီးချက်ကျွေးတာမျိုးကို ပြုလုပ်နိုင်ပါတယ်။
၂။ ပုံစံနဲ့အရွယ်အစားကို ပြောင်းလဲလိုက်ပါ။
ကလေးတွေက ပုံစံလှပတဲ့ အစားအစာတွေကို ပိုသဘောကျပါတယ်။ တိရစ္ဆာန်ပုံလေးတွေ၊ ကာတွန်းပုံလေးတွေ၊ ကိန်းဂဏန်း၊ စာလုံးပုံစံ စသဖြင့် အစားအစာတွေကို ပုံဖော်ကျွေးတာ၊ အရောင်လှလှလေးတွေနဲ့ ဖန်တီးပေးတာတွေက ကလေးတွေကို အကြိုက်တွေ့စေပါတယ်။ အရင်ကထက်တောင် ပိုပြီး စားလာမှာပါ။
၃။ သူတို့အကြိုက်တီဗွီဇာတ်ဆောင်တွေအကြောင်း ပြောပြပေးပါ။
ကလေးတွေကို အစားကျွေးရခက်ရင် သူတို့ အကြိုက်ဇာတ်ဆောင်တွေအကြောင်း မေးကြည့်ပါ။ ဥပမာ "လင်းနို့လူသားက နွားနို့ကြိုက်တယ်။ သားလည်း နွားနို့သောက်ကြည့်ပါလား၊ အရသာရှိတယ်" ဆိုပြီး သူတို့အကြိုက်ဆုံးကာတွန်း၊ ဇာတ်ဆောင်တွေလည်း အစားအသောက်ဂျီးမများကြောင်း ပြောပြပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ကျွေးလို့ရပါတယ်။
၄။ ဟင်းချက်တဲ့အခါ အတူတူချက်ပါ။
ကလေးတွေက မိဘတွေနဲ့ ဟင်းအတူတူချက်ရတာကို သဘောကျပါတယ်။ အဲဒါကြောင့် ဟင်းချက်ဖို့ ဈေးအတူတူဝယ်တာ၊ ဟင်းချက်တဲ့အခါ ကူညီပြင်ဆင်စေတာက ကလေးတွေအတွက် အစားအစာပေါ်မှာ ပိုပြီး စိတ်ဝင်စားလာစေပါတယ်။ ဒီနည်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုလည်း ကျွေးလို့ရပါတယ်။
၅။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။
ကလေးတွေက ကျောင်းက ပြန်လာတဲ့အခါမှာ ဗိုက်ဆာတတ်ကြပါတယ်။ အဲဒီလိုအချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ကျွေးဖို့ အကောင်းဆုံးပါပဲ။ ရိုးရိုးပုံစံနဲ့မကျွေးဘဲ အလှဆင်ပြီးကျွေးတာ၊ အသီးတွေကို ရေခဲချောင်းပုံစံဖော်ပြီး ကျွေးတာ စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
၆။ အသီးအနှံတွေကို ဖျော်ရည်အဖြစ်ပြောင်းလဲလိုက်ပါ။
ကလေးတွေက အသီးအနှံတွေကို ဒီတိုင်းပဲ စားရတာ သဘောမကျပါဘူး။ အဲဒါကြောင့် အသီးအနှံတွေကို ဖျော်ရည်အဖြစ် ပြောင်းလဲလိုက်ပြီး အရသာတွေ ထပ်ထည့်လိုက်ပါ။ အဲဒီအခါ နေ့စဉ်စားသင့်တဲ့ အသီးအနှံတွေကို တစ်ခါတည်းရရှိပြီးသား ဖြစ်စေမှာပါ။
၇။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေအကြောင်းကို ရှင်းပြပါ။
ကလေးတွေက အသီးအနှံ၊ အသီးအရွက်တွေကို သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် စားဖို့လိုအပ်တာကြောင့် စိတ်ရှည်ရှည်နဲ့ ရှင်းပြဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအစာတွေကို စားခြင်းဖြင့် ရလာမယ့်အကျိုးကျေးဇူးတွေကို ကလေးတွေသိထားတဲ့အခါ သူတို့ကိုယ်တိုင် လိုလိုလားလား စားချင်လာမှာပါ။
၈။ သူတို့ကြိုက်တဲ့အစားအစာနဲ့ မကြိုက်တဲ့ အစားအစာတွေကို နှိုင်းယှဉ်ပြပါ။
သင့်ကလေးက အစားစားချင်စိတ်မရှိရင် သူကြိုက်တဲ့အစားအစာနဲ့ မကြိုက်တဲ့ အစားအစာကို နှိုင်းယှဉ်ပြီး ရွေးချယ်ခိုင်းပါ။ အဲဒီအခါ ကလေးတွေ အစားပိုစားလာပါတယ်။ ဒီနည်းနဲ့လည်း သင့်ကလေးကို အသီးအရွက်တွေ စားလာအောင် ပြုလုပ်နိုင်ပါတယ်။
Zombie (lovemedia)
0 Comments