နားထဲမှာ ပိုးဝင်နေကြောင်း သတိပြုမိနိုင်မယ့် လက္ခဏာများ

နားထဲ ပိုးဝင်တာက ကလေးတွေမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာလည်း ဖြစ်လေ့ရှိကြပါတယ်။ ကိုယ်ခံအားနည်းသူတွေနဲ့ နားထဲ ပိုးဝင်သူတွေက ပိုပြီး ဂရုစိုက်သင့်ပါတယ်။

နားထဲမှာ ပိုးဝင်တယ်လို့ သတိထားမိတဲ့အခါ ကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။ အဲဒါကြောင့် နားထဲမှာ ပိုးဝင်နေကြောင်း သိရှိနိုင်မယ့် လက္ခဏာတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ယားယံခြင်း

နားထဲမှာ ပိုးဝင်တဲ့အခါ မသိမသာလေး စတင်ပြီးယားပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နားထဲမှာ မခံမရပ်နိုင်အောင် ယားယံလာပါတယ်။

၂။ နားအတွင်းနဲ့ အပြင်ဘက်မှာ နီမြန်းလာခြင်း

ပိုးဝင်ဝင်ချင်း နားအတွင်းဘက်မှာ စတင်ပြီး နီရဲလာပါတယ်။ နားနီရဲလာတာက သိလာလာပြီး နားအပြင်ဖက် နားရွက်အထိပါ နီမြန်းလာပါတယ်။

၃။ နာကျင်ခြင်း

အစပိုင်းမှာတော့ ပုံမှန်ဖြစ်နေကျ နာကျင်သလိုပဲ ခံစားရပါတယ်။ နနားရွက်ကို ဆွဲလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ နာကျင်မှုလိုပါ။ နောက်ပိုင်းမှာတော့ နားထဲမှာ တစ်ခုခု ပြည့်လာသလို ခံစားလာရပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ နားထဲသာမက မျက်နှာ၊ လည်ပင်းနဲ့ ဦးခေါင်းပါ နာကျင်သလို ဖြစ်လာပါတယ်။

၄။ နားထဲကနေ အရည်တွေ ထွက်လာခြင်း

နားထဲကနေ ထွက်လာတဲ့အရည်တွေမှာ အနံ့မပါဝင်ပါဘူး။ အစပိုင်းမှာတော့ ဖြည်းဖြည်းချင်းစီပဲ အရည်တွေက ထွက်ကျပါတယ်။ ပိုးဝင်တာက ဆက်ပြီး ပြင်းထန်နေသေးရင် နားထဲက အရည်တွေက ပိုများလာပါတယ်။

၅။ သဲသဲကွဲကွဲမကြားရခြင်း သို့မဟုတ် နားအူခြင်း

နားထဲပိုးဝင်တာ အရမ်းမပြင်းထန်တဲ့အခါမှာတော့ သဲသဲကွဲကွဲမကြားရတာ၊ နားအူတာကို ကြုံရလေ့မရှိပါဘူး။ ဒါပေမယ့် ပိုးဝင်တာက ဆိုးလာတဲ့အခါမှာတော့ ကြုံတွေ့ရတတ်ပါတယ်။

၆။ လည်ပင်းရောင်လာခြင်း

နားထဲပိုးဝင်တာကို မကုရသေးတဲ့အခါမှာတော့ လည်ပင်းက လင့်အဖုလေးတွေ ရောင်လာပြီး လည်ပင်းလည်း ရောင်လာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဖျားလာလေ့ရှိပါတယ်။

နားထဲပိုးမဝင်အောင် ဂရုစိုက်ခြင်း

၁။ နားထဲကို သန့်ရှင်းရေးလုပ်ဖို့ နားကြပ်တံနဲ့ အခြားအရာတွေကို မသုံးသင့်ပါဘူ။

နားကြပ်တံက နားထဲက နံရံတွေကို သန့်ရှင်းရေး လုပ်ပေးတာပါ။ ဒါပေမယ့် နားထဲကို ထိုးထည့်လိုက်ရင် နားဖာချေးတွေက အထဲကို ပိုရောက်သွားတတ်ပါတယ်။ ဒါ့အပြင် သော့၊ ဆံညှပ်၊ စက္ကူညှပ်တဲ့ကလစ်တို့ကို သုံးပြီးတော့လည်း နားကိုသန့်ရှင်းရေး မလုပ်သင့်ပါဘူး။

၂။ ရေကူးတဲ့အခါ ရေကူးဦးထုပ်ဆောင်းပါ။

ရေကူးထဲအခါ ရေကူးဦးထုပ်ဆောင်းတာက နားထဲကို ရေမဝင်ဖို့ ကာကွယ်ပေးပါတယ်။ ဒါမှမဟုတ် နားဆို့လေးတွေကိုလည်း အသုံးပြုလို့ရပါတယ်။

၃။ နားထဲကို ခြောက်သွေ့အောင် လေမှုတ်စက်ကို အသုံးပြုပါ။

နားထဲကို ရေဝင်ပြီးတဲ့အခါမှာ ရေတွေ ထွက်သွားအောင် ခေါင်းကို စောင်း၊ နားရွက်ကို ဆွဲပြီး ထုတ်ပါ။ နားထဲကရေတွေကို ထုတ်ပြီးတဲ့အခါမှာ နားထဲမှာ ခြောက်သွေ့သွားအောင် လေမှုတ်စက်နဲ့မှုတ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments