Dating app တွေသုံးပြီး ရည်းစားထားမယ်ဆိုရင် သတိထားသင့်တဲ့အချက် (၈) ချက်

မကြာသေးမီက စာရင်းဇယားတွေအရ တစ်ကမ္ဘာလုံးက လူပေါင်း ၃၂၃ သန်းခန့်ဟာ သူတို့ရဲ့ဖုန်းတွေကနေတစ်ဆင့် dating appတွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာ ဒီလိုအက်ပ်တွေက အရမ်းခေတ်စားလာခဲ့ပြီး လူတွေကြားထဲမှာလည်း အတော်ကို အသုံးဝင်နေပါတယ်။ ဒါကြောင့် သင်လည်းအွန်လိုင်းပေါ်ကနေ ရည်းစားရှာမယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။

၁။ သူ့ရဲ့ နောက်ကြောင်းကို စုံစမ်းပါ။

အရင်ဆုံးလုပ်ရမယ့်အချက်ကတော့ သူ့အကြောင်းတွေကို သိဖို့ပါပဲ။ တချို့တွေက တခြားသူတွေရဲ့ ပုံတွေကို ယူသုံးနိုင်ပါတယ်။ အရမ်းချောမောလှပနေတယ်ဆိုရင် သူ့ရဲ့ အကြောင်းကို သေချာစုံစမ်းသင့်ပါတယ်။

၂။ သံသယဖြစ်ဖွယ် ပရိုဖိုင်များကို ရှောင်ပါ။

အချို့သောပရိုဖိုင်တွေမှာ ပုံတစ်ပုံတောင် မတင်ထားပဲ ကိုယ်ရေးအချက်အလက်တွေကလည်း ဘာမှဖြည့်မထားကြပါဘူး။ တခြားဆိုရှယ်မီဒီယာအကောင့်တွေနဲ့လည်း ချိတ်ဆက်ထားခြင်း မရှိတဲ့အပြင် ရွေးချယ်ထားတဲ့ ဝါသနာနှင့် ကြိုက်နှစ်သက်မှုတွေ မရှိဘူးဆိုရင် ရှောင်သင့်ပါတယ်။ အဲ့လိုအကောင့်တွေကို သတိထားပြီး ဆက်ဆံသင့်ပါတယ်။

၃။ သူပြောတာတွေ တကယ်ဟုတ်မဟုတ် စစ်ပါ။

တချို့လူတွေက အားကစားလုပ်ရတာကိုကြိုက်တယ်လို့ပြောပေမယ့် အားကစားလုပ်တဲ့ပုံ တစ်ပုံတောင်တင်မထားရင် မယုံကြည်သင့်တော့ပါဘူး။ သင်အပါအဝင် တခြားသူတွေကိုလည်း ဒီလိုမျိုးတွေ လိမ်လည်နေနိုင်ပါတယ်။

ဒီနောက်ကွယ်က အကြောင်းအရင်းကတော့ သင့်ရဲ့ယုံကြည်မှုကို ရဖို့အတွက် သင့်အကြိုက်လိုက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့က သင့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အများကြီးသိချင်ပြီး သူတို့ပေးပို့တဲ့လင့်ခ်တွေကတစ်ဆင့် Spyware တွေကိုတောင် ဖော်ထုတ်နိုင်ပါတယ်။

၄။ စစပိုင်းမှာ သင့်ရဲ့အကြောင်းတွေ အများကြီး မပြောပြပါနဲ့။

လူချင်းမတွေ့ဆုံမီ တစ်ဦးနှင့်တစ်ဦး အကြောင်းသိဖို့က အရေးကြီးပေမယ့်လည်း သင်ရဲ့ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်တိုင်းကို ပြောပြဖို့တော့ မလိုပါဘူး။ ဥပမာ သင့်အိမ် ဒါမှမဟုတ် သင့်လုပ်ငန်းခွင်လိပ်စာကို မပြောပါနဲ့။ သင်နှင့် သင့်လုပ်ငန်းအကြောင်းကို ပိုမိုလေ့လာနိုင်တာကြောင့် အီးမေးလ်လိပ်စာကိုလည်း ဖျောက်ထားသင့်ပါတယ်။

၅။ ငွေကြေးအကူအညီ မပေးပါနဲ့။

ချစ်တာကိုအကြောင်းပြပြီး 2019 ခုနှစ်ကနေ 2020 ခုနှစ်အတွင်း ဒေါ်လာ 304 သန်းကျော် လိမ်ခံခဲ့ရသူတွေရှိပါတယ်။ "ငွေကြေး အသည်းအသန် လိုအပ်နေလို့ပါ။ သိပ်မကြာခင်ပြန်ပေးမယ်" လို့ ပြောလာရင် ဒါမှမဟုတ် သင့်ကိုလာတွေ့ဖို့ ပိုက်ဆံခဏချေးပါဆိုရင် မချေးပေးပါနဲ့။ သင်မသိသေးတဲ့သူတစ်ယောက်ကို ပိုက်ဆံမပေးသင့်ပါဘူး။

၆။ လူချင်းအပြင်မှာ မတွေ့ခင် video chat အရင်ပြောပါ။

သင်က တစ်ဖက်လူကို အရမ်းသဘောကျပြီး လူချင်းတွေ့ဆုံဖို့ စဉ်းစားနေရင်တော့ video chatအရင်လုပ်သင့်ပါတယ်။ ဒါမှ သူတို့ကို အနီးကပ်မြင်ပြီး သူက တကယ်လား၊ အတုလားဆိုတာကို သိမြင်နိုင်စေမှာပါ။

video chatမှာ effect တွေ သုံးနိုင်ပေမယ့်လည်း အပြင်မှာသွားတွေ့တာထက်ဆိုင်ရင် သူ့အကြောင်းကိုအနည်းငယ်သိနိုင်ပါတယ်။ တကယ်လို့ သင်ခေါ်တာကို မကိုင်ရင်၊ လက်မခံဘူးဆိုရင်တော့ သူကအတုလား၊ အစစ်လားဆိုတာကို ခွဲခြားနိုင်ပါပြီ။

၇။ လူမြင်ကွင်းမှာပဲ တွေ့ပါ။

တကယ်လို့ တစ်စုံတစ်ဦးက သင့်အပေါ်မကောင်းတဲ့ အကြံအစည်ရှိရင် သူ့အိမ်ကိုပဲဖြစ်ဖြစ်၊ လူရှင်းတဲ့နေရာကိုပဲဖြစ်ဖြစ် ခေါ်ပါလိမ့်မယ်။ သင့်အတွက် ဘေးကင်းတယ်လို့ ခံစားရတဲ့ နေရာတစ်ခုမှာပဲတွေ့ဖို့ အကြံပြုလိုပါတယ်။

တစ်ခုခုမှားနေတယ်လို့ ခံစားရရင်လည်း အချိန်မရွေး ထပြန်နိုင်ပါတယ်။ သူ့ရဲ့ နေရာကို ဘယ်လောက်ပဲခေါ်နေပါစေ၊ လုံးဝလိုက်မသွားသင့်ပါဘူး။

၈။ စည်းတွေ၊ ဘောင်တွေကျော်လာရင် block လိုက်ပါ။

သင့်ကို ခြိမ်းခြောက်တာတွေ၊ ငွေညှစ်တာတွေကြုံလာရင် ချက်ချင်း တန်း block သင့်ပါတယ်။ အဆက်အသွယ်လည်း ထပ်မလုပ်သင့်သလို တခြားနည်းနဲ့ ဆက်သွယ်လာရင်လည်း လုံးဝလက်မခံပါနဲ့။ သူနဲ့ ပတ်သက်တာတွေအားလုံးကို ရှောင်ပြီး ထပ်မပတ်သက်မိအောင် နေပါ။

Zombie (lovemedia)

Post a Comment

0 Comments