မျက်ကွင်းညိုတာတွေကို ဖုံးကွယ်နိုင်ဖို့ မိတ်ကပ်လိမ်းခြယ်နည်း

မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ မျက်ကွင်းလေးတွေဟာ လူတိုင်းနီးပါးမှာ ရှိကြပါတယ်။ အိပ်ရေးပျက်တာများတဲ့အခါ၊ အစားအစာမှာ အာဟာရမမျှတတဲ့အခါ၊ စိတ်ဖိစီးမှုတွေများတဲ့အခါ မျက်ကွင်းညိုလာတတ်ပါတယ်။

အဲဒါကြောင့် မျက်ကွင်းညိုတာကို ဖုံးကွယ်နိုင်မယ့်နည်းလမ်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အဆင့် ၁

အရင်ဆုံးမျက်နှာကို ရေဓာတ်ဖြည့်ဖို့အတွက် moisturizer နဲ့ serum လိမ်းပေးပါ။ အဲဒီနောက် လိမ်းထားတာလေးတွေ ခြောက်သွားအောင် စောင့်လိုက်ပါ။

အဆင့် ၂

နောက်တစ်ဆင့်မှာတော့ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့အတွက် concealer ကိုအသုံးပြုပါ။ Concealer ကို မျက်လုံးအောက်ဖက်တစ်ဝိုက်မှာ လိမ်းပေးပါ။ အသားလတ်သူတွေအတွက်တော့ လိမ္မော်ရောင် သို့မဟုတ် မက်မွန်သီးရောင် concealer ကို အသုံးပြုပေးပါ။

အဆင့် ၃

ဒီအဆင့်မှာတော့ concealer ကို မျက်လုံးအောက်ဖက်မှာ ဖော့ သို့မဟုတ် ဘရက်ရှ်ကို အသုံးပြုပြီး လိမ်းပေးပါ။ Concealor မှာ light, medium, full ဆိုပြီး ရှိတာကြောင့် လိုအပ်သလို လိမ်းပေးနိုင်ပါတယ်။

အဆင့် ၄

နောက်ဆုံးမှာတော့ မျက်လုံးအောက်ဖက်နေရာကို ပေါင်ဒါပုတ်ပေးပါ။ အဲဒီအခါ မျက်လုံးအောက်မှာ မိတ်ကပ်က ကြာရှည်ခံပြီး ကွက်တာ၊ အဆီပြန်တာမျိုးလည်းမဖြစ်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments