ခြေထောက်ချိတ်ထိုင်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုးကျိုး (၅) ခု

ခြေထောက်ကို ချိတ်ထိုင်တာက သက်တောင့်သက်သာရှိတယ်လို့ ခံစားရစေပါတယ်။ ဒါပေမယ့် ခြေထောက်ကို ချိတ်ထိုင်တာက ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။

၁။ ခြေထောက်ကြွက်သွားတွေကို နာကျင်စေခြင်း

ခြေထောက်ကို အချိန်အကြာကြီး ချိတ်ထိုင်တဲ့အခါမှာတော့ ခြေထောက်ရဲ့နာဗ်ကြောတွေ ခဏဆိုင်းသွားတာကို ကြုံတွေ့နိုင်ရပါတယ်။ ခြေထောက်ကို မြှောက်လို့မရတာ၊ ကြွက်သားတွေ ထုံကျင်နေတာကို ခံစားရစေပါတယ်။

၂။ သွေးဖိအားတွေများလာခြင်း

လေ့လာချက်တွေအရ ခြေထောက်ကို ချိတ်ထိုင်တဲ့အခါ သွေးဖိအားတွေ များလာစေပါတယ်။ ဒါပေမယ့် သွေးဖိအားများလာတာက ခဏပါပဲ။ သင်က သွေးတိုးရောဂါရှိသူဆိုရင်တော့ ခြေထောက်ကို ချိတ်ပြီး မထိုင်သင့်ပါဘူး။

၃။ ကိုယ်နေဟန်ထားမမှန်ခြင်း

ခြေထောက်ချိတ်ထိုင်တာ တစ်နေ့ကို ၃ နာရီခန့်ရှိမယ်ဆိုရင်တော့ ကျောရိုးကို ထိခိုက်စေပြီး ကိုယ်နေဟန်ထားလည်း မမှန်ကန်နိုင်တော့ပါဘူး။ ကျောရိုးကြွက်သားတွေ ထုံကျင်တာကိုလည်း ခံစားရစေနိုင်ပါတယ်။

၄။ အဆစ်တွေမှာ နာကျင်လာခြင်း

ခြေထောက်ချိတ်ထိုင်တာက ကိုယ်နေဟန်ထားမမှန်ကန်ရုံမက အဆစ်တွေကိုပါ နာကျင်စေပါတယ်။ လည်ပင်း၊ တင်ပဆုံရိုး၊ ကျောနဲ့ ဒူးအဆစ်တွေမှာ နာကျင်မှုတွေကို ကြုံတွေ့လာရမှာပါ။ အထူးသဖြင့် ဒူးနာတတ်သူတွေမှာ ခြေထောက်ချိတ်ထိုင်တာကို ရှောင်ကြဉ်သင့်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်စဉ်မှာ ခြေကျင်းဝတ်ရောင်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ခြေထောက်ချိတ်ထိုင်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ခြေထောက်ချိတ်ထိုင်တာကြောင့် ခြေကျင်းဝတ်ရောင်ရမ်းတာနဲ့ ခြေထောက်ကြွက်သားနာကျင်တာကို ဖြစ်ပေါ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments