စိတ်အားငယ်တတ်သူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ နည်းလမ်း (၈) ချက်

လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးတာက ဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့အပြင် အောင်မြင်မှုနဲ့လည်း ဝေးကွာသွားစေပါတယ်။ အတိတ်က ပြဿနာတွေ၊ ငယ်ဘဝက စိတ်ဒဏ်ရာတွေ စတဲ့အရာများစွာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းပါးပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူအဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့အရာတွေကနေ ရုန်းထွက်လိုက်ပါ။

မိမိရဲ့အားငယ်စိတ်ကပဲ နောက်ကျကျန်စေခဲ့တာပါ။ အတွေးတွေထဲကနေ မရုန်းထွက်နိုင်ရင် ရှေ့ရောက်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် "မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မကိုက်ညီလောက်ဘူး၊ တစ်ယောက်ယောက်က ပိုလုပ်နိုင်ပါလိမ့်မယ်" ဆိုတဲ့အတွေးတွေကို ဖျောက်ပြီး "လုပ်ကိုလုပ်နိုင်တယ်" ဆိုတဲ့အတွေးတွေကိုသာ မွေးမြူပါ။

၂။ ကြောက်ရွံ့နေတဲ့အရာတွေကို ရင်ဆိုင်ပါ။

ကြောက်ရွံ့ရမယ့်အရာတွေကိုပဲ တွေးနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေက ပျောက်ဆုံးနေဦးမှာပါပဲ။ ကြောက်ရွံ့တဲ့အရာတွေကို ရှောင်ပြေးမယ့်အစား ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါ။ အဲဒီအခါ အရင်က ကြောက်ခဲ့တာတွေက ထင်သလောက် ကြောက်စရာ မကောင်းတော့ပါဘူး။

၃။ သင့်ကိုယ်သင် အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အားငယ်နေတာက ဘာမှ အကျိုးမရှိစေပါဘူး။ အားငယ်နေမယ့်အစား ကြိုးစားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ အင်တာနက်ပေါ်မှာ သင်တွေ့သမျှတိုင်းက အမြဲတမ်း အမှန်မဟုတ်နိုင်ပါဘူး။

၄။ ရဲရဲရင့်ရင့် နေထိုင်ပြောဆိုပါ။

စိတ်ဖိစီးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထင်သလောက် မပြီးမြောက်နိုင်ပါဘူး။ အဲဒါကြောင့် ယုံကြည်မှုရှိရှိ ရဲရဲရင့်ရင့် နေထိုင်ပြောဆိုပါ။ ဒါပေမယ့် အခြားသူတွေအပေါ်မှာ လေးစားမှုထားပြီး ဆက်ဆံဖို့ကလည်း အရေးကြီးပါတယ်။

၅။ စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

စိတ်နဲ့ခန္ဓာကိုယ် အမြဲကျန်းမာနေစေဖို့ သင့်တင့်မျှတတဲ့အစားအသောက်၊ လေ့ကျင့်ခန်း၊ အိပ်ချိန်၊ တရားထိုင်ခြင်းတို့ လိုအပ်ပါတယ်။ ဒီအချက် ၄ ချက်ကို ညီမျှအောင် ပြုလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာပါတယ်။ ဒါ့အပြင် အကောင်းမြင်စိတ်တွေ ပိုများလာပြီး ကောင်းတဲ့အရာတွေလည်း သင့်အနားကို ရောက်လာမှာပါ။

၆။ ကိုယ့်ကိုယ်ကိုယ် ချီးကျူးပါ။

အောင်မြင်မှုတစ်ခု ရလာပြီးတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ချီးကျူးဖို့၊ ဆုချဖို့ လိုအပ်ပါတယ်။ အရင်က မလုပ်နိုင်ဘူးလို့ ထင်ခဲ့တဲ့အရာတွေကို လုပ်နိုင်လာပြီဖြစ်တာကြောင့် ယုံကြည်မှုတွေလည်း ပိုတိုးလာစေပါတယ်။ စိတ်ဓာတ်ကျတဲ့အခါတိုင်းမှာလည်း အရင်က အောင်မြင်ခဲ့တာ၊ ကြိုးစားခဲ့တာတွေကို ပြန်လည်သတိရပြီး အားယူဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။

၇။ မျက်လုံးချင်း ဆက်သွယ်ပါ။

အခြားသူကို စကားပြောတဲ့အခါ မျက်လုံးကို ကြည့်ပြီးပြောဖို့ အစပိုင်းမှာတော့ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် အခြားသူရဲ့မျက်လုံးကို ရဲရဲရင့်ရင့်ကြည့်ပြီး စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းတိုးလာမှာပါ။ ပေါင်းသင်းဆက်ဆံရေးလည်း ပိုတိုးတက်လာစေပါတယ်။

၈။ အရည်အသွေးတိုးကို တိုးတက်အောင်ပြုလုပ်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့အတွက် မိမိရဲ့လိုအပ်ချက်တွေအကြောင်းကို စိတ်အေးအေးထားပြီး စဉ်းစားပါ။ အဲဒီနောက် လိုအပ်နေတဲ့ အရည်အချင်းတွေကို ဖြည့်ပါ။

ဒါ့အပြင် အသစ်အသစ်သော အရည်အသွေးတွေ တိုးတက်လာအောင်လည်း ကြိုးစားလေ့လာပါ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့စိတ်က ကပ်ပါလာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments