ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သေချာစွန့်ထုတ်နိုင်ပြီး အူထဲမှာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ရှိနေတယ်ဆိုရင် ကိုယ်ခံအားကောင်းမွန်နေမှာပါ။ ကိုယ်ခံအားကောင်းမွန်နေတာကြောင့် တုပ်ကွေးတွေကိုလည်း ကြောက်စရာမလိုတော့ပါဘူး။
အစားအစာအချို့က သွေးထဲက အဆိပ်အတောက်တွေကို သန့်ရှင်းပေးပြီး သွေးကြောပိတ်တာကို ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် ဘယ်လိုအစားအစာတွေက ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ပေးနိုင်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အသည်းအတွက် ထောပတ်သီး
ထောပတ်သီးက ကိုလက်စထရောနည်းပါးပြီး သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပါတယ်။ အသည်းထဲက အဆိပ်အတောက်တွေကိုလည်း ထောပတ်သီးက သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။ ထောပတ်သီးရဲ့နောက်ထပ်ကောင်းကျိုးတွေကတော့ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ချေကို နည်းပါးစေတာပါ။
၂။ ကိုလက်စထရောနည်းပါးစေတဲ့ နာနတ်သီး
နာနတ်သီးမှာ အဆီတွေကို လောင်ကျွမ်းစေတဲ့ bromelain ပါဝင်ပါတယ်။ နာနတ်သီးက ကိုလက်စထရောကိုလည်း နည်းပါးစေပြီး သွေးကြောပိတ်နေတာကိုလည်း ပြိုကွဲသွားအောင် လုပ်ဆောင်ပေးပါတယ်။ နာနတ်သီးကို သဘာအတိုင်းစားတာက ပိုပြီး အာနိသင်ရှိပါတယ်။
၃။ အသားအရေကြည်လင်ဖို့အတွက် ဂေါ်ဖီချဉ်
ဂေါ်ဖီချဉ်မှာ ပါဝင်တဲ့အချဉ်မှာ အမျှင်ဓာတ်တွေ ပါတာကြောင့် ဗိုက်ချပ်စေပါတယ်။ အသားအရေကိုလည်း ကြည်လင်စေပြီး ဝက်ခြံတွေကိုလည်း ကုသပေးနိုင်စွမ်းရှိပါတယ်။ ဂေါ်ဖီချဉ်စားတဲ့အခါမှာ ခန္ဓာကိုယ်က ဗီတာမင်တွေကို ပိုပြီး စုပ်ယူလာနိုင်ပါတယ်။ အဲဒါကြောင့် အသားအရေကြည်လင်လှပဖို့ ဂေါ်ဖီချဉ်က အများကြီး အကျိုးပြုပါတယ်။
၄။ ဝမ်းချုပ်သူတွေအတွက် တရုတ်ဆီးသီး
တရုတ်ဆီးသီးခြောက်ကို သဘာဝဝမ်းနှုတ်ဆေးလို့လည်း လူသိများကြပါတယ်။ သင်က မကြာခဏဝမ်းချုပ်တတ်သူဆိုရင် တရုတ်ဆီးသီးကို စားကြည့်သင့်ပါတယ်။ တရုတ်ဆီးသီးက အူတွင်းကို သန့်ရှင်းပေးပါတယ်။ တရုတ်ဆီးသီးအစိမ်းမှာလည်း အမျှင်ဓာတ်တွေ ပါတာကြောင့် စားလိုက်တဲ့အခါ အချိန်ကြာကြာဗိုက်ပြည့်သလို ခံစားရစေပါတယ်။
၅။ ခန္ဓာကိုယ်အနံ့အသက်အတွက် စိမ်းပြာရေညှိ
စိမ်းပြာရေညှိက သွေးထဲက အဆိပ်အတောက်တွေကို ထိထိရော်ကရောက်ဖယ်ရှားပေးပါတယ်။ သူ့မှာပါဝင်တဲ့ ကလိုရိုဖီးက ခန္ဓာကိုယ်အနံ့အသက်ပြင်းသူတွေကို အနံ့အသက်နည်းပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ စိမ်းပြာရေညှိကို ပုံမှန်စားပေးရင် ယခင်ကလောက် ကိုယ်နံ့မပြင်းတော့ပါဘူး။
၆။ ခါးကို သေးသွယ်စေတဲ့ ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးမှာပါဝင်တဲ့ nootkatone က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန် ကျစေပါတယ်။ သူ့မှာ အမျှင်ဓာတ်လည်း ပါတာကြောင့် ဗိုက်ပြည့်သလိုလည်း ခံစားရစေပါတယ်။
သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါသေးတယ်။ အဲဒါကြောင့် ဂရိတ်ဖရုသီးကို ပုံမှန်စားပေးရင် ကိုယ်အလေးချိန်ကျပြီး ခါးလည်း သေးသေးသွယ်သွယ်ဖြစ်သွားမှာပါ။
၇။ ခံတွင်းနံ့ကို မွှေးပျံ့စေတဲ့ သခွားသီး
သခွားသီးမှာပါတဲ့ ရေဓာတ်က အာခေါင်ခြောက်ကို သက်သာစေတာပါတယ်။ သူ့ရဲ့ရေဓာတ်က ခံတွင်းထဲက အစားအစာ အကြွင်းအကျန်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပန်းသီးလိုပဲ သခွားသီးက တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ခံတွင်းထဲမှာ အနံ့အသက်ဆိုးတွေ ထွက်မလာအောင် ထိန်းညှိပေးပါတယ်။
Zombie (lovemedia)
0 Comments