အိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ မပင်ပန်းစေဖို့ ဒီနည်း (၈) ခုကို အသုံးပြုပါ

စာရင်းဇယားတွေအရ အမျိုးသမီး ၅၁ ရာခိုင်နှုန်းဟာ တစ်နေ့ကို ပျမ်းမျှ ၂.၆ နာရီလောက် အိမ်အလုပ်တွေ လုပ်ကြပါတယ်။ အချိန်အများကြီးပေးစရာမလိုပဲအမျိုးသားရော အမျိုးသမီးပါ အချိန်ကုန်ငွေကုန်သက်သာအောင် ကူညီပေးနိုင်တဲ့ နည်းအချို့ကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ Wet tissue

Wet tissue တွေကို သန့်ရှင်းရေးအတွက် သုံးနိုင်ပါသေးတယ်။ အဝတ်လျှော်တဲ့ထဲ ထည့်မိရင်လည်း မလွှင့်ပစ်ပါနဲ့။ သင့်အိမ်မှာရှိနေတဲ့ အစက်အပြောက်တွေနှင့် အညစ်အကြေးတွေကို ဖယ်ရှားဖို့သုံးပါ။

ဒီနည်းလမ်းက မှန်တွေနှင့် ရေချိုးခန်းသုံးပစ္စည်းတွေ၊ အိမ်သာကွင်းတွေနှင့် အောက်ခံဘုတ်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။

၂။ မီးပူကို ဆားနဲ့သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

လူအများစုက မီးပူကို ဝယ်ဖို့သတိရကြပေမယ့် သန့်ရှင်းရေးလုပ်ဖို့တော့ မတွေးမိကြပါဘူး။ ဆားကို စားပွဲတင်ဇွန်းနဲ့ယူပြီး ပျော့ပျောင်းနူးညံ့တဲ့ အဝတ်ပေါ်မှာ ဖြန့်ခင်းပါ။ ခြစ်ရာနှင့် အစက်အပြောက်တွေ ပျောက်ကွယ်သွားတဲ့အထိ မီးပူနဲ့ ပွတ်ပါ။ ပြီးရင် သံအေးသွားတဲ့အထိစောင့်ပြီး ရေစိုအဝတ်စနဲ့ ပွတ်ပေးပါ။

၃။ မီးဖိုရဲ့ ဇကာ

မီးဖိုရဲ့ ဇကာကို သန့်ရှင်းရေးလုပ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ နည်းလမ်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။

ရေ၊ မုန့်ဖုတ်ဆိုဒါ ၁/၂ ခွက်နှင့် ဒယ်အိုးကြီးတစ်လုံးတို့ကို လိုအပ်ပါတယ်။ ဇကာကို ရေထဲမြုပ်သွားဖို့ ဒယ်အိုးထဲကို ရေများများထည့်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆိုဒါကို ဖြည်းဖြည်းချင်းထည့်ပါ။ ပြီးရင် ဇကာကို ပွက်ပွက်ဆူနေတဲ့ရေထဲကို ထည့်ပြီး မိနစ်အနည်းငယ်စောင့်ပါ။ အသစ်လားထင်ရအောင် သန့်သွားပါလိမ့်မယ်။

၄။ Oven

ပန်းကန်ဆေးရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ရှာလကာရည် ၇.၆ အောင်စ၊ ကြက်သီးနွေးရေ ၄၃ အောင်စနှင့် သံပုရာရည်/ citron ၃.၇ အောင်စတို့ လိုပါတယ်။ ငွေကုန်ကြေးကျလည်း နည်းစေပြီးတော့ အလုပ်လည်းမရှုပ်စေပါဘူး။

၅။ လက်ဖက်ခြောက်

လက်ဖက်ခြောက်က သောက်ကောင်းရုံသာမကပဲ သစ်သားကြမ်းပြင်တွေကိုလည်း အရောင်တက်စေပါတယ်။ မှန်တွေကိုလည်း တောက်ပြောင်စေပေမယ့် သစ်သားကြမ်းပြင်ပေါ်မှာ ပိုအကျိုးသက်ရောက်စေပါတယ်။လက်ဖက်ခြောက်ကို ရေနဲ့ပြုတ်ပါ။ တတ်နိုင်သမျှကြာအောင် ပြုတ်ပါ။

ဒါပေမယ့် သင့်ကြမ်းပြင်က အရောင်ဖျော့နေတယ်ဆိုရင်တော့ အချိန်အကြာကြီး မပြုတ်တာက ပိုကောင်းပါတယ်။ ရလာပြီဆိုရင်တော့ လက်ဖက်ခြောက်ကို အဝတ်စနဲ့ စွတ်ပြီး သုတ်လိုက်ပါ။

၆။ ပန်းကန်ဆေးစက်ကို ရှာလကာရည်နဲ့ တောက်ပြောင်အောင် လုပ်လို့ရပါတယ်။

သင့်ပန်းကန်ဆေးစက်ကို ကြည်လင်သန့်ရှင်းအောင် ပြုလုပ်ဖို့ လိုအပ်တာကတော့ ရှာလကာရည်ပဲဖြစ်ပါတယ်။ ရှာလကာရည်က ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။

ပန်းကန်ဆေးစက်ကိုသုံးပြီးနောက်မှာ အစွန်းတွေကို ရှာလကာရည်နဲ့ သုတ်ပါ။ ရှာလကာရည် 1 ခွက်ကို ပန်းကန်ဆေးစက်ထဲသို့ လောင်းချပြီး မိနစ်အနည်းငယ်လောက် လှည့်ပေးလိုက်ပါ။

၇။ စဉ်းတီတုံးကို သန့်ရှင်းရေးလုပ်ခြင်း

စဉ်းနီတုံးကို သုံးကြပေမယ့် သေသေချာချာသန့်ရှင်းရေးမလုပ်ရင် ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။ စဉ်းနီတုံးကို သန့်ရှင်းဖို့ သံပုရာသီး၊ မုန့်ဖုတ်ဆိုဒါနှင့် ရှာလကာရည်တို့ကို အသုံးပြုနိုင်ပါတယ်။

- မုန့်ဖုတ်ဆိုဒါကို စဉ်းနီတုံးရဲ့ မျက်နှာပြင်ပေါ်မှာ ဖြန့်ပြီး သံပုရာသီးနဲ့ ပွတ်ပေးပါ။

- ပြီးရင် အဝတ်တစ်ထည်သုံးပြီး ရှာလကာရည်ကို သုတ်ပေးပါ။

သန့်ရှင်းရေးလုပ်ပြီးရင် စဉ်းနီတုံးကို ရေနဲ့ဆေးဖို့ မမေ့ပါနဲ့နော်။

၈။ ဓာတုပစ္စည်းတွေမပါဘဲ မိုက်ခရိုဝေ့ဖ်ကို သန့်စင်ခြင်း

ပန်းကန်သေးသေးတစ်လုံး၊ သံပုရာဆီ ၂ စက်၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရေမြှုပ်တစ်ခု လိုအပ်ပါလိမ့်မယ်။

သံပုရာဆီကို ရေနဲ့ရောပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်ထဲကို ထည့်ပါ။ တစ်မိနစ်လောက် စက်ကိုဖွင့်ပါ။ မိုက်ခရိုဝေ့ဖ်ကိုဖွင့်ပြီး ပန်းကန်ထဲကို ရေမြှုပ်ထည့်လိုက်ပါ။ အကုန်လုံးကို ရေမြှုပ်နဲ့ လိုက်ပွတ်ပြီး သန့်စင်လိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments