ကလေးရှိတဲ့အိမ်တိုင်း သိထားသင့်တဲ့အချက် (၁၀) ခု

ကလေးတစ်ယောက် အိမ်မှာတိုးလာပြီဆိုရင် အရမ်းကို ဂရုစိုက်သတိထားရပါတယ်။ ပစ္စည်းတွေကိုလည်း အရင်ကလို လွယ်လွယ်ထားလို့မရတော့ပါဘူး။ ဒါကြောင့် ဘာတွေဆောင်၊ ဘာတွေရှောင်ရမလဲဆိုတာကို love media ကနေ မျှဝေပေးလိုက်ပါတယ်နော်။

၁။ ကလေးရဲ့အမြင်နဲ့ အားလုံးကို လိုက်ကြည့်ပါ။

သင့်အိမ်မှာ ကလေးကို မထိခိုက်စေချင်ဘူးဆိုရင် သူမြင်နေတဲ့အမြင်နဲ့ အရာအားလုံးကို လိုက်ကြည့်ဖို့လိုပါတယ်။ တစ်အိမ်လုံးမှာ တွားသွားသွားနေမှာဖြစ်တာကြောင့် သူ့ကို ခုံတွေ၊ စားပွဲတွေနဲ့မထိခိုက်အောင် မြှင့်သင့်တာကိုမြှင့်၊ ဖယ်သင့်တာကို ဖယ်ထားသင့်ပါတယ်။

၂။ အိမ်သာသုံးစက္ကူနဲ့ စမ်းကြည့်ပါ။

သင့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေကို ကလေးပါးစပ်ထဲလျှောက်မထည့်မိအောင် ဒီနည်းနဲ့ စမ်းကြည့်သင့်ပါတယ်။ အိမ်သာသုံး စက္ကူလိပ်ထဲကို အရုပ် သို့မဟုတ် အခြားအရာဝတ္ထုတစ်ခုခု ထည့်ကြည့်ပါ။ ဝင်သွားတယ်ဆိုရင်တော့ အဲဒီပစ္စည်းကို ကလေးနဲ့ဝေးဝေးမှာ ထားသင့်ပါတယ်။

၃။ ကလေးပုခက်ထဲမှာ ဘာမှမသိမ်းပါနဲ့။

အရုပ်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေမပါဘဲ လုံခြုံတဲ့နေရာမှာ အိပ်ဖို့က သင့်ကလေးအတွက် တကယ်ကို အရေးကြီးပါတယ်။ အဲဒါတွေက ချစ်စရာကောင်းပေမယ့် သင့်ကလေးဘေးကင်းစေဖို့အတွက် ကလေးပုခက်ကို အချိန်တိုင်း ဗလာကျင်းထားသင့်ပါတယ်။

၄။ အိတ်တွေကို အမြင့်မှာ ချိတ်ထားပါ။

ကလေးမွေးပြီး မကြာတဲ့အချိန်မှာပဲ အဘိုးအဘွားတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေက အိမ်ကိုလာလည်ပြီး ကလေးကို လာကြည့်ကြပါလိမ့်မယ်။ သင့်ကလေးကို အချိန်တိုင်း ဘေးကင်းစေဖို့အတွက် အိတ်တွေနှင့် ပိုက်ဆံအိတ်တွေကို ကလေးလက်လှမ်းမမှီနိုင်တဲ့နေရာမှာ ချိတ်ထားသင့်ပါတယ်။

အိတ်ထဲမှာ ဆေးဝါးများရှိနေနိုင်ပြီး ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ယူဆော့ရင်ဆော့နိုင်ပါတယ်။

၅။ ရေတိုင်ကီတွေကို အဖုံးအုပ်ထားပါ။

ကလေးတွေက ငယ်သေးတာကြောင့် ကိုယ့်ကိုယ်ကိုမထိန်းချုပ်တတ်ကြသေးပါဘူး။ အပူပေးစက်တွေကိုလည်း အပေါ်ကနေ ပိတ်ထားသင့်ပါတယ်။

၆။ TVကို နံရံမှာ ကပ်ထားပါ။

TV တွေက သင့်ကလေးရဲ့လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရောင်စုံရုပ်ပုံတွေနှင့် စိတ်ဝင်စားဖွယ်အသံတွေက သင့်ကလေးအတွက် ဆွဲဆောင်မှုရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့ လက်လှမ်းမမီတဲ့နံရံမှာ ချိတ်ဆွဲထားပါ။

၇။ စားပွဲခင်း အကြီးတွေမခင်းပါနဲ့။

စားပွဲခင်းအကြီးခင်းထားမယ်ဆိုရင် ကလေးလျှောက်ဆွဲတာနဲ့ ပန်းကန်တွေအကုန် ကျကွဲနိုင်ပါတယ်။ ကွဲသွားတဲ့အပိုင်းအစတွေက ကလေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အကြီးကြီးတွေ မခင်းတော့ပဲ တစ်ယောက်စာ စားပွဲခင်းလေးတွေသာ သုံးသင့်ပါတယ်။

၈။ အရုပ်တွေကို အဖုံးမအုပ်ထားပါနဲ့။

ကလေးတွေရဲ့ အရုပ်သေတ္တာကို အဖုံးအုပ်ပြီးတော့ မသိမ်းထားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်သေးသေးလေးတွေနဲ့ ဖွင့်တဲ့အခါ မတော်တဆ ညှပ်သွားနိုင်ပါတယ်။ ဒါကြောင့် အဖုံးမပါတဲ့ သေတ္တာတစ်လုံးကို ရွေးချယ်ပါ။ ဒါက သင်နှင့် သင့်ကလေးကို စိတ်ပူစရာမရှိစေဖို့ ကူညီပေးပါလိမ့်မယ်။

၉။ ရေခဲသေတ္တာမှာ ဘာမှမကပ်ပါနဲ့။

တောက်ပသောအရောင်တွေနဲ့ သံလိုက်တွေကို ရေခဲသေတ္တာမှာ မကပ်သင့်ပါဘူး။ ကလေးက အလွယ်တကူ မျိုချမိနိုင်တာကြောင့် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၁၀။ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစားအစာကို သေချာသိမ်းထားပါ။

ကြောင်တွေနှင့် ခွေးတွေဟာ ကလေးတွေအတွက် သူငယ်ချင်းကောင်းတွေပဲဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ကလေးရဲ့အစောပိုင်းဘဝမှာ ခွေးတစ်ကောင်လောက် ပိုင်ဆိုင်တာက ကလေးဖွံ့ဖြိုးမှုနှောင့်နှေးမှု အန္တရာယ်တွေကို လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။

သင်မှာ ခွေးတစ်ကောင်ပဲဖြစ်ဖြစ် ကြောင်တစ်ကောင်ပဲဖြစ်ဖြစ် ရှိတယ်ဆိုရင်တော့ သူတို့ရဲ့ အစာတွေကို သေချာသိမ်းပါ။ ကလေးလက်လှမ်းမမှီတဲ့နေရာတွေ၊ မမြင်ရတဲ့နေရာတွေမှာ ထားပါ။

Zombie (lovemedia)

Post a Comment

0 Comments