သင့်အပေါ် ကြောင်လေးချစ်ခင်လာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း (၈) ခု

ကြောင်လေးတွေက အိမ်မှာရှိတဲ့လူတွေထဲကမှ သူတို့ချစ်ချင်တဲ့သူကိုပဲ ချစ်ကြပါတယ်။ သူတို့ကို ဘယ်လောက်ဂရုစိုက်စိုက် သူတို့သဘောမကျတဲ့သူဆိုရင် လုံးဝမချစ်ပါဘူး။

ဒါပေမယ့် သင့်ကြောင်လေး သင့်ကို ချစ်ခင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကြောင်နဲ့ အချိန်ကြာကြာကုန်ဆုံးပါ။

ကြောင်လေးတွေက ဂရုစိုက်ပေးတာကို အရမ်းသဘောကျကြပါတယ်။ သင်က ကြောင်ကို အချိန်မပေးဖြစ်တာကြာရင် စိမ်းသွားမှာပါ။ အဲဒါကြောင့် ကြောင်လေးကိုအရင်ကထက် ပိုပြီး အချိန်ပေးပါ။ သူရှိတတ်တဲ့နေရာလေးတွေကို လိုက်ပြီး သူ့ကို ချစ်ခင်ကြောင်း ပြပါ။

၂။ ကြောင်ကို နှုတ်ဆက်ပေးပါ။

ကြောင်လေးရဲ့နှာခေါင်းကို ထိလိုက်တာက သူတို့ကို နှုတ်ဆက်တာပါ။ အဲဒီအခါ ကြောင်လေးက သင့်ရဲ့လက်ချောင်းလေးတွေကို အနံ့ခံပြီး ပြန်ပြီး သူ့ရဲ့နာခေါင်းနဲ့ သင့်လက်ချောင်းလေးတွေကို ပြန်ပွတ်သပ်ပေးပါတယ်။ ဒီလိုမျိုးပြန်နှုတ်ဆက်ပြီဆိုရင်တော့ ကြောင်လေးက သင့်ကို သဘောကျကြောင်း ဖော်ပြတာပါ။

၃။ ပွတ်သပ်ပေးပါ။

ကြောင်လေးတွေက သူတို့ကို ပွတ်သပ်ပေးတာ အရမ်းသဘောကျပါတယ်။ ကြောင်လေးတွေကို ပွတ်သပ်တဲ့အခါ မျက်လုံးနဲ့ နားရွက်ကြားနေရာကို ပွတ်သပ်ပေးပါ။ အမြီးနေရာကို ပွတ်သပ်ရင်တော့ သူတို့ မကြိုက်ကြပါဘူး။

ဒါပေမယ့် ကြောင်တစ်ကောင်နဲ့တစ်ကောင်လည်း မတူတတ်ကြပါဘူး။ အချို့ကြောင်လေးတွေက ဗိုက်ကို ပွတ်သပ်ပေးရင် သဘောကျပါတယ်။

၄။ ပွတ်သပ်ပေးတာကို မကြိုက်ရင် ရပ်လိုက်ပါ။

ကြောင်လေးတွေက သင့်ရဲ့အပြုအမူကို မကြိုက်ရင် တရှူးရှူးအသံလုပ်တာ၊ ကိုက်တာ၊ သင့်လက်ကို လိုက်ကြည့်တာ၊ နားရွက်ကို ကုပ်ထားတာ၊ အမြီးကို ဆန့်တငင်ငင် လုပ်တာ စသဖြင့် လက္ခဏာတွေ ပြတတ်ပါတယ်။ အဲဒီအခါ ကြောင်လေးတွေကို ထပ်ပြီး မပွတ်သပ်ပေးသင့်တော့ပါဘူး။

၅။ အစာတွေကို အလွန်အကျွံမကျွေးသင့်ပါဘူး။

ကြောင်ပိုင်ရှင်တွေက ကြောင်တွေကို အရမ်းချစ်တာကြောင့် အစာတွေကို ခဏခဏကျွေးတတ်ပါတယ်။ ကြောင်တွေက ဗိုက်ဆာတဲ့အခါ သခင်ရဲ့ခြေထောက်တွေကို သူတို့ခန္ဓာကိုယ်နဲ့ ပွတ်သွားကြပါတယ်။ ကြောင်ကို သူ့အချိန်နဲ့သူ အစာကျွေးတာက အဝလွန်တာကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

၆။ ကြောင်လေးနဲ့ မကြာခဏကစားပေးပါ။

ခွေးလေးတွေနဲ့ ပုံမှန်လမ်းလျှောက်ထွက်သလို ကြောင်နဲ့ နေ့စဉ်လမ်းလျှောက်ထွက်ပေးစရာတော့မလိုပါဘူး။ ဒါပေမယ့် ကြောင်လေးရဲ့ ကျန်းမာရေးအတွက် လှုပ်လှုပ်ရှားရှားကစားပေးလို့ ရပါတယ်။ အဲဒီအခါ ကြောင်လေးက သင့်အပေါ်လည်း ခင်တွယ်လာမှာပါ။

၇။ ကြောင်လေးတွေကို ညဘက်မှာ အိမ်ထဲမှာပဲ ထားပါ။

ကြောင်လေးတွေက ညဘက်မှာ အပြင်သွားရတာကို သဘောကျပါတယ်။ ဒါပေမယ့် ညဘက်မှာ ကြောင်လေးတွေ အပြင်သွားတာက သူတို့အတွက် အန္တရာယ်ရှိပါတယ်။ နေ့ဘက်မှာ အိမ်ထဲမှာပဲ ဆော့ကစားရတဲ့ကြောင်လေးတွေက ညဘက်ရောက်ရင် အပြင်ဘက်ကို သွားချင်စိတ်မရှိကြတော့ပါဘူး။

၈။ ကြောင်နဲ့ ရင်းရင်းနှီးနှီးနေပါ။

ကြောင်လေးတွေက သခင်ကို ချစ်လာပြီဆိုရင် သခင်ရဲ့လက်မောင်းပေါ်၊ ပေါင်ပေါ်မှာ အိပ်ရတာကိ သဘောကြပါတယ်။ ဒါ့အပြင် သူတို့နဲ့ရင်းရင်းနှီးနှီးနေပေးသူကို ယုံကြည်ရတဲ့သူလို့ စိတ်ထဲမှာ ထင်မှတ်သွားကြပါတယ်။ ဒီနည်းက အခုမှ ကြောင်ကို စတင်မွေးတဲ့သူတွေအတွက်လည်း အသုံးဝင်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments