ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ကလေးမွေးဖွားလာဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်တဲ့အချက် (၉) ခု

ကျန်းမာထက်မြက်တဲ့ကလေးလေး မွေးဖွားလာဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကလည်း အရေးပါတဲ့ ကာလတစ်ခုပါ။ ကျန်းမာတဲ့ကလေးမွေးဖွားလာဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအပြုအမူတွေကို ရှောင်ကြဉ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ စိတ်ဖိစီးမှုများခြင်း

မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ ကလေးရဲ့ဦးနှောက်က အရင်ဆုံးဖြစ်ပေါ်လာတဲ့အရာပါ။ အချိန်ခဏတာ စိတ်ဖိစီးမှုတွေဖြစ်ရင်တောင် ကလေးရဲ့မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ မိခင်က အချိန်ကြာရှည်စွာ စိတ်ဖိစီးမှုဖြစ်နေရင် ကလေးရဲ့မှတ်ဉာဏ်နဲ့ လေ့လာမှုစွမ်းရည်တွေကို အားနည်းသွားစေမှာပါ။

၂။ အသားအစိမ်းနုဲ့ ပင်လယ်စာတွေကို စားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အစားကို ရွေးစားရင် ကလေးကလည်း အစားကို ကြေးများတဲ့သူ ဖြစ်သွားတတ်ပါတယ်။

ဒါ့အပြင် ကျက်အောင်မချက်ထားတဲ့အသား၊ အသားအစိမ်းနဲ့ ပင်လယ်စာတွေကို ကိုယ်ဝန်ဆောင်မိခင်တွေ စားတဲ့အခါ နှလုံးနဲ့ကျောက်ကပ်ရောဂါ၊ အချိန်စောမွေးခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ငါးတွေကို အစိမ်းစားရင်လည်း ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

၃။ ဝမ်းဗိုက်ကို နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။

ကိုယ်ဝန်ဆောင်ကာလ ၆ လမြောက်မှာ ကလေးရဲ့ မျက်လုံးက ဗိုက်ထဲမှာ ပွင့်လာပါပြီ။ ကလေးက ဝါးတားတားပဲ မြင်ရပေမယ့် ဝမ်းဗိုက်ကနေတစ်ဆင့် နေရောင်နဲ့ ထိတွေ့ပေးပါ။

နေရောင်ထိတွေ့တဲ့အခါ မနက် ၁၀ နာရီမတိုင်ခင်နေရောင်ခြည်နဲ့ ညနေ ၃ နာရီနောက်ပိုင်းနေရောင်ခြည်ကိုသာ ထိတွေ့သင့်ပါတယ်။ နေရောင်ခြည်ထိတွေ့ပေးခြင်းက ကလေးတွေမှာ ဗီတာမင်ဒီချို့တဲ့တာကို ကာကွယ်ပေးပါတယ်။

၄။ ကလေးရဲ့မှတ်ဉာဏ်တိုးတက်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှားနေတာက ကလေးရဲ့ဦးနှောက်အတွက် အများကြီး အကျိုးရှိစေပါတယ်။ အဲဒါကြောင့် မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၅။ ဗိုက်ကို နှိပ်နယ်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လမှာ ဗိုက်ကို နှိပ်နယ်ပေးတာက အန်တာကို ပိုဆိုးသွားစေတတ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဗိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးခြင်းက ကလေးနဲ့မိခင်အကြား ရင်းနှီးမှုတိုးစေပြီး စိတ်ပျော်ရွှင်စေပါတယ်။

၆။ ဆူညံတဲ့အသံတွေကို ရှောင်ကြဉ်ပါ။

ဗိုက်ထဲက ကလေးလေးတွေဟာ ပြင်ပက အသံတွေကို နားထောင်တတ်ပါတယ်။ အဲဒါကြောင့် ဆူညံတဲ့အသံတွေ ရှိတဲ့နေရာတွေကို ရှောင်သင့်ပါတယ်။ ဆူညံတဲ့အသံတွေနဲ့ ထိတွေ့ပါများတဲ့အခါမှာ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ အကြားအာရုံကို ထိခိုက်စေပါတယ်။

၇။ ကလေးကို စကားပြောပေးပါ။

ကိုယ်ဝန်ဆောင်ချိန် တတိယကာလမှာ ကလေးတွေက မိခင်ရဲ့အသံကို တုံ့ပြန်တတ်နေပါပြီ။ ကလေးတွေက မိခင်ရဲ့ဝမ်းဗိုက်ထဲကနေ အသံတွေကို လေ့လာနေပြီးတော့ တုံ့ပြန်မှုတွေလည်း ပြုလုပ်တတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို စကားပြောပေးရင် မေတ္တာကြိုးတွေ ပိုတိုးလာစေမှာပါ။

၈။ ကြောင်ရဲ့အညစ်အကြေးဗန်းကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်လေးကို ပွေ့ချီတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကြောင်ရဲ့အညစ်အကြေးဗန်းကို သန့်ရှင်းရေးလုပ်တဲ့အခါမှာတော့ ကိုယ်ဝန်ပျက်ကျစေတဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေမှာပါ။ ကြောင်ရဲ့အညစ်အကြေးတွေမှာ ကပ်ပါးကောင်တွေ၊ ဘက်တီးရီးတွေ ပါဝင်ပြီး အဲဒီဘက်တီးရီးယားတွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ရှိပါတယ်။

၉။ ချွေးထုတ်ခန်းကိုလည်း မသွားသင့်ပါဘူး။

ချွေးထုတ်ခန်းထဲဝင်တာ၊ ရေနွေးထည့်ထားတဲ့ ရေချိုးကန်ထဲမှာ စိမ်တာတွေက ကျန်တဲ့အချိန်တွေမှာတော့ အပန်းပြေစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ရှောင်ကြဉ်သင့်ပါတယ်။ ချွေးထုတ်ခန်းကိုဝင်တာ၊ ရေနွေးစိမ်တာတွေက ကလေးပျက်နိုင်ချေ များစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments