လမ်းခွဲပြီးတဲ့အချိန်မှာ ဘယ်သူက ပိုခံစားရလေ့ရှိလဲ

လမ်းခွဲခြင်းက အမျိုးသမီးတွေရဲ့ အသည်းနှလုံးကို တကယ်ကို ကွဲကြေစေပါတယ်။ ဒါပေမယ့် လမ်းခွဲပြီးနောက်ပိုင်း အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးခံစားရကြောင်းက မကြာသေးမီက သိရှိခဲ့ရပါတယ်။

အမျိုးသားတွေရဲ့ စိတ်ဝေဒနာတွေကို ဆွေးနွေးတဲ့အခါမှာလည်း ခံစားချက်ပိုရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီကောက်ချက်ချမှုတွေဟာ စိတ်ပညာရှင်တွေ ပြုလုပ်တဲ့ ဆက်ဆံရေးလေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။

အမျိုးသားတွေက အချစ်ရေးပြဿနာအတွက် အကူအညီကို အွန်လိုင်းကနေ ရှာတတ်ကြပါတယ်။

အချစ်ရေးပြဿနာအတွက် အကူအညီတောင်းတဲ့ သုံးစွဲသူ ၅၅% လောက်က အမျိုးသားတွေဖြစ်ပြီး ၄၅% လောက်က အမျိုးသမီးတွေသာဖြစ်ကြောင်း သူတို့ရဲ့ တွေ့ရှိချက်တွေက ဖော်ပြပါတယ်။

ရလဒ်တွေအရ အများဆုံးတင်တဲ့ပို့စ်တွေဟာ အသည်းကွဲခြင်းနဲ့သက်ဆိုင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အချိန်၊ ကိုယ်ပိုင်အရည်အသွေး၊ ယုံကြည်မှုဆိုင်ရာ ပြဿနာတွေနှင့် ရင်းနှီးမှုလိုမျိုး အခြားအကြောင်းအရာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အွန်လိုင်းက အမျိုးသားတွေရဲ့ ခံစားချက်ကို လွတ်လပ်စွာ ဖော်ပြနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်

"ယောက်ျားလေးတွေက မငိုဘူး" ဆိုတဲ့ အယူအဆက ယောက်ျားလေးတွေကို သူတို့ရဲ့ခံစားချက်အပေါ် တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိပါတယ်။

အွန်လိုင်းအသုံးပြုသူတစ်ဦးက ဘယ်လိုပြောထားလဲဆိုတော့ "ယောက်ျားလေးတွေက ဝမ်းနည်းမှုကို မဖော်ပြမသင့်ပါဘူး။ ခံစားချက်တွေကို သိမ်းထားသင့်ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးနေပါစေ၊ ခံစားချက်တွေကို လူတွေကို ချမပြသင့်ပါဘူး"လို့ ပြောထားပါတယ်။

နောက်ထပ်အသုံးပြုသူတစ်ဦးကတော့ ယောကျာ်းတွေကလည်း လူသားတစ်ဦးဖြစ်တာကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ထုတ်ပြောသင့်တယ်လို့ ဆိုထားပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေနှင့် နှိုင်းယှဉ်ရင် ပိုခံစားတတ်ပါတယ်။

သိပ္ပံနည်းကျအချက်အလက်တွေပေါ်အခြေခံပြီးတော့ ယောက်ျားတွေရဲ့ စိတ်ဝေဒနာတွေ၊ ချိန်းတွေ့ခြင်း၊ ပါတီပွဲနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

လေ့လာမှုရဲ့ဦးဆောင်သူ Charlotte Entwistle ကတော့ အမျိုးသားတွေမှာလည်း အမျိုးသမီးတွေလိုမျိုး ဆက်ဆံရေးပြဿနာတွေကြောင့် ဘယ်လိုခံစားရတယ်ဆိုတာကို အလေးပေးဖော်ပြခဲ့ပါတယ်။

ပြဿနာတစ်ခုခုဖြစ်လာရင် ယောက်ျားလေးအများစုဟာ ပံ့ပိုးကူညီပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ဖက်မှာ မိန်းကလေးတွေကလည်း အကျပ်အတည်း ပြင်းထန်နေချိန်မှာ အကူအညီ တောင်းဖို့ လိုလားကြတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆက်ဆံရေးမှာ ယုံကြည်မှု ပိုရှိပါတယ်။

အမျိုးသားတွေက သံယောဇဉ်တွယ်မိသွားရင် ငါဆိုတဲ့ အတ္တထက် တခြားဖက်ကို ပိုပြီးတွေးလာပေးကြပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ကို တစ်စုံတစ်ယောက်က ချစ်တယ်လို့ပြောလာခဲ့ရင် အနိုင်ယူချင်လာကြပါတယ်။

အမျိုးသမီးတိုင်းတော့ မဟုတ်ပေမယ့် တချို့အမျိုးသမီးတွေမှာ ရှိတတ်ကြပါတယ်။ အားလုံးထက် ပိုဂရုစိုက်ခံချင်လာကြပြီး အရာအားလုံးထက် အလေးထားစေချင်လာကြပါတယ်။ ဒါတွေကို အမျိုးသားတွေက အပြစ်မမြင်ပဲ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ နားလည်ပေးကြပါတယ်။

တကယ်ချစ်သွားကြတဲ့အမျိုးသားတွေက စကားပြောရင်တောင် “ကိုယ်တို့” ဆိုတဲ့ နာမ်စားကို ပိုအသုံးပြုလာကြပါတယ်။ ယုံကြည်မှုရှိလာပြီး ဆက်ဆံရေးနှင့်ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ခံစားချက်တွေပဲ ပေါက်ဖွားလာကြပါတယ်။

တစ်ဖက်မှာလည်း ဆက်ဆံရေးကို တန်ဖိုးမထားသူများအများစုက အမျိုးသားတွေဖြစ်ကြောင်းကိုလည်း တွေ့ရှိရပါသေးတယ်။

သုတေသီတွေကတော့ ဒီတွေ့ရှိချက်ဟာ အမျိုးသားတွေနှင့်ပတ်သက်တဲ့ အမည်းစက်အချို့ကို ပြုပြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

သုတေသီ ဒေါက်တာ Ryan Boydကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ သူတို့ရဲ့ စိတ်တွေ၊ အမူအကျင့်တွေအားလုံးကို ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။ သူတို့အပေါ်ကို အမျိုးသမီးတစ်ယောက် ပြန်ချစ်လာဖို့အတွက် အများကြီး ရင်းနှီးမြုပ်နှံ ထားရပါတယ်။

ကောင်မလေး မကြိုက်တဲ့အရာတွေကို မလုပ်ဖို့ဆိုတာက မလွယ်ပါဘူး။ ဒါပေမယ့်လည်း တကယ်ချစ်မိတော့လည်း ပြောင်းလဲကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments