ဘရာဇီးလ်အမျိုးသမီးတွေဟာ သူတို့ရဲ့ အလှအပကြောင့် နာမည်ကြီးပါတယ်။ ပျော့ပျောင်းပြီး ကျန်းမာသောဆံကေသာကို ပိုင်ဆိုင်ကြသလို အများစုက သဘာဝအလှတရားရဲ့ စွမ်းအားကို ယုံကြည်ကြပါတယ်။
မိတ်ကပ်အများကြီးသုံးတာတွေ၊ လက်ဝတ်ရတနာတွေ ဝတ်ဆင်တာတွေလည်း သိပ်မရှိကြပါဘူး။ သူတို့မှာရှိနေတဲ့ အလှအပလျှို့ဝှက်ချက်တွေနဲ့ မျိုးဆက်အလိုက် အမွေဆက်ခံထားတဲ့ အရာတွေကိုပဲ အားကိုးကြပါတယ်။
၁။ အုန်းရည်သောက်ပါ။
အုန်းရည်မှာ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် သင့်အသားအရေကို တောက်ပစေပြီး အစိုဓာတ်ထိန်းပေးပါတယ်။ တကယ်လို့ သင်က အသားအရေ ခြောက်သွေ့ခြင်း၊ ဝက်ခြံပေါက်ခြင်း ဒါမှမဟုတ် သင့်အသားအရေ တွန့်ခြင်းတွေမဖြစ်ချင်ရင် သင့်အရေပြားပေါ် တိုက်ရိုက်လိမ်းပေးလို့ရပါတယ်။
ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ အုန်းရည်ကို သောက်သုံးခြင်းက အရေးအကြောင်းတွေကို လျော့ပါးစေသလို ရေဓာတ်ဖြည့်ပေးပြီး သင့်အသားအရေကို တောက်ပလာစေဖို့အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သကြား၊ ကြာရှည်ခံပစ္စည်းတွေ မပါဝင်ဘဲ သဘာဝအတိုင်းသောက်သုံးဖို့ အကြံပြုလိုပါတယ်။
၂။ သင့်အရေပြားပေါ် သဲပွတ်ပေးပါ။
ချွေးပေါက်ပိတ်ဆို့ခြင်းနဲ့ ဝက်ခြံပေါက်ခြင်းတွေကို ကာကွယ်ဖို့အတွက် သင့်အသားအရေကို exfoliate လုပ်ပေးဖို့ အရေးကြီးပါတယ်။ စိုစွတ်တဲ့သဲကို သုံးပြီး သင့်ခြေထောက်နှင့် လက်က အရေပြားဆဲလ်သေတွေအားလုံးကို ဖယ်ရှားလို့ရပါတယ်။
သဲကိုသုံးပြီး သင့်အသားအရေကို ညင်သာစွာ ပွတ်တိုက်ပေးခြင်းက သင့်အသားအရေကို အမှန်တကယ် အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေမှာ ထိခိုက်လွယ်တဲ့ အသားအရေရှိသောကြောင့် မျက်နှာပေါ်တော့ မပွတ်ပါနဲ့။
၃။ မုန်လာဥနီဖျော်ရည်သောက်ပါ။
မုန်လာဥနီဖျော်ရည်မှာ သင့်မျက်လုံးကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ သင့်အသားအရေအတွက် အထူးသင့်တော်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ဗီတာမင် C ကြွယ်ဝပါတယ်။ သင့်အသားအရေကို ကြည်လင်ဝင်းပစေရုံသာမက နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၄။ Lymphatic massageလုပ်ပါ။
Lymphatic massageက သင့်လက်မောင်းနှင့် ခြေထောက်တွေ ရောင်ရမ်းခြင်းကနေရတဲ့နာကျင်မှုကို သက်သာစေပါတယ်။ သင့်ခန္ဓာကိုယ်က ညောင်းညာတာတွေ၊ အပူအပုပ်တွေကိုလည်း ထွက်စေပါတယ်။ ဒါပေမယ့် ဒီအနှိပ်မျိုးကို မခံယူမီ ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။
၅။ ပင်လယ်ရေကို သင့်ဆံပင်နှင့် အရေပြားပေါ် လိမ်းပေးပါ။
သင့်ဆံပင်ကို ဂရုစိုက်ပြီး ရေဓာတ်ဖြည့်ချင်တယ်ဆိုရင် ဆားရည်ကို လိမ်းပေးသင့်ပါတယ်။ ဆံသားအတွက်သာမက အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။ ရေငန်က နှင်းခူရောဂါကို ပျောက်ကင်းစေပြီး အရေပြားဓာတ်မတည့်မှု တုံ့ပြန်မှုတွေကို သက်သာစေပါတယ်။
၆။ ပင်လယ်ရေမှော် စားပေးပါ။
ပင်လယ်ရေမှော်က ကိုယ်အလေးချိန်ကျစေပြီး နှလုံးကို ကာကွယ်ပေးသလို သင့်ခန္ဓာကိုယ်အတွက် အလွန်ကျန်းမာစေပါတယ်။ ပြီးတော့ သင့်အသားအရေအတွက် အလွန်အကျိုးရှိပါတယ်။
ရောင်ရမ်းမှုကို သက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အရေပြားကို လှပစေပါတယ်။ ဒါတင်မကဘဲ ဝက်ခြံထွက်တာကို ကာကွယ်ပေးနိုင်တဲ့ အစိုဓာတ်ကို ပေးစွမ်းနိုင်တဲ့ အရည်အသွေးတွေ ပါဝင်ပါတယ်။ အသားအရေအရောင်ကို ညီညာစေပြီး အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။
၇။ Açaí oil ပါဝင်တဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေကို အသုံးပြုပါ
Açaíဘယ်ရီသီးတွေကို ဘရာဇီးလ် "စူပါဖရက်သီး" လို့ခေါ်ကြပြီး သူ့မှာ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနှင့် ရက်စ်ဘယ်ရီသီးတွေထက်တောင် antioxidants ပိုများပါတယ်။ အိုမင်းခြင်းဖြစ်စဉ်ကို ကာကွယ်ပေးပြီး သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။
သင့်အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပြီး အမာရွတ်တွေ၊ အကြောပြတ်ရာတွေနှင့် အသားအရေခြောက်သွေ့တာတို့ကို မဖြစ်စေတော့ပါဘူး။
၈။ သကြားညိုကို မျက်နှာနှင့် ခန္ဓာကိုယ် Scrub အဖြစ် အသုံးပြုပါ။
သင့်အသားအရည်ကို ဖြူစင်စေဖို့အတွက် အိမ်တွင်းသုံးပစ္စည်းဖြစ်တဲ့ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ သင့်မှာ ထိခိုက်လွယ်တဲ့ အသားအရေရှိရင်တောင် သကြားညိုကို လိမ်းခြင်းက သင့်ကို တော်တော်အကျိုးရှိစေမှာပါ။ အစပိုင်းမှာ အနည်းငယ် စေးကပ်တယ်လို့ ခံစားရနိုင်တာကြောင့် သေချာ ဆေးကြောသင့်ပါတယ်။
Zombie (lovemedia)
0 Comments