အလွန်အကျွံအစားနေခြင်းကို ဘယ်လိုရပ်တန့်ရမလဲ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူဦးရေရဲ့ 2% ဟာ အစားကို အလွန်အကျွံစားလေ့ ရှိပါတယ်။ သူတို့တွေဟာ ဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားဘဲ တစ်ခါတစ်ခါစားရင် အချိန်အကြာကြီးကြာအောင် စားတတ်ကြပါတယ်။

တချို့တွေကလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖုံးဖိဖို့အတွက် စားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုစားနေတာက ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။

အလွန်အကျွံစားခြင်းရဲ့ လက္ခဏာများ

- ၂ နာရီခြားတစ်ခါလောက် အစားအသောက်တွေ တစ်ခုပြီးတစ်ခု စားချင်နေခြင်း

- ဗိုက်မဆာတာတောင် ထပ်ပြီးစားချင်ခြင်း

- အစားကို အမြန်စားပြီး ကိုယ်စားတာကို လူတွေသိမှာကို စိုးရိမ်ခြင်း

- စားပြီးတဲ့အခါမှာလည်း သင်စားသောက်လိုက်တဲ့ အရာအတွက် အပြစ်ရှိသလို ရှက်စိတ်နှင့် စိတ်ဓာတ်ကျနေခြင်း

ဘယ်လိုတွေကနေ ဖြစ်လာသလဲ။

ဒီလိုအကျင့်ကို ဖျောက်ဖျက်လို့ရပါတယ်။ ဘယ်လိုတွေလဲဆိုတော့

မျိုးရိုးဗီဇ

ဒီရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး dopamine နှင့်ဆိုင်ပါတယ်။ ဦးနှောက်မှာရှိတဲ့ ပျော်ရွှင်မှုအာရုံကြောတို့နှင့် ဆက်စပ်နေပြီး အချို့လူတွေဆို အာရုံခံနိုင်စွမ်း တိုးမြင့်လာတတ်ပါတယ်။

ဦးနှောက်နှင့် ကျား၊မ

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစားတတ်ကြပါတယ်။ အမျိုးသမီး ၃.၆% ဟာ ဒီရောဂါကို ခံစားနေကြရပါတယ်။ အမျိုးသားတွေမှာတော့ ၂% ပဲ ရှိပါတယ်။ စားပါများလာရင် ဦးနှောက်ဖွဲ့စည်းပုံ ပြောင်းလဲသွားပြီး သူတို့စားချင်တဲ့အရာကို ထိန်းချုပ်မှုနည်းလာပါတယ်။

ခန္ဓာကိုယ်ပုံသဏ္ဍာန်ပြဿနာတွေနှင့် အဝလွန်ခြင်း

အလွန်အကျွံစားတဲ့သူတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိကြသလို အဝလွန်နေတာတောင် ဆက်စားကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ကလေးဘဝက စိတ်ဒဏ်ရာများသူတွေ၊ ကြောက်ရွံ့မှုနဲ့ ကြီးပြင်းခဲ့ရသူတွေ၊ စိတ်ကျရောဂါ ခံစားနေရသူ ဒါမှမဟုတ် PTSD ဖြစ်နေကြတဲ့သူတွေဟာ လူတွေကို မပတ်သက်ချင်တာကြောင့် အစားအသောက်ကို အာရုံပြောင်းထားတတ်ကြပါတယ်။

ကျန်းမာရေးအန္တရာယ်များ

အစားအသောက်ကို ခဏခဏစားနေရမှ နေတတ်တဲ့သူတွေရဲ့ 50% နီးပါးဟာ အဝလွန်သူတွေဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်အလွန်ရှိပါတယ်။ ဆီးချိုရောဂါ၊ အိပ်စက်ခြင်းပြဿနာ၊ နာတာရှည်နာကျင်မှု၊ ပန်းနာရင်ကျပ်နှင့် စိတ်တိုလွယ်တတ်သလို အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအချို့ဖြစ်တတ်ပါတယ်။ ပြီးတော့ ဒီလိုဝေဒနာခံစားရသူတွေဟာ လူမှုဆက်ဆံရေးမှာ ပြဿနာရှိနေကြောင်း တွေ့ရှိထားပါတယ်။

ဘယ်လိုဖြေရှင်းမလဲ။

အစားလွန်ခြင်းရောဂါကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့်လည်း ဖြေရှင်းဖို့ နည်းလမ်းတော့ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုကို သတိပြုမိရင် ဆရာဝန်ဆီက အကြံဉာဏ်နှင့် ကုသမှုရွေးချယ်မှုတွေ ပြုလုပ်သင့်ပါတယ်။ သင့်မှာကလေးရှိတယ်ဆိုရင်လည်း အစားအသောက် အလွန်အကျွံစားတာ မကောင်းဘူးဆိုတာကို ကြိုရှင်းပြထားသင့်ပါတယ်။

ကုသဖို့အတွက် ရွေးချယ်မှုများ

အမူအကျင့်ကုထုံး

မျိုသိပ်ထားတဲ့ ပြဿနာတွေကြောင့် အရမ်းစားနေမိတယ်ဆိုရင် ဒီပြဿနာတွေကို အရင်ဖြေရှင်းဖို့လိုအပ်ပါတယ်။ မကောင်းတဲ့ခံစားချက်တွေကို ထိန်းညှိသင့်ပြီး အစားအစာစားသုံးမှုကို ကန့်သတ်နိုင်စေဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ထိန်းချုပ်နိုင်ရပါမယ်။

Dialectical အပြုအမူကုထုံး

ဒီနည်းလမ်းက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ပိုရှိစေပြီး အခြားသူတွေနှင့်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။ ဒါတွေက သင့်ကို အရမ်းစားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ခဲ့ရင် ပြဿနာတွေကို ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းရှိတယ်ဆိုတာ သင်တွေ့ပါလိမ့်မယ်။

ဆေးဝါးများ

ဒါကို နောက်ဆုံးမှပဲ လုပ်သင့်ပါတယ်။ ဆေးဝါးတွေက အလွန်အကျွံစားတာကို လျှော့ချပေးနိုင်တဲ့ အဖြစ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် တော့ လျော့မသွားပါဘူး။ ဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပြီး သူပြောတဲ့အတိုင်း လိုက်နာသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments