တိရစ္ဆာန်တွေက ရာသီဥတုအခြေအနေတွေကို ဘယ်လိုနည်းနဲ့ ခန့်မှန်းနိုင်ကြလဲ

တိရစ္ဆာန်တွေက ရာသီဥတုအခြေအနေတွေကို ခန့်မှန်းနိုင်ကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေက ရာသီဥတုကို ဘယ်လိုနည်းနဲ့ ခန့်မှန်းနိုင်သလဲ ဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

တိရစ္ဆာန်တွေက ရာသီဥတုကို နည်းလမ်း ၃ မျိုးနဲ့ ခန့်မှန်းနိုင်ကြပါတယ်။

အကြား

တိရစ္ဆာန်တွေက အသံ၊ အနံ့၊ လေထုဖိအားပြောင်းလဲမှုတွေကို လူသားတွေထက် ပိုပြီး သိနိုင်ကြပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ကြောင်လေးက သင် မကြားနိုင်တဲ့အဝေးက မိုးချုန်းသံတွေကို ကြားနိုင်ပါတယ်။

မုန်တိုင်းမလာခင်မှာ လေထုဖိအားကျသွားတာကို ကြောင်တွေရဲ့နားက ရုတ်တရက် သတိပြုမိနိုင်ပါတယ်။ အဲဒီနည်းနဲ့ ရာသီဥတုပြောင်းလဲတော့မှာကို ကြောင်တွေက လူသားတွေထက် စောပြီး သိကြပါတယ်။

ဖိအား

လေထုဖိအားကျသွားတဲ့အခါ ငါးမန်းတွေက ရေနက်တဲ့နေရာကို သွားနေကြပါတယ်။ ငှက်တွေကလည်း လေထုဖိအားကျသွားတာကို သိကြပါတယ်။

အဲဒါကြောင့် ငှက်တွေက စားသောက်နေထိုင်ဖို့ နေရာ၊ အချိန်တွေအတွက် ဆုံးဖြတ်ချက်တွေ ချကြပါတယ်။

အပူချိန်

အချို့တိရစ္ဆာန်တွေက အပူချိန်နည်းနည်းလေး ပြောင်းလဲသွားရင်တောင် သတိထားမိကြပါတယ်။ ပုရစ်ကောင်ရဲ့နှလုံးခုန်နှုန်းက ပတ်ဝန်းကျင်က အပူချိန်ပေါ်မှာ မူတည်နေပါတယ်။

ပုရစ်ကောင်တွေက သွေးအေးသတ္ထတွတွေဖြစ်ပြီး အပူချိန်မြင့်လာရင် ဇီဝကမ္မဖြစ်စဉ်လည်း မြင့်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments