ကမ္ဘာပေါ်မှာ ထူးခြားတဲ့လက်ထပ်ပွဲတွေ အများကြီးရှိပါတယ်။ အချို့က ဆိတ်နဲ့ လက်ထပ်သလို အချို့ကလည်း နွားနဲ့လက်ထပ်ပါတယ်။ မက္ကဆီကိုနိုင်ငံက မြို့တော်ဝန်ကတော့ အရမ်းကို အန္တရာယ်များတဲ့ သတို့သမီးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။
VIctor Hugo Sosa ဆိုသူကတော့ မက္ကဆီနိုင်ငံ၊ San Pedro Huamelula မြို့က မြို့တော်ဝန်ပါ။ သူရဲ့လက်ထပ်ပွဲက ခုရက်ပိုင်းမှာတော့ အရမ်းကို နာမည်ကြီးနေပါတယ်။
နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ သူရဲ့ထူးခြားတဲ့ သတို့သမီးကြောင့်ပါပဲ။ သူ့ရဲ့သတို့သမီးကတော့ အသက် ၇ နှစ်အရွယ်ရှိတဲ့ မိကျောင်းပါ။
သူတို့ရဲ့ဓလေ့အယူအဆရ မိကျောင်းက ကမ္ဘာမြေကြီးကို ကိုယ်စားပြုတဲ့ နတ်သမီးပါပဲ။ မိကျောင်းနဲ့ လက်ထပ်တာက လူသားတွေနဲ့ ဘုရားသခင်ကြားက ဆက်သွယ်မှုလို့လည်း မက္ကဆီကိုလူမျိုးတွေက ယုံကြည်ကြပါတယ်။
မြို့တော်ဝန် Sosa က ငါးဖမ်းတဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့မြို့က မြို့တော်ဝန်ပါ။ မြို့တော်ဝန်ဟာ မိကျောင်းနဲ့ လက်ထပ်ရတဲ့ အကြောင်းအရင်းလည်း ရှိပါတယ်။
မိုးရွာစေဖို့အတွက် မြို့တော်ဝန်က မိကျောင်းနဲ့ လက်ထပ်လိုက်တာပါ။ မြို့တော်ဝန်နဲ့ မိကျောင်းလက်ထပ်တာဟာ သူတို့ရဲ့မြို့မှာတော့ မိုးရွာဖို့အတွက် ပြုလုပ်နေကျ ထုံးတမ်းအစဉ်အလာတစ်ခုပါပဲ။
သူတို့ရဲ့မင်္ဂလာပွဲကို မိကျောင်းရဲ့ ခေါင်းကိုင်မိခင်ဖြစ်တဲ့ Elia Edith Aguilar က ပြုလုပ်ပေးတာပါ။ မိကျောင်းကို သတို့သမီးဝတ်စုံ ဝတ်ပေးဖို့အတွက် အချိန်များစွာ ယူရတယ်လို့လည်း ဆိုပါတယ်။
Elia Edith Aguilar ကတော့ သူ့ရဲ့မိကျောင်းလေးကို မြို့တော်ဝန်နဲ့ လက်ဆက်ပေးရလို့ အရမ်းကို ဂုဏ်ယူဝမ်းသာနေပါတယ်။
ရုပ်သံ
Zombie (lovemedia)
0 Comments