မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး

လူတချို့ မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး။ လူတချို့ မင်းနားမှာ မပျော်တော့ဘူး ဆိုတိုင်း မင်းက အသုံးမဝင် တော့လို့ မဟုတ်ဘူး။

လူတချို့ မင်းကို အရေးမလုပ် တော့ဘူး ဆိုတိုင်း မင်းက လူရာမဝင် တော့လို့ မဟုတ်ဘူး။

တကယ်တော့ မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ ပေးဆပ်မှု မင်းရဲ့ အလေးထားမှုနဲ့ မတန်တဲ့ သူတွေ ရှိသလို အရမ်းချစ်တဲ့ ဒဏ်ကို မခံနိုင်တဲ့ သူတွေလည်း ရှိတယ်။ လွယ်လွယ်နဲ့ ရရင် လူတွေက တန်ဖိုး မထားချင် ကြဘူး။

ဒါကို မင်းသိရင် နောက်တခါ ဘယ်အရာကိုမှ အလကား မပေးနဲ့။ စွန့်ပစ် ခံရတယ် ဆိုတိုင်း အမှိုက် မဟုတ်ဘူး ဆိုတာ နားလည် တဖက်က တန်ဖိုး မသိတာလဲ ဖြစ်နိုင်တယ်။

တခါတလေမှာ ကိုယ်နဲ့ မထိုက်တန်တဲ့ သူတွေ၊ ကိုယ့်ကို အမြဲ နာကျင်စေတဲ့ သူတွေကို လောကကြီးက သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ် ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို ဆွဲထားရ တာလဲ ပင်ပန်းတာ ပါပဲ။ အဲဒီတော့ မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက်၊ နေချင်သူတွေ ကိုတော့ သူ့သဘော အတိုင်း ရှိပါစေ။

သူတို့ ဆုံးရှုံးသွား တာက ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့ သူကို။ မင်း ဆုံးရှုံးရတာက မင်းကို အမြဲ စိတ်ဆင်းရဲအောင် လုပ်တဲ့ သူတွေကိုပါ။

ကဲ ဘယ်သူနာလဲ။ မင်း မနာပါဘူး။ အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ ဘူးပေါ့။ တယောက်ထဲ နေလည်း ဖြစ်တယ်။ နှစ်ယောက် ရှိမှ ဘဝ မဟုတ်ပါဘူး။ လူတွေများလေ အပူတွေ များလေပဲ။

ကိုယ့်မိသားစုနဲ့ ကိုယ့်အပေါ် တကယ် ကောင်းတဲ့ သူတွေကိုပဲ တန်ဖိုးထားပြီး ချစ်လိုက်ပါ။ ကျန်တဲ့ အပေါ်ယံတွေ အတွက် အလေးအနက် ထားပြီး ခံစား မနေပါနဲ့။ နောက်ထပ် မမိုက်ချင်ပါနဲ့။

မင်းက သင်ခန်းစာတွေ ရဖို့ စာလေး တပုဒ်ပဲ ဖတ်ရတာပါ။ ငါ့မှာက ဘဝနဲ့ ရော မျက်ရည်တွေနဲ့ပါ ရင်းခဲ့ရတာပါ။ မင်းဖတ်ရတာ တန်ပါတယ်။ Crd

Post a Comment

0 Comments