သူဌေးသားနှစ်ယောက်နှင့် ဗျိုင်းပြဿနာ

တခါက သူဌေးသား တယောက်သည် ဗျိုင်းတကောင်ကို လေးနှင့် ပစ်ကာ ယူလာ၏။ လမ်းတွင် အခြားသော သူဌေ းတယောက်နှင့် တွေ့လျှင် ထိုသူဌေးသည် ဗျိုင်းအသေကောင်ကို ကြည့်ကာ သူ့ရင်ကို ထု၍ ရှိုက်ကြီးတငင် ငို၏။

"ငါ့ဗျိုင်းသည် သာမညဗျိုင်း မဟုတ်ပါ။ တနေ့ကို ရွှေစင် တကျပ်သား အမြဲ အန်ထုတ် ပေးနိုင်သည့် ဗျိုင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ အဖိုးတန် ဗျိုင်းကို သင် ယခု သတ်လိုက်ပြီ။ သင့်အား အလျော်တောင်းမည်" ဟု ဆိုလျက် ဗျိုင်းကို လေးနှင့် ပစ်လာသည့် သူဌေးသားအား ခုံသမာဓိရုံး၌ တရားစွဲဆို၏။

ထိုအခါတွင် ဗျိုင်းကို သတ်မိသော သူဌေးသားက ခုံမင်းရှေ့တွင် "သင့်အား ဤဗျိုင်းသည် ရွှေစင် တကျပ်သား နေ့စဉ် အန်ထုတ် ပေးခဲ့သည်မှာ နှစ်ကာလ အဘယ်မျှ ကြာခဲ့ပြီနည်း" ဟု မေး၏။ ဗျိုင်းရှင် သူဌေးသားသည် "တနှစ် ရှိခဲ့ပြီ" ဟု ဆို၏။

ထိုအခါ ဗျိုင်းကို သတ်သည့် သူဌေးသားသည် "ဤဗျိုင်းသည် ငါ့အိမ်ရှေ့မှာ စုပုံထားသည့် ရွှေစင်ကို နေ့စဉ် လာ၍ တကျပ်သားစီ ခိုးယူ နေသည်မှာ ကြာပြီ။ နေ့စဉ်ပင် ငါချောက်လှန့်၍ ဖမ်းသော်လည်း မရခဲ့။ ယခုမှ ခိုးသား ဗျိုင်းကို ရတော့သည်။

သင်သည်လည်း သူခိုးလက်ခံ ဖြစ်သည်။ ထို့ကြောင့် တနှစ် အတွက် ရွှေစင် သုံးပိဿာ ခြောက်ဆယ်သားကို ငါ့အား ပြန်ပေးရမည်" ဟု ထုချေလျှင် ဗျိုင်းရှင် ဆိုသူ သူဌေးသားသည် ဗျိုင်းပစ်သူ သူဌေးသားအား အလျော်ပေးရ လေတော့သည်။

ကောက်ပင်ရိတ်သူသည် ကောက်ပင်တို့ကို လက်တဖက်ဖြင့် ကြပ်တည်း မြဲမြံစွာ ဆုပ်ကိုင်ပြီးမှ ကောက်ပင် အရင်းကို ရိတ်ဖြတ်ရ သကဲ့သို့ စကား ပြောဆိုရာ၌ သူတပါး၏ စကားကို မြဲမြံစွာ ချည်နှောင် သကဲ့သို့ ပြုပြီးသော အခါမှ မိမိ၏ စကားဖြင့် အရင်းက ဖြတ်ပိုင်း ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး" စကားပြောနည်းပင် မည်၏။ ဆရာမကြီး ကြည်ဦး၊ မြန်မာစကားပုံ ပုံပြင်များ။ phoomyatchal

Zawgyi

သူေဌးသားႏွစ္ေယာက္ႏွင့္ ဗ်ိဴင္းေသျပႆနာ

တခါက သူေဌးသား တေယာက္သည္ ဗ်ိဳင္းတေကာင္ကို ေလးႏွင့္ ပစ္ကာ ယူလာ၏။ လမ္းတြင္ အျခားေသာ သူေဌ းတေယာက္ႏွင့္ ေတြ႕လွ်င္ ထိုသူေဌးသည္ ဗ်ိဳင္းအေသေကာင္ကို ၾကည့္ကာ သူ႔ရင္ကို ထု၍ ရႈိက္ႀကီးတငင္ ငို၏။

"ငါ့ဗ်ိဳင္းသည္ သာမညဗ်ိဳင္း မဟုတ္ပါ။ တေန႔ကို ေ႐ႊစင္ တက်ပ္သား အၿမဲ အန္ထုတ္ ေပးႏိုင္သည့္ ဗ်ိဳင္း ျဖစ္ပါသည္။ ကြၽႏ္ုပ္၏ အဖိုးတန္ ဗ်ိဳင္းကို သင္ ယခု သတ္လိုက္ၿပီ။ သင့္အား အေလ်ာ္ေတာင္းမည္" ဟု ဆိုလ်က္ ဗ်ိဳင္းကို ေလးႏွင့္ ပစ္လာသည့္ သူေဌးသားအား ခုံသမာဓိ႐ုံး၌ တရားစြဲဆို၏။

ထိုအခါတြင္ ဗ်ိဳင္းကို သတ္မိေသာ သူေဌးသားက ခုံမင္းေရွ႕တြင္ "သင့္အား ဤဗ်ိဳင္းသည္ ေ႐ႊစင္ တက်ပ္သား ေန႔စဥ္ အန္ထုတ္ ေပးခဲ့သည္မွာ ႏွစ္ကာလ အဘယ္မွ် ၾကာခဲ့ၿပီနည္း" ဟု ေမး၏။ ဗ်ိဳင္းရွင္ သူေဌးသားသည္ "တႏွစ္ ရွိခဲ့ၿပီ" ဟု ဆို၏။

ထိုအခါ ဗ်ိဳင္းကို သတ္သည့္ သူေဌးသားသည္ "ဤဗ်ိဳင္းသည္ ငါ့အိမ္ေရွ႕မွာ စုပုံထားသည့္ ေ႐ႊစင္ကို ေန႔စဥ္ လာ၍ တက်ပ္သားစီ ခိုးယူ ေနသည္မွာ ၾကာၿပီ။ ေန႔စဥ္ပင္ ငါေခ်ာက္လွန႔္၍ ဖမ္းေသာ္လည္း မရခဲ့။ ယခုမွ ခိုးသား ဗ်ိဳင္းကို ရေတာ့သည္။

သင္သည္လည္း သူခိုးလက္ခံ ျဖစ္သည္။ ထို႔ေၾကာင့္ တႏွစ္ အတြက္ ေ႐ႊစင္ သုံးပိႆာ ေျခာက္ဆယ္သားကို ငါ့အား ျပန္ေပးရမည္" ဟု ထုေခ်လွ်င္ ဗ်ိဳင္းရွင္ ဆိုသူ သူေဌးသားသည္ ဗ်ိဳင္းပစ္သူ သူေဌးသားအား အေလ်ာ္ေပးရ ေလေတာ့သည္။

ေကာက္ပင္ရိတ္သူသည္ ေကာက္ပင္တို႔ကို လက္တဖက္ျဖင့္ ၾကပ္တည္း ၿမဲၿမံစြာ ဆုပ္ကိုင္ၿပီးမွ ေကာက္ပင္ အရင္းကို ရိတ္ျဖတ္ရ သကဲ့သို႔ စကား ေျပာဆိုရာ၌ သူတပါး၏ စကားကို ၿမဲၿမံစြာ ခ်ည္ေႏွာင္ သကဲ့သို႔ ျပဳၿပီးေသာ အခါမွ မိမိ၏ စကားျဖင့္ အရင္းက ျဖတ္ပိုင္း ေျပာဆိုျခင္းသည္ "ေကာက္ပင္ရိတ္လွီး" စကားေျပာနည္းပင္ မည္၏။ ဆရာမႀကီး ၾကည္ဦး၊ ျမန္မာစကားပုံ ပုံျပင္မ်ား။ phoomyatchal

Post a Comment

0 Comments