တန်ဖိုးချင်း မတူပါ

တခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ် ဆိုပဲ။ စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။

ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံး တတုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ နာတယ် ဆိုပြီး အော်တယ်။

ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်း အဖြစ်နဲ့ပဲ ထားခဲ့လိုက် တော့တယ်။

နောက်သစ်သားတုံး တတုံးကတော့ ဘယ်လောက် နာပေမယ့် သူမအော်ဘဲ ကြိတ်မှိတ် သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကို လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တု အဖြစ် ထုခဲ့တယ်။

လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။

သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ အခု သူကတော့ အခေါက်ခံရပြီး ဟိုသစ်သားတုံး ကျတော့ အပူဇော် ခံရတယ် ဆိုပြီး မကျေမနပ် ဖြစ်သွားတယ်။ အဲ့ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ် ဆိုပြီး စွပ်စွဲလိုက်တယ်။

ဒီအချိန်မှာ နတ်ဘုရားရုပ်တု အဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ်။

"မင်းကမှ သည်းမခံတာကိုး" တဲ့။

ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ်ကိုတော့ သွားနေကြတာချင်း တူပါတယ်။ ဒါပေမဲ့ တချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှ မဖြစ်ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။

ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနက ပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှု ဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှု အပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွားတာမျိုး ဖြစ်ပါတယ်။ Crd

Zawgyi

တန္ဖိုးခ်င္း မတူပါ

တခါတုန္းက သစ္ပင္ေတြဟာ စကားေျပာတတ္တယ္ ဆိုပဲ။ စကား ေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာ တေယာက္က ပန္းပုထုဖို႔ ယူလာခဲ့တယ္။

ခုတ္ထားတဲ့ သစ္သား တုံးေတြကို ပန္းပုထုေတာ့ သစ္သားတုံး တတုံးက အထုခံရ၊ အခုတ္ခံရ၊ အထြင္းခံရ၊ အ႐ိုက္ခံရ၊ အႏွက္ခံရေတာ့ နာတယ္ ဆိုၿပီး ေအာ္တယ္။ ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့သစ္သားတုံးကို အေသးစိတ္ မြန္းမံ မေနေတာ့ဘဲ တုံးေမာင္း အျဖစ္နဲ႔ပဲ ထားခဲ့လိုက္ ေတာ့တယ္။

ေနာက္သစ္သားတုံး တတုံးကေတာ့ ဘယ္ေလာက္ နာေပမယ့္ သူမေအာ္ဘဲ ႀကိတ္မွိတ္ သည္းခံၿပီးေတာ့ ေနခဲ့လိုက္တယ္။ ပန္းပုဆရာက အဲဒီသစ္တုံးကို လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခဲ့တယ္။

လူသားေတြက တုံးေမာင္းကို ေခါက္ၿပီး နတ္ဘုရား႐ုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့ တုံးေမာင္းျဖစ္ေနတဲ့ သစ္သားက အသည္းအသည္ ငိုေႂကြးတယ္။

သူတို႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါရဲ႕နဲ႔ အခု သူကေတာ့ အေခါက္ခံရၿပီး ဟိုသစ္သားတုံး က်ေတာ့ အပူေဇာ္ ခံရတယ္ ဆိုၿပီး မေက်မနပ္ ျဖစ္သြားတယ္။ အဲ့ဒါနဲ႔ ပန္းပုဆရာကို ဘက္လိုက္တယ္ ဆိုၿပီး စြပ္စြဲလိုက္တယ္။

ဒီအခ်ိန္မွာ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခံလိုက္ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္။

"မင္းကမွ သည္းမခံတာကိုး" တဲ့။

ဟုတ္ပါတယ္။ လူသားေတြလည္း ကိုယ္ပိုင္ လမ္းေၾကာင္းေပၚကိုေတာ့ သြားေနၾကတာခ်င္း တူပါတယ္။ ဒါေပမဲ့ တခ်ိဳ႕က ေအာင္ျမင္ၾကတယ္။ တခ်ိဳ႕က ဘာမွ မျဖစ္ထြန္းၾကဘူး။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ထြန္းပါရဲ႕၊ ဒါေပမဲ့ အက်ိဳးျဖစ္ထြန္းမႈ အားနည္းၾကရတယ္။

ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲလို႔ ဆန္းစစ္ၾကည့္ေတာ့ ခုနက ေျပာတဲ့ ေလာကဓံရဲ႕ ႐ိုက္ပုတ္မႈ ဒဏ္ကို အလူးအလဲ ခံရတဲ့အခါမွာ သည္းခံႏိုင္မႈ၊ သည္းမခံႏိုင္မႈ အေပၚမွာ မူတည္ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာျခားသြားတာမ်ိဳး ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments