တန်ဖိုးရှိတဲ့ နေရာ

တယောသမား တယောက်ဟာ နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံ တရုံမှာ ၄၅ မိနစ် ကြာအောင် တယော ထိုးခဲ့တယ်။ ရပ် နားထောင်တဲ့သူ မရှိသလောက်နဲ့ လက်ခုပ်တီးသူ နှစ်ယောက် လောက်သာ ရှိခဲ့တယ်။ တစ်ပ်ပေးတဲ့ ပိုက်ဆံ အားလုံး ပေါင်းမှ ဒေါ်လာ သုံးဆယ် လောက်ပဲ ရခဲ့တယ်။

ဒါပေမဲ့ ဘယ်သူမှ မသိခဲ့တာ ကတော့ အဲဒီ တယောသမားဟာ ကမ္ဘာ့ အကောင်းဆုံး ဂီတပညာရှင်တွေ ထဲက တယောက်ဖြစ်တဲ့ ဂျော်ရွှာဘဲလ် ဆိုတာ ပါပဲ။ ဂျော်ရွှာဟာ ဒေါ်လာ ၃.၅ မီလျံ တန်ဖိုး ရှိတဲ့ တယောနဲ့ အခက်ဆုံး အကောင်းဆုံး တေးသွားတွေကို တီးခတ်ပြ ခဲ့တာပါ။

အဲဒီလို ဘူတာမှ မတီးပြခင် နှစ်ရက် အလိုမှာ ဂျော်ရွှာဘဲလ်ဟာ ဘော်စတန်မြို့က ကပွဲရုံကြီး တရုံမှာ ရုံပြည့်ရုံလျှံ လက်မှတ်တွေ ရောင်းကောင်း ခဲ့ပြီး သူ့ဂီတ လက်သံကို နားဆင်ဖို့ လက်မှတ် တစောင်ဟာ ဒေါ်လာတရာ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

ဒီစမ်းသပ်မှုက ဘာကို သင်ခန်းစာ ယူနိုင်သလဲ ဆိုတော့ သင်ဟာ ဘယ်လောက် တော်နေ တော်နေ အခြေအနေ အချိန်အခါကို သိတတ်တဲ့ အရည်အချင်း ရှိရပါမယ်။ သင့်ရဲ့ ထူးချွန်မှု အရည်အသွေးကို အသိအမှတ် မပြုတဲ့ ပတ်ဝန်းကျင်မှာ ကြာကြာ အချိန်ဖြုန်း မနေသင့်ပါဘူး။

လူတွေက လှည့်မကြည့်တိုင်း၊ လက်ခုပ် မတီးတိုင်း ကိုယ်ညံ့လို့ မဟုတ်ပါဘူး။ သင့်ရဲ့ အရည်အချင်းကို သူတို့ နားလည်နိုင်စွမ်း မရှိလို့ပါ။ ဒါကြောင့် သင့်ကို တန်ဖိုးထားမဲ့ အသိအမှတ် ပြုမဲ့ နေရာကို သွားပါ။

သင့်အစွမ်းအစ တွေကို နားလည်မဲ့၊ အသုံးဝင်မှန်း သိတဲ့ တန်ဖိုးရှိတဲ့ ပတ်ဝန်းကျင်ကို ရွှေ့ပြောင်းပါ။ တခါတလေ သင့်ရဲ့ မသိစိတ်က အဲဒီလို ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းနေ ပါလိမ့်မယ်။ သင် ဘယ်လောက် အဖိုးတန်သလဲ သင်ကိုယ်တိုင် အသိဆုံး ဖြစ်ပါစေ။ Crd

Zawgyi

တန္ဖိုးရွိတဲ့ ေနရာ

တေယာသမား တေယာက္ဟာ နယူးေရာက္ၿမိဳ႕ႀကီးရဲ႕ ဘူတာ႐ုံ တ႐ုံမွာ ၄၅ မိနစ္ ၾကာေအာင္ တေယာ ထိုးခဲ့တယ္။ ရပ္ နားေထာင္တဲ့သူ မရွိသေလာက္နဲ႔ လက္ခုပ္တီးသူ ႏွစ္ေယာက္ ေလာက္သာ ရွိခဲ့တယ္။ တစ္ပ္ေပးတဲ့ ပိုက္ဆံ အားလုံး ေပါင္းမွ ေဒၚလာ သုံးဆယ္ ေလာက္ပဲ ရခဲ့တယ္။

ဒါေပမဲ့ ဘယ္သူမွ မသိခဲ့တာ ကေတာ့ အဲဒီ တေယာသမားဟာ ကမာၻ႔ အေကာင္းဆုံး ဂီတပညာရွင္ေတြ ထဲက တေယာက္ျဖစ္တဲ့ ေဂ်ာ္႐ႊာဘဲလ္ ဆိုတာ ပါပဲ။ ေဂ်ာ္႐ႊာဟာ ေဒၚလာ ၃.၅ မီလ်ံ တန္ဖိုး ရွိတဲ့ တေယာနဲ႔ အခက္ဆုံး အေကာင္းဆုံး ေတးသြားေတြကို တီးခတ္ျပ ခဲ့တာပါ။

အဲဒီလို ဘူတာမွ မတီးျပခင္ ႏွစ္ရက္ အလိုမွာ ေဂ်ာ္႐ႊာဘဲလ္ဟာ ေဘာ္စတန္ၿမိဳ႕က ကပြဲ႐ုံႀကီး တ႐ုံမွာ ႐ုံျပည့္႐ုံလွ်ံ လက္မွတ္ေတြ ေရာင္းေကာင္း ခဲ့ၿပီး သူ႔ဂီတ လက္သံကို နားဆင္ဖို႔ လက္မွတ္ တေစာင္ဟာ ေဒၚလာတရာ ဝန္းက်င္မွာ ရွိခဲ့ပါတယ္။

ဒီစမ္းသပ္မႈက ဘာကို သင္ခန္းစာ ယူႏိုင္သလဲ ဆိုေတာ့ သင္ဟာ ဘယ္ေလာက္ ေတာ္ေန ေတာ္ေန အေျခအေန အခ်ိန္အခါကို သိတတ္တဲ့ အရည္အခ်င္း ရွိရပါမယ္။ သင့္ရဲ႕ ထူးခြၽန္မႈ အရည္အေသြးကို အသိအမွတ္ မျပဳတဲ့ ပတ္ဝန္းက်င္မွာ ၾကာၾကာ အခ်ိန္ျဖဳန္း မေနသင့္ပါဘူး။

လူေတြက လွည့္မၾကည့္တိုင္း၊ လက္ခုပ္ မတီးတိုင္း ကိုယ္ညံ့လို႔ မဟုတ္ပါဘူး။ သင့္ရဲ႕ အရည္အခ်င္းကို သူတို႔ နားလည္ႏိုင္စြမ္း မရွိလို႔ပါ။ ဒါေၾကာင့္ သင့္ကို တန္ဖိုးထားမဲ့ အသိအမွတ္ ျပဳမဲ့ ေနရာကို သြားပါ။

သင့္အစြမ္းအစ ေတြကို နားလည္မဲ့၊ အသုံးဝင္မွန္း သိတဲ့ တန္ဖိုးရွိတဲ့ ပတ္ဝန္းက်င္ကို ေ႐ႊ႕ေျပာင္းပါ။ တခါတေလ သင့္ရဲ႕ မသိစိတ္က အဲဒီလို ေျပာင္းလဲမႈေတြ လုပ္ဖို႔ တိုက္တြန္းေန ပါလိမ့္မယ္။ သင္ ဘယ္ေလာက္ အဖိုးတန္သလဲ သင္ကိုယ္တိုင္ အသိဆုံး ျဖစ္ပါေစ။ Crd

Post a Comment

0 Comments