လယ်သမား ညီအကို

တခါတုန်းက လယ်သမား ညီအကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်း ကပ်ရပ် နေထိုင် ကြတယ်။ ဒါပေမယ့် တနေ့မှာတော့ ကိစ္စတခုကြောင့် ညီအကိုနှစ်ယောက်ဟာ ရန်ဖြစ်ပြီး မခေါ် မပြောနိုင် ဖြစ်ကြသတဲ့။

အဲဒီ အချိန်မှာ လက်သမား တယောက်က အကိုဖြစ်သူ အိမ်ကို ရောက်လာပြီး အလုပ် လာတောင်း ပါတယ်။ "လက်သမား အလုပ်လေးများ ရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော် ဘာမဆို ကျွမ်းကျွမ်း ကျင်ကျင် လုပ်တတ် ပါတယ်"

အကိုဖြစ်သူလည်း လက်သမားဆရာကို ခေါ်ပြီး ညီဖြစ်သူ နေထိုင်တဲ့ တဖက်ခြံကို ပြပါတယ်။ "ဟိုမယ် တွေ့လား။ ဟိုဖက်ခြံက ခြံနှစ်ခြံ ကြားမှာ မြောင်းဖော်ထားတာ။ အဲဒါ ကျနော့်ကို သူက ကင်းကင်း နေချင်ကြောင်း ပြနေတာ။

ကျနော် လုပ်ချင်တာက အဲ့ခြံကို မမြင်ရအောင် ကာချင်တယ်။ အဲဒါ ခင်ဗျား လုပ်ပေးနိုင် မလား။ လိုတာ အားလုံး ကျနော် ဝယ်ပေးမယ်" "ဟုတ်ကဲ့ ရပါတယ်။ တညအတွင်း ကျနော် အပြီး လုပ်ပေးပါမယ်"

အကိုဖြစ်သူလည်း လက်သမားဆရာ လိုအပ်တယ် ပြောတဲ့ သစ်သား၊ သံ စသဖြင့် အကုန် ဝယ်ပေးလိုက် ပါတယ်။ နောက်တနေ့ နံနက် လင်းတော့ အကိုဖြစ်သူက အိမ်အပြင် ထွက်ကြည့်လိုက်ပြီး အံ့သြသွားပါတယ်။

သူမြင်လိုက်ရ တာက နံရံကြီး ဖြစ်ရမယ့် အစား မြောင်းကို ကျော်တဲ့ သစ်သားတံတား လှလှလေး ဖြစ်နေပါတယ်။ တဖက်ခြံက ညီဖြစ်သူက ပြုံးရွှင်စွာနဲ့ တံတားကို ဖြစ်ကျော်လာပြီး

"အကိုရယ်။ ကျနော် မှားပါတယ်။ ကျနော် အကို့ကို စိတ်ဆိုးပြီး မြောင်းဖောက် ထားတာတောင် အကိုက အဆက်အသွယ် မပြတ်အောင် တံတား ဆောက်ခဲ့တယ်။

အကို့ရဲ့ မေတ္တာတရားကို ကျနော် သဘောပေါက် ပါပြီ။ ကျနော့် အပြုအမူ ကိုလည်း အကို ခွင့်လွတ်ပေးပါ" လို့ ပြောပြီး ညီအကိုနှစ်ယောက် ဖက်လိုက်ကြပါတယ်။

အကိုဖြစ်သူက လက်သမားဆရာကို ကျေးဇူးတင်စွာ ကြည့်လိုက်တော့ လက်သမားဆရာက သူ့ပစ္စည်းတွေကို သိမ်းဆည်း နေပါတယ်။ "လက်သမားဆရာ။ နေပါဦးဗျာ။ ကျနော် အလုပ်တွေ အပ်ချင် ပါသေးတယ်"

ထိုအခါ လက်သမားဆရာက "ကျနော် နေချင် ပါတယ်ဗျာ။ ဒါပေမယ့် ကျနော် တံတားတွေ ထပ်ဆောက်ရဦး မယ်ဗျ" လို့ ပြောပြီး ထွက်ခွာသွား ပါတော့တယ်။

ဘဝမှာ အရေးပါတဲ့ ရွေးချယ်မှုတွေ အများကြီး ပြုလုပ်ရ မှာပါ။ နံရံ ဆောက်မှာလား၊ တံတား ဆောက်မှာလား ဆိုတဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး ရလဒ်တွေကလည်း ကွဲပြားသွားမှာပါ။ Crd

Post a Comment

0 Comments