အမှိုက်လို လူတွေကြောင့် စိတ်ညစ်မခံပါနဲ့

တချို့ လူတွေက သူတို့ရဲ့ မကျေနပ် ချက်တွေ၊ ပြဿနာ တွေကို ကျွန်တော်တို့ အပေါ် ပုံချတတ် ကြတယ်။ အလုပ်မှာ အဆင်မပြေတာ တွေကို အိမ်ကိုယူ၊ အိမ်က စိတ်ညစ်စရာတွေကို အလုပ်ကို ယူပြီး ပြဿနာ တွေကို သွားလေရာ သယ်သွားတတ် ကြတယ်။

ချစ်သူနဲ့ အဆင်မပြေ တာနဲ့ သူငယ်ချင်း မိတ်ဆွေတွေ ကိုပါ ကောင်းကောင်း မဆက်ဆံ ကြတော့ဘူး။ သူဌေးနဲ့ ပြဿနာ တတ်တာနဲ့ လုပ်ဖော်ကိုင်ဖက် တွေကိုပါ အပြစ်တင် တော့တာပဲ။ အိမ်က ထွက်လာတာ စိတ်မကြည်တော့ လမ်းမှာ တွေ့တဲ့ သူတိုင်းနဲ့ ပြဿနာ တတ်ရော။

မှားလား မှန်လား၊ ဖြစ်နိုင်လား မဖြစ်နိုင်လား သေချာ မစဉ်းစားဘဲ တွေ့သမျှ ကြားသမျှ သတင်းတွေ ခေါင်းထဲ ထည့်ပြီး တွေ့တဲ့လူ မှန်သမျှကို စိတ်ညစ်စရာ တွေဘဲ တန်းစီပြီး ပြောတော့တာဘဲ။

ကိုယ့်ကိုယ်ကိုလည်း စိတ်တိုင်းမကျ၊ ဟိုလူ့လည်း မကျေနပ် ဒီလူ့လည်း မကျေနပ်နဲ့ အကောင်းမြင်စိတ်လည်း တစက်လေးမှ မရှိဘဲ အရာရာကို အဆိုးမြင်တဲ့သူတွေ နားမှာ နေရတာဟာ အကုသိုလ် များရသလို တကယ်လည်း စိတ်မချမ်းသာဘူး။

လောကမှာ အမှိုက်လို လူတွေ ရှိပါတယ်။ သူတို့ ပေးသမျှ လက်ခံပြီး သူတို့ အမှိုက်တွေကို ကိုယ့်ခေါင်းထဲ မထည့်ပါနဲ့။ အမှိုက်လို လူတွေက သူတို့ စိတ်မကျေနပ်ချက် တွေကို တွေ့တဲ့သူ အပေါ် စုပုံချ အပြစ်တင် တတ်ကြတယ်။

ဒါပေမယ့် သူတို့ ဘယ်လောက်ဘဲ ပေးပေး ကျွန်တော်တို့ မယူရင်၊ လက်မခံရင် မရပါဘူး။ ကိုယ့်ဦးနှောက်ထဲကို မလိုတဲ့ အချက်အလက်တွေ ထည့်မထားပါနဲ့။ ဘဝခရီးရှည် ကြီးကို အမှိုက်တွေ သယ်မသွားပါနဲ့။

အမှိုက်လို လူတွေနဲ့ ဝေးဝေးနေပါ။ သူတို့က တွေ့တဲ့သူ အပေါ်ကို သူ့တို့ရဲ့ အမှိုက်တွေ သွန်ချတတ် ပေမယ့် ကိုယ်က လက်ခံလိုက် မိရင် ကိုယ့်ဆီမှာ ကျန်ခဲ့ပြီးတော့ အရှုပ်တွေ မပျော်ရွှင်စရာတွေ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် စိတ်နဲ့ ဦးနှောက်ထဲကို မလိုတာတွေ မထည့်ပါနဲ့။ အမှိုက်လို လူတွေကြောင့်လည်း စိတ်ညစ် မခံပါနဲ့။ ကိုယ့်ခေါင်းထဲကို အမှိုက် လာထည့်မယ့် သူတွေကိုလည်း ဝေးဝေးက ရှောင်ပါ။

Zawgyi

အမႈိက္လို လူေတြေၾကာင့္း စိတ္ညစ္မခံပါနဲ႔

တခ်ိဳ႕ လူေတြက သူတို႔ရဲ႕ မေက်နပ္ ခ်က္ေတြ၊ ျပႆနာ ေတြကို ကြၽန္ေတာ္တို႔ အေပၚ ပုံခ်တတ္ ၾကတယ္။ အလုပ္မွာ အဆင္မေျပတာ ေတြကို အိမ္ကိုယူ၊ အိမ္က စိတ္ညစ္စရာေတြကို အလုပ္ကို ယူၿပီး ျပႆနာ ေတြကို သြားေလရာ သယ္သြားတတ္ ၾကတယ္။

ခ်စ္သူနဲ႔ အဆင္မေျပ တာနဲ႔ သူငယ္ခ်င္း မိတ္ေဆြေတြ ကိုပါ ေကာင္းေကာင္း မဆက္ဆံ ၾကေတာ့ဘူး။ သူေဌးနဲ႔ ျပႆနာ တတ္တာနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ေတြကိုပါ အျပစ္တင္ ေတာ့တာပဲ။ အိမ္က ထြက္လာတာ စိတ္မၾကည္ေတာ့ လမ္းမွာ ေတြ႕တဲ့ သူတိုင္းနဲ႔ ျပႆနာ တတ္ေရာ။

မွားလား မွန္လား၊ ျဖစ္ႏိုင္လား မျဖစ္ႏိုင္လား ေသခ်ာ မစဥ္းစားဘဲ ေတြ႕သမွ် ၾကားသမွ် သတင္းေတြ ေခါင္းထဲ ထည့္ၿပီး ေတြ႕တဲ့လူ မွန္သမွ်ကို စိတ္ညစ္စရာ ေတြဘဲ တန္းစီၿပီး ေျပာေတာ့တာဘဲ။

ကိုယ့္ကိုယ္ကိုလည္း စိတ္တိုင္းမက်၊ ဟိုလူ႔လည္း မေက်နပ္ ဒီလူ႔လည္း မေက်နပ္နဲ႔ အေကာင္းျမင္စိတ္လည္း တစက္ေလးမွ မရွိဘဲ အရာရာကို အဆိုးျမင္တဲ့သူေတြ နားမွာ ေနရတာဟာ အကုသိုလ္ မ်ားရသလို တကယ္လည္း စိတ္မခ်မ္းသာဘူး။

ေလာကမွာ အမႈိက္လို လူေတြ ရွိပါတယ္။ သူတို႔ ေပးသမွ် လက္ခံၿပီး သူတို႔ အမႈိက္ေတြကို ကိုယ့္ေခါင္းထဲ မထည့္ပါနဲ႔။ အမႈိက္လို လူေတြက သူတို႔ စိတ္မေက်နပ္ခ်က္ ေတြကို ေတြ႕တဲ့သူ အေပၚ စုပုံခ် အျပစ္တင္ တတ္ၾကတယ္။

ဒါေပမယ့္ သူတို႔ ဘယ္ေလာက္ဘဲ ေပးေပး ကြၽန္ေတာ္တို႔ မယူရင္၊ လက္မခံရင္ မရပါဘူး။ ကိုယ့္ဦးေႏွာက္ထဲကို မလိုတဲ့ အခ်က္အလက္ေတြ ထည့္မထားပါနဲ႔။ ဘဝခရီးရွည္ ႀကီးကို အမႈိက္ေတြ သယ္မသြားပါနဲ႔။

အမႈိက္လို လူေတြနဲ႔ ေဝးေဝးေနပါ။ သူတို႔က ေတြ႕တဲ့သူ အေပၚကို သူ႔တို႔ရဲ႕ အမႈိက္ေတြ သြန္ခ်တတ္ ေပမယ့္ ကိုယ္က လက္ခံလိုက္ မိရင္ ကိုယ့္ဆီမွာ က်န္ခဲ့ၿပီးေတာ့ အရႈပ္ေတြ မေပ်ာ္႐ႊင္စရာေတြ ျဖစ္သြားတတ္ပါတယ္။

ဒါေၾကာင့္ စိတ္နဲ႔ ဦးေႏွာက္ထဲကို မလိုတာေတြ မထည့္ပါနဲ႔။ အမႈိက္လို လူေတြေၾကာင့္လည္း စိတ္ညစ္ မခံပါနဲ႔။ ကိုယ့္ေခါင္းထဲကို အမႈိက္ လာထည့္မယ့္ သူေတြကိုလည္း ေဝးေဝးက ေရွာင္ပါ။

Post a Comment

0 Comments