ခရမ်းချဉ်သီးကို နေ့စဉ်စားပေးသင့်တဲ့အကြောင်းအရင်း (၁၀) ချက်

ခရမ်းချဉ်သီးမှာ ကျန်းမာရေးကို အများကြီးအထောက်အကူပြုတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးမှာ lycopene ပါဝင်တာကြောင့် အနီရောင်ဖြစ်နေပြီး တောက်ပပါတယ်။ ခရမ်းချဉ်သီးမှာ ပါတဲ့ lycopene က အခြားအသီးအနှံတွေမှာ ပါတာထက်ကို ပိုများပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ခရမ်းသီးဖျော်ရည်က ခရမ်းချဉ်သီးအစိမ်းထက်ပိုပြီး lycopene ပိုပြီးပါရှိပါတယ်။ အဲဒါကြောင့် ခရမ်းချဉ်သီးကို နေ့စဉ်စားသင့်တဲ့အကြောင်းအရင်းတွေကို love media ကနေ ‌ဖော်ပြလိုက်ပါတယ်နော်။

၁။ အသားအရေ

လေ့လာချက်တွေအရ ခရမ်းချဉ်သီးက အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ခရမ်းချဉ်သီးက အိုမင်းရင့်ရော်တာကို နှေးကွေးသွားစေတာပါ။ ဒါပေမယ့် sunscreen နေရာမှာတော့ ခရမ်းချဉ်သီးကို အစားထိုးလို့မရပါဘူး။

၂။ နှလုံးကျန်းမာရေး

Lycopene က အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီးတော့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားတာပါ။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၃။ အမြင်အာရုံ

ခရမ်းချဉ်သီးမှာ lycopene အပြင် lutein နဲ့ beta-carotene ပါရှိပါတယ်။ အဲဒီအရာတွေက မျက်လုံးကျန်းမာရေးအတွက် ကောင်းစေတာပါ။ ဖုန်း၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေကြောင့် မျက်လုံးကျန်းမာရေး ထိခိုက်လာတာကို ခရမ်းချဉ်သီးက သက်သာစေပါတယ်။

၄။ ကိုယ်ခံအားစနစ်

ခရမ်းချဉ်သီးစားတဲ့သူက မစားတဲ့သူထက် ကိုယ်ခံအားပိုကောင်းပါတယ်။ ခရမ်းချဉ်သီးက ကိုယ်ခံအားစနစ်ကို အားလျော့စေတဲ့ free radical တွေကို လျှော့ချပေးလို့ပါ။ ဒါ့အပြင် ခရမ်းချဉ်သီးက အဆုတ်နဲ့ အစာအိမ်ကင်ဆာဖြစ်နိုင်ချေတွေကိုလည်း လျှော့ပေးပါသေးတယ်။

၅။ အရိုးကျန်းမာရေး

ခရမ်းချဉ်သီးမှာ ဗီတာမင်ကေနဲ့ ကယ်လ်ဆီယမ်တွေ ပါဝင်နေသေးတာကြောင့် အရိုးတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ အရိုးတစ်ရှူးတွေ မကောင်းမွန်တာကိုလည်း ပြုပြင်ပေးနိုင်တဲ့အစွမ်းက ခရမ်းချဉ်သီးမှာ ရှိပါတယ်။

၆။ စိတ်ကို ပျော်ရွှင်စေခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ခရမ်းချဉ်သီးမှာ ကော့ပါး၊ ဇင့်နဲ့ မန်းဂနိစ်ပါတာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းတွေကို တိုးတက်စေပြီး စိတ်ကို ပျော်ရွှင်စေပါတယ်။ စိတ်မကြည်လင်တဲ့အခါ၊ စိတ်ပင်ပန်းနေတဲ့အခါ ခရမ်းချဉ်သီး ဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပါ။

၇။ ဆံပင်ကျန်းမာရေးကို အကျိုးပြုခြင်း

တစ်နေ့ကို ခရမ်းချဉ်သီး ၅ လုံးခန့်စားပေးတဲ့သူက ဆံပင်ကျန်းမာရေးပိုပြီးကောင်းပါတယ်။ သူ့မှာ ဗီတာမင်အေ ပါရှိတာကြောင့် ဆံပင်တွေကို သန်မာပြီး တောက်ပြောင်စေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီးက ဆံပင်ထူလာအောင်တော့ မကူညီပေးနိုင်ပါဘူး။

၈။ ကိုယ်အလေးချိန် လျှော့ချပေးခြင်း

ဝိတ်ချနေသူတွေအတွက် ခရမ်းချဉ်သီးက ရွေးချယ်သင့်တဲ့ အသီးပါ။ ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်တာကြောင့် ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန် လျော့ကျစေတာက ခရမ်းချဉ်သီးရဲ့အားသာချက်ပါ။

၉။ အဆုတ်ကျန်းမာရေး

ခရမ်းချဉ်သီးမှာပါတဲ့ beta-carotene က အဆုတ်ရဲ့လုပ်ငန်းတွေကို တိုးတက်စေပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ကျန်းမာရေး မကောင်းတာကို ပြန်လည်ကောင်းမွန်လာစေဖို့ ခရမ်းချဉ်သီးက လုပ်ဆောင်ပေးပါတယ်။

၁၀။ ခံတွင်းကျန်းမာရေး

Lycopene က ခံတွင်းကျန်းမာရေးနဲ့ သွားဖုံးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒါပေမယ့် ခရမ်းသီးအစိမ်းမှာ အက်ဆစ်ပါဝင်မှု များတာကြောင့် သွားအပေါ်ယံကြွေသားတွေကိုတော့ ထိခိုက်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments