လက်ကုတ်တိုင်း ကိုယ့်လူမဟုတ်ဘူး

တခါတုန်းက ရွာတရွာမှာ ဦးဖြူနဲ့ ဦးမဲတို့ နှစ်ယောက်ဟာ သူ့နွားလှည်းက ကောင်းတယ်၊ ငါ့နွားလှည်းက ကောင်းတယ်နဲ့ ငြင်းကြသတဲ့။ အဲဒီအချိန်မှာ ဦးဉာဏ်ပိုင် ဆိုတဲ့ လူက ဝင်ထောင်တယ်။ "ကောင်း မကောင်း ပြိုင်ကြည့်မှ သိမှာပေါ့" တဲ့။

အဲဒါနဲ့ ဦးဖြူနဲ့ ဦးမဲတို့ နွားလှည်းချင်း ပြိုင်ကြတဲ့ အဆင့် ရောက်ပါ လေရော။ ပြိုင်ခါနီး အချိန်မှာတော့ ဦးဉာဏ်ပိုင် တယောက် ဦးဖြူနဲ့ ဦးမဲနှစ်ယောက် ကြားကို ဝင်ပြီး နှစ်ယောက်လုံးကို တွင်တွင်သာ လက်နဲ့ ကုတ်လေသတဲ့။

ပြိုင်ပွဲ ပြီးတဲ့ အခါမှာ ဦးဖြူက နိုင်ပြီး ဦးမဲက ရှုံးသွားတယ်။ ဦးဉာဏ်ပိုင်က ဦးဖြူ ဆီသွားပြီး "ကဲ ဦးဖြူ၊ ကျုပ်မပြောလား ခင်ဗျာနိုင်မယ်မှန်း သိလို့ ကျုပ်လက်ကုတ်တာ" လို့ ပြောသတဲ့။ ဦးဖြူက ကျေးဇူးတွေ တင်ပြီး ဦးဉာဏ်ပိုင်ကို ထန်းရည် အဝ တိုက်လိုက်သတဲ့။

နောက်တော့ ဦးဉာဏ်ပိုင်ဟာ ဦးမဲဆီ ထပ်သွားပြန် သတဲ့။ ပြီးတော့ ဦးမဲကို "ခင်ဗျားဗျာ မပြိုင်ပါနဲ့လို့ ကျုပ်က လက်ကုတ်ပြီးပြောနေတာ ပြိုင်ဖြစ်အောင် ပြိုင်တယ်" လို့ ပြောပါလေရော။

ဦးမဲကလည်း ဦးဉာဏ်ပိုင် အပေါ် "အော် သူ ငါ့အပေါ် စေတနာ ကောင်းရှာသား" ဆိုပြီး ထန်းရည် အဝ တိုက်လိုက်ပြန်သတဲ့။

သင်ခန်းစာ။ ။ ဒီခေတ်က ဦးဉာဏ်ပိုင်လို လူက တယောက်တည်း ရှိတာ မဟုတ်ပါဘူး။ အများကြီး ဖြစ်နေပါပြီ။ ခေတ်ကလည်း ပြောင်းနေပြီ မဟုတ်လား။ လက်ကုတ်တိုင်း ကိုယ့်လူလို့ မမှတ်ကြနဲ့ဗျ။ Crd Argyi

Zawgyi

လက္ကုတ္တိုင္း ကိုယ့္လူမဟုတ္ဘူး

တခါတုန္းက ႐ြာတ႐ြာမွာ ဦးျဖဴနဲ႔ ဦးမဲတို႔ ႏွစ္ေယာက္ဟာ သူ႔ႏြားလွည္းက ေကာင္းတယ္၊ ငါ့ႏြားလွည္းက ေကာင္းတယ္နဲ႔ ျငင္းၾကသတဲ့။ အဲဒီအခ်ိန္မွာ ဦးဉာဏ္ပိုင္ ဆိုတဲ့ လူက ဝင္ေထာင္တယ္။ "ေကာင္း မေကာင္း ၿပိဳင္ၾကည့္မွ သိမွာေပါ့" တဲ့။

အဲဒါနဲ႔ ဦးျဖဴနဲ႔ ဦးမဲတို႔ ႏြားလွည္းခ်င္း ၿပိဳင္ၾကတဲ့ အဆင့္ ေရာက္ပါ ေလေရာ။ ၿပိဳင္ခါနီး အခ်ိန္မွာေတာ့ ဦးဉာဏ္ပိုင္ တေယာက္ ဦးျဖဴနဲ႔ ဦးမဲႏွစ္ေယာက္ ၾကားကို ဝင္ၿပီး ႏွစ္ေယာက္လုံးကို တြင္တြင္သာ လက္နဲ႔ ကုတ္ေလသတဲ့။

ၿပိဳင္ပြဲ ၿပီးတဲ့ အခါမွာ ဦးျဖဴက ႏိုင္ၿပီး ဦးမဲက ရႈံးသြားတယ္။ ဦးဉာဏ္ပိုင္က ဦးျဖဴ ဆီသြားၿပီး "ကဲ ဦးျဖဴ၊ က်ဳပ္မေျပာလား ခင္ဗ်ာႏိုင္မယ္မွန္း သိလို႔ က်ဳပ္လက္ကုတ္တာ" လို႔ ေျပာသတဲ့။ ဦးျဖဴက ေက်းဇူးေတြ တင္ၿပီး ဦးဉာဏ္ပိုင္ကို ထန္းရည္ အဝ တိုက္လိုက္သတဲ့။

ေနာက္ေတာ့ ဦးဉာဏ္ပိုင္ဟာ ဦးမဲဆီ ထပ္သြားျပန္ သတဲ့။ ၿပီးေတာ့ ဦးမဲကို "ခင္ဗ်ားဗ်ာ မၿပိဳင္ပါနဲ႔လို႔ က်ဳပ္က လက္ကုတ္ၿပီးေျပာေနတာ ၿပိဳင္ျဖစ္ေအာင္ ၿပိဳင္တယ္" လို႔ ေျပာပါေလေရာ။ ဦးမဲကလည္း ဦးဉာဏ္ပိုင္ အေပၚ "ေအာ္ သူ ငါ့အေပၚ ေစတနာ ေကာင္းရွာသား" ဆိုၿပီး ထန္းရည္ အဝ တိုက္လိုက္ျပန္သတဲ့။

သင္ခန္းစာ။ ။ ဒီေခတ္က ဦးဉာဏ္ပိုင္လို လူက တေယာက္တည္း ရွိတာ မဟုတ္ပါဘူး။ အမ်ားႀကီး ျဖစ္ေနပါၿပီ။ ေခတ္ကလည္း ေျပာင္းေနၿပီ မဟုတ္လား။ လက္ကုတ္တိုင္း ကိုယ့္လူလို႔ မမွတ္ၾကနဲ႔ဗ်။ Crd Argyi

Post a Comment

0 Comments