သန်မာနေဖို့ လိုတယ်

လောကကြီးမှာ မင်းဟာ သန်မာနေဖို့ လိုတယ်။ တခါတလေမှာ မင်းဟာ လဲကျတဲ့ အခါလည်း ရှိမယ်။ ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင် လုပ်ခဲ့ လိမ့်မယ်။ မင်းမှာ အားနည်းချက် တွေလည်း အများကြီး ရှိချင် ရှိနေမှာပဲလေ။

မင်းမှာ တော်တဲ့ အပိုင်းတွေ ရှိသလို အတတ ဖြစ်တဲ့ အခါလည်း ရှိမယ်။ အရာရာတိုင်း မှာတော့ မင်းဟာ မတော်နိုင်ဘူးလေ။ ဒါပေမယ့် မင်းဟာ သန်မာဖို့ လိုတယ်။ လဲကျတိုင်း ပြန်ထရမှာပဲ။ ဝမ်းနည်းနေလို့ မရဘူး။

မင်းချစ်ရတဲ့ သူက မင်းကို ထားချင် ထားခဲ့မှာပဲ။ တခါတလေလည်း အသည်းကွဲချင် ကွဲမှာပဲလေ။ မင်းဟာ ခပ်တုံးတုံး တယောက်လည်း ဖြစ်ချင် ဖြစ်မယ်။ မင်းရုပ်က ဆိုးချင် ဆိုးနေပါလိမ့်မယ်။ မင်းဟာ ဆင်းရဲချင် ဆင်းရဲနေ လိမ့်မယ်။ ဒါပေမယ့် မင်းဟာ သန်မာဖို့ လိုတယ်။

လဲကျတိုင်း ပြန်ထရမှာပဲ။ မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့ သူတွေကို အံ့သြ သွားအောင် လုပ်ပြလိုက် စမ်းပါ။ မင်းမှာ ဖြေရှင်း မရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင် ရှိနေမယ်။

လူတွေက မင်းကို အပြစ်တွေ ဘယ်လောက်ပဲ ပြောပြော၊ လူတွေက မင်းကို ဘယ်လောက် နှိမ်နှိမ် အခုအချိန်မှာ မင်းဘယ်လောက် နာကျင်နေပါစေ မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာ ပဲလေ။

မင်းဟာ သန်မာနေတဲ့သူ ဖြစ်ဖို့ ဆိုရင် တချို့ လူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှု တွေကို ဂရုမစိုက်နဲ့။ သူတို့တွေက မင်းကြုံခဲ့ ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ မင်းလဲကျ ခဲ့ရတာတွေကို မသိကြဘူးလေ။

သူတို့တွေက မင်းဘဝကို မပြောင်းလဲ နိုင်ဘူး။ မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာ။ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်။ ငေးမှိုင် လွမ်းဆွေးနေလို့ မရဘူး။ ဆက်သွားနေရ အုံးမှာ။

လောကမှာ မင်းရဲ့ တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြမှာ။ မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက် လှတယ်၊ မလှဘူး ဆိုတာနဲ့ မဆုံးဖြတ်ဘူး။ မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး။

တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုး ဟာလည်း မြှင့်လာမှာပဲ။ မင်းဟာ တန်ဖိုးရှိကြောင်း သက်သေ ပြလိုက် စမ်းပါ။ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်။ မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ သူတွေကို ဆွံ့အ သွားအောင် လုပ်ပြလိုက် စမ်းပါ။

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ ဆိုရင် အခက်အခဲတွေ ကြားမှာ ရုန်းကန် နေရအုံးမှာပဲလေ။ တချို့ အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့် တချို့အရာတွေ ကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာ။ မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့ မလိုဘူး။ မင်းလုပ်နိုင်တာ တွေကိုပဲ လုပ်ရမှာလေ။

မင်းဟာ သန်မာတဲ့သူပါ။ ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး။ အရာရာတိုင်း မှာလည်း သန်မာနေစရာ မလိုဘူးလေ။ မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ။ ဒါတွေကို လက်မခံနိုင် ရင်တော့ မင်းဟာ သန်မာတဲ့ အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်။ Crd

Post a Comment

0 Comments