ခဲဆွဲထားသော ငှက်ကလေး

တခါတုန်းက ငှက်ကလေး တကောင် ရှိပါတယ်။ သူဟာ လေထဲမှာ ပျံသန်းပြီး ပိုးကောင်လေး တွေကို ဖမ်းပြီး စားသုံးတယ်။

ဒါပေမယ့် သူမှာ အကျင့် တခု ရှိတယ်။ သူ့ဘဝမှာ အဖြစ်အပျက် တခုခု ဖြစ်လာတိုင်း သူက ကျောက်စရစ်ခဲလေး တလုံးပေါ်မှာ မှတ်ပြီး သယ်ဆောင် ထားလေ့ ရှိတယ်။

ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် မှတ်သား သယ်ဆောင် ထားတယ်။ ငှက်ကလေးဟာ နေ့တိုင်း သွားလာ ပျံသန်းနေချိန် မှာလည်း ကျောက်စရစ်လေး တွေကို မချန်ထား ခဲ့ပဲ အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ်။

ငှက်ကလေးဟာ သူ့ရဲ့ ကျောက်စရစ်ခဲ လေးတွေကို သေချာ ခွဲထားပါတယ်။ ပျော်စရာ ကျောက်စရစ် ခဲလေးတွေ၊ ဝမ်းနည်းစရာ ကျောက်စရစ်ခဲတွေ စသဖြင့် ခွဲသိမ်းထား ပါတယ်။

အစပိုင်းတွေ မှာတော့ ငှက်ကလေးက လွတ်လပ်စွာ ပျံသန်းနိုင် ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ ကျောက်စရစ် ခဲလေးတွေက များလာပြီး လေးလာတော့ ငှက်ကလေးဟာ အမြင့်ကို မပျံနိုင် တော့ပါဘူး။

ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ ငှက်ကလေးဟာ လုံးဝ မပျံသန်းနိုင်ပဲ မြေပေါ်မှာပဲ နေရ ပါတော့တယ်။ ဒါပေမယ့် ငှက်ကလေးက သူ့ရဲ့ အဖိုးတန် လှတဲ့ မှတ်တမ်း ကျောက်စရစ်ခဲ တွေကို စွန့်ပစ်ဖို့ လုံးဝ မစိတ်ကူး ခဲ့ပါဘူး။

နောက်ဆုံးတော့ ငှက်လေးက ဆာလောင်မှုနဲ့ သေဆုံးသွား ပါတော့တယ်။ ငှက်လေး သေသွားတော့ ကျန်ရစ်ခဲ့တာက တန်ဖိုး မရှိတဲ့ ကျောက်စရစ်ခဲ လေးတွေပဲ ဖြစ်ပါတယ်။

တခါတရံမှာ ကျွန်တော်တို့ တတွေဟာလည်း ပိုပြီး မြင့်မြင့် ပျံသန်းဖို့ အတွက် ဆိုရင် ကိုယ်ဆုပ်ကိုင်ထားတဲ့ တချိူ့သော အရာတွေကို လွှတ်ချလိုက်ရပါမယ်။ စွန့်လွှတ်သင့်ရင် စွန့်လွှတ်ဖို့ လိုပါလိမ့်မယ်။ Crd

Zawgyi

ခဲဆြဲထားေသာ ငွက္ကေလး

တခါတုန္းက ငွက္ကေလး တေကာင္ ရွိပါတယ္။ သူဟာ ေလထဲမွာ ပ်ံသန္းၿပီး ပိုးေကာင္ေလး ေတြကို ဖမ္းၿပီး စားသုံးတယ္။ ဒါေပမယ့္ သူမွာ အက်င့္ တခု ရွိတယ္။ သူ႔ဘဝမွာ အျဖစ္အပ်က္ တခုခု ျဖစ္လာတိုင္း သူက ေက်ာက္စရစ္ခဲေလး တလုံးေပၚမွာ မွတ္ၿပီး သယ္ေဆာင္ ထားေလ့ ရွိတယ္။

ေကာင္းတာပဲ ျဖစ္ျဖစ္၊ မေကာင္းတာပဲ ျဖစ္ျဖစ္ မွတ္သား သယ္ေဆာင္ ထားတယ္။ ငွက္ကေလးဟာ ေန႔တိုင္း သြားလာ ပ်ံသန္းေနခ်ိန္ မွာလည္း ေက်ာက္စရစ္ေလး ေတြကို မခ်န္ထား ခဲ့ပဲ အၿမဲ ကိုယ္နဲ႔ မကြာ ေဆာင္ထားတယ္။

ငွက္ကေလးဟာ သူ႔ရဲ႕ ေက်ာက္စရစ္ခဲ ေလးေတြကို ေသခ်ာ ခြဲထားပါတယ္။ ေပ်ာ္စရာ ေက်ာက္စရစ္ ခဲေလးေတြ၊ ဝမ္းနည္းစရာ ေက်ာက္စရစ္ခဲေတြ စသျဖင့္ ခြဲသိမ္းထား ပါတယ္။

အစပိုင္းေတြ မွာေတာ့ ငွက္ကေလးက လြတ္လပ္စြာ ပ်ံသန္းႏိုင္ ပါတယ္။ အခ်ိန္ ၾကာလာတာနဲ႔ အမွ် ေက်ာက္စရစ္ ခဲေလးေတြက မ်ားလာၿပီး ေလးလာေတာ့ ငွက္ကေလးဟာ အျမင့္ကို မပ်ံႏိုင္ ေတာ့ပါဘူး။

ဒီလိုနဲ႔ပဲ တျဖည္းျဖည္းနဲ႔ ငွက္ကေလးဟာ လုံးဝ မပ်ံသန္းႏိုင္ပဲ ေျမေပၚမွာပဲ ေနရ ပါေတာ့တယ္။ ဒါေပမယ့္ ငွက္ကေလးက သူ႔ရဲ႕ အဖိုးတန္ လွတဲ့ မွတ္တမ္း ေက်ာက္စရစ္ခဲ ေတြကို စြန႔္ပစ္ဖို႔ လုံးဝ မစိတ္ကူး ခဲ့ပါဘူး။

ေနာက္ဆုံးေတာ့ ငွက္ေလးက ဆာေလာင္မႈနဲ႔ ေသဆုံးသြား ပါေတာ့တယ္။ ငွက္ေလး ေသသြားေတာ့ က်န္ရစ္ခဲ့တာက တန္ဖိုး မရွိတဲ့ ေက်ာက္စရစ္ခဲ ေလးေတြပဲ ျဖစ္ပါတယ္။

တခါတရံမွာ ကြၽန္ေတာ္တို႔ တေတြဟာလည္း ပိုၿပီး ျမင့္ျမင့္ ပ်ံသန္းဖို႔ အတြက္ ဆိုရင္ ကိုယ္ဆုပ္ကိုင္ထားတဲ့ တခ်ိဴ႕ေသာ အရာေတြကို လႊတ္ခ်လိုက္ရပါမယ္။ စြန႔္လႊတ္သင့္ရင္ စြန႔္လႊတ္ဖို႔ လိုပါလိမ့္မယ္။ Crd

Post a Comment

0 Comments