သင့်အနားက ဖြတ်သွားတိုင်း အမြဲတမ်းမွှေ့းပျံ့နေစေဖို့ ဒီနည်းလမ်း (၆) ခုကို အသုံးပြုပါ

ခန္ဓာကိုယ်က သဘာဝအားဖြင့် မကောင်းတဲ့အနံ့အသက်တွေ ထုတ်လွှတ်တတ်ပါတယ်။ ခန္ဓာကိုယ်က အမြဲတမ်းမွှေးပျံ့နေတာဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်တယ်ဆိုတဲ့ လက္ခဏာဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးစေပါတယ်။

အဲဒါကြောင့် သင့်အနားကို ရောက်တိုင်း တစ်နေကုန်မွှေးပျံ့နေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သန့်ရှင်းအောင် အမြဲနေပါ။

အမြဲတမ်းသန့်ရှင်းနေအောင်လို့ နေ့စဉ်ရေချိုးပါ။ ရေမချိုးဖြစ်ရင်တောင် ချွေးထွက်များတဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ ရေချိုးတဲ့အခါ အမွှေးနံ့ပါတဲ့ဆပ်ပြာတွေက အချိန်အကြာကြီး ခန္ဓာကိုယ်မှာ စွဲနေစေပါတယ်။

၂။ အဝတ်အစားတွေကို မွှေးပျံ့အောင်ပြုလုပ်ပါ။

မွှေးပျံ့တဲ့ရနံ့ရဖို့ အဝတ်အစားတွေကို ပုံမှန်လျှော်ပေးဖို့လည်း လိုပါတယ်။ အဝတ်လျှော်တဲ့အခါမှာ သင်သဘောကျတဲ့ ရနံ့ဆီ အစက် ၂၀ ခန့်ထည့်ပြီး လျှော်တာက အဝတ်အစားတွေကို မွှေးပျံ့စေပါတယ်။

အဝတ်ကို ရေစိမ်ထားတဲ့အခါ မှန့်ဖုတ်ဆိုဒါကို ထည့်သွင်းပြီးတော့ စိမ်ပါ။ မုန့်ဖုတ်ဆိုဒါက အဝတ်အစားတွေမှာ ရှိနေတဲ့အညစ်အကြေးတွေကို ပိုပြီးပြောင်စင်စေပါတယ်။ ဒါပေမယ့် မုန့်ဖုတ်ဆိုဒါကို အဝတ်အစားတိုင်းအတွက်တော့ အသုံးပြုလို့ မရနိုင်ပါဘူး။

၃။ ချွေးနံ့ပျောက်ဆေးကို အမြဲအသုံးပြုပါ။

ခန္ဓာကိုယ်ကနေ အနံ့ဆိုးတွေ မထွက်ဖို့အတွက် အရိုးရှင်းဆုံး နည်းလမ်းကတော့ ချွေးနံ့ပျောက်ဆေးကို အသုံးပြုတာပါ။ ချွေးနံ့ပျောက်ဆေးကို ညဘက်မှာ အသုံးပြုတာက အရေပြားထဲအထိ ဝင်သွားဖို့ အချိန်ပိုရပြီး နောက်တစ်ရက်အထိ မွှေးပျံ့နေစေပါတယ်။ ဒါ့အပြင် ချွေးနံ့ပျောက်ဆေးကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်ဖို့ အမြဲတမ်းဆောင်ထားပါ။

၄။ ရေမွှေးကို အသုံးပြုပါ။

ရေမွှေးကို ခေါင်းဘီးမှာ ဆွတ်ပြီးမှ ခေါင်းဖြီးပေးပါ။ ဆံပင်ကို တိုက်ရိုက်ရေမွှေးဆွတ်တာက ဆံသားတွေကို ထိခိုက်စေပါတယ်။ ရေမွှေးကို လက်ကောက်ဝတ်၊ ဒူးအနောက်၊ တံတောင်ဆစ်နဲ့ လည်ပင်းအနောက်ဘက် နေရာတွေမှာ ဆွတ်ပါ။

ရေမွှေးဆွတ်ပြီးတဲ့အခါ လက်ကောက်ဝတ်အချင်းချင်း ပွတ်တိုက်ရင် ရေမွှေးရဲ့ရနံ့က ပြောင်းလဲသွားတတ်ပါတယ်။ ရေမွှေးကို ဆွတ်တဲ့အခါ တိုက်ရိုက်ဆွတ်တာထက် ချည်ပိတ်စလေးနဲ့ တို့ပြီး ဆွတ်ပါ။

ရေမွှေးဆွတ်ထားတဲ့ ချည်သားပိတ်စလေးတွေကို ဘူးတစ်ခုထဲမှာ ထည့်ပြီး သိမ်းထားလို့ရပါတယ်။ ဒီနည်းက ခရီးသွားရင်လည်း အလွယ်တကူ သယ်သွားလို့ရတာ‌ကြောင့် အရမ်းအဆင်ပြေပါတယ်။

၅။ မွှေးရနံ့ပါဝင်တဲ့ moisturizer

Moisturizer, cream, lotion တို့ကို ရွေးချယ်တော့မယ်ဆိုရင် မွှေးရနံ့ထည့်သွင်းထားတာကို ဦးစားပေးရွေးချယ်ပါ။ Lotion လိမ်းတဲ့အခါ သင်သဘောကျတဲ့ ရေမွှေးအနည်းငယ်ထည့်ပြီး လိမ်းရင်လည်း မွှေးရနံ့ပါ ကြာရှည်ခံစေပါတယ်။

၆။ ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။

ခြေထောက်က အနံ့ဆိုးထွက်တဲ့အခါမှာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတာကြောင့် ခြေထောက်ကို နေ့စဉ်သန့်ရှင်းရေး လုပ်ပေးပါ။ ဖိနပ်ကို မွှေးတဲ့ရနံ့လေးတွေ ဖြန်းပေးနိုင်ပါတယ်။ အထူးသဖြင့် ခြေအိတ်ဝတ်ပြီးမှ ဖိနပ်စီးတယ်ဆိုရင် ဒီနည်းက အရမ်းကို အသုံးဝင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments