မသမာသော စီးပွား

တခါက နွားနို့သည် တယောက်ဟာ မသာတဲ့ နည်းနဲ့ အလွန်ပဲ ချမ်းသာ ကြီးပွား လာသတဲ့။

သူဟာ နေ့စဉ် ဖောက်သည်တွေ ရှိတဲ့ မြို့ကို နွားနို့ရောင်းဖို့ သွားတဲ့ အခါ မြစ်ကို ဖြတ်ကူးပြီး သွားရပါတယ်။

အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်ကြီး ရဖို့ နွားနို့ထဲကို မြစ်ရေတွေ ရောပြီးမှ ရောင်းပါတယ်။

တနေ့မှာတော့ နွားနို့သည်ဟာ သူ့သား မင်္ဂလာဆောင် အခမ်းအနား ကျင်းပဖို့ အတွက် ရစရာ ရှိတဲ့ အကြွေးတွေကို လှည့်ပြီးတောင်းပါတယ်။

အကြွေး ရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ အဖိုးတန် ရွှေထည်တွေ ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။

အိမ်အပြန် မြစ်ကို ဖြတ်ကူးချိန် မှာတော့ သူစီးလာတဲ့ လှေဟာ ရုတ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေ အားလုံး ရေထဲမှာ မြောပါ ကုန်ပါတော့တယ်။

နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကား တလုံးမှ မဆိုနိုင်အောင် ပူလောင် ခံစားနေပါတယ်။

အဲဒီအချိန်မှာ မြစ်ထဲက အသံကြီး တခုကို သူ ကြားလိုက်ရ ပါတယ်။

"မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာ တွေက မင်းရဲ့ နွားနို့ကို ဝယ်သောက်တဲ့ လူတွေဆီက လိမ်လည် လှည်ဖြားပြီး မသမာတဲ့ နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေ ပါပဲတဲ့"

မတရားမှုတွေ၊ သူတပါး မျက်ရည်တွေနဲ့ ရလာတဲ့ ပိုက်ဆံ ဆိုတာ တနည်း မဟုတ် တနည်းနဲ့တော့ ပြန်အံထွက် တတ်ပါတယ်။ Linn Myat

Zawgyi

ေရေရာေသာ ႏြားႏို႔သည္

တခါက ႏြားႏို႔သည္ တေယာက္ဟာ မသာတဲ့ နည္းနဲ႔ အလြန္ပဲ ခ်မ္းသာ ႀကီးပြား လာသတဲ့။ သူဟာ ေန႔စဥ္ ေဖာက္သည္ေတြ ရွိတဲ့ ၿမိဳ႕ကို ႏြားႏို႔ေရာင္းဖို႔ သြားတဲ့ အခါ ျမစ္ကို ျဖတ္ကူးၿပီး သြားရပါတယ္။ အဲဒီအခ်ိန္မွာ ႏြားႏို႔သည္ဟာ အျမတ္ႀကီး ရဖို႔ ႏြားႏို႔ထဲကို ျမစ္ေရေတြ ေရာၿပီးမွ ေရာင္းပါတယ္။

တေန႔မွာေတာ့ ႏြားႏို႔သည္ဟာ သူ႔သား မဂၤလာေဆာင္ အခမ္းအနား က်င္းပဖို႔ အတြက္ ရစရာ ရွိတဲ့ အေႂကြးေတြကို လွည့္ၿပီးေတာင္းပါတယ္။ အေႂကြး ရလာတဲ့ ပိုက္ဆံေတြနဲ႔ ဆန္းျပားတဲ့ အဝတ္အစားေတြ အဖိုးတန္ ေ႐ႊထည္ေတြ ပစၥည္းေတြကို ဝယ္ယူခဲ့ပါတယ္။

အိမ္အျပန္ ျမစ္ကို ျဖတ္ကူးခ်ိန္ မွာေတာ့ သူစီးလာတဲ့ ေလွဟာ ႐ုတ္တရက္ တိမ္းေမွာက္ကာ ဝယ္လာသမွ် ပစၥည္ေတြ အားလုံး ေရထဲမွာ ေျမာပါ ကုန္ပါေတာ့တယ္။ ႏြားႏို႔သည္မွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ ဘာစကား တလုံးမွ မဆိုႏိုင္ေအာင္ ပူေလာင္ ခံစားေနပါတယ္။

အဲဒီအခ်ိန္မွာ ျမစ္ထဲက အသံႀကီး တခုကို သူ ၾကားလိုက္ရ ပါတယ္။ "မငိုပါနဲ႔ကြာ။ ဆုံးရႈံးသြားတာ ေတြက မင္းရဲ႕ ႏြားႏို႔ကို ဝယ္ေသာက္တဲ့ လူေတြဆီက လိမ္လည္ လွည္ျဖားၿပီး မသမာတဲ့ နည္းနဲ႔ ရယူထားတဲ့ အျမတ္အစြန္းေတြ ပါပဲတဲ့"

မတရားမႈေတြ၊ သူတပါး မ်က္ရည္ေတြနဲ႔ ရလာတဲ့ ပိုက္ဆံ ဆိုတာ တနည္း မဟုတ္ တနည္းနဲ႔ေတာ့ ျပန္အံထြက္ တတ္ပါတယ္။ Linn Myat

Post a Comment

0 Comments