ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိသူ

တနေ့မှာ ရွာသား တယောက်ဟာ ဈေးမှာ ဈေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့။ အဲဒါနဲ့ အိတ်ထဲက စက္ကူလေးနဲ့ ထုတ်ပြီး ယူလာခဲ့တယ်။ ဈေးအဝင်ဝက ဆိုင်တဆိုင် ရောက်တော့ ဆိုင်ရှင်ကို ခေါ်ပြော လိုက်တယ်။

"အမကြီး ကျွန်တော့ ဖိနပ်လေး ခဏ ထားခဲ့လို့ ရမလား ဈေးလာရင်း ဖြတ်သွားလို့ပါ။ ကျွန်တော် ဈေးက အပြန် ဝင်ယူ ပါ့မယ်။ အမကြီးက "အေး ငါ့မောင် ဒီနားမှာ ထားခဲ့လိုက်" "ဟုတ် အမ"

ဒါနဲ့ ဈေးဝယ် ပြီးတာနဲ့ သူဖိနပ်လေး ဝင်ယူခဲ့တယ်။ "အမ ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ် ခင်ဗျ" "အေး အေး ယူသွားလေ" "ကျေးဇူးတင်ပါတယ် အမ။ အမက အရမ်း သဘောကောင်း တာပဲ"

"အေး ရပါတယ်ကွယ်။ တို့တွေက လူသားတွေပဲ ဒီလို ကူညီပေးရတာ အပန်း မကြီးပါဘူး" "ဟုတ်ကဲ့ပါ အမ။ ကျွန်တော့်ကို သွားခွင့် ပြုပါအုံး" "အေးပါ အေးပါ။ နောက်လည်း အကူအညီ လိုရင် ပြောပေါ့" "ဟုတ်ကဲ့ပါ အမ"

ဒီလိုနဲ့ ရွာသားလည်း ရွာကို ပြန်သွားခဲ့ တာပေါ့။ နောက်တနေ့ မှာတော့ သူငယ်ချင်း ဖြစ်သူနဲ့ ဈေးဝယ်လာ ခဲ့ကြတာပေါ့။ လမ်းခရီးက ကြမ်း နေက ပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ်မထင် မူးလိုက်တာ ဆိုပြီး ပြောပြော ဆိုဆို လဲကျရာက အသက်ပါ ပါသွားရှာတယ်။

သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးရလို့ ဘာလုပ်ရမှန်း မသိတာနဲ့ အတွေးတခု ဝင်လာခဲ့တယ်။ သူငယ်ချင်း အလောင်းကို အဝတ်နဲ့ ပတ်ပြီး ထမ်းလာခဲ့ တာပေါ့။ အရင်အခါက သူ ဖိနပ် အပ်ခဲ့တဲ့ ဆိုင်ရှေ့ ရောက်လာတော့ "အင်း ဒီဆိုင်မှာ ခဏ ဝင်ထားခဲ့အုံးမှပဲ"

အဲဒါနဲ့ "အမကြီး ကျွန်တော့်ကို မှတ်မိလား" "အော် အေး။ ဟိုနေ့က မင်းမို့လား ဖိနပ်ပြတ်လို့ လာအပ်သွား ခဲ့တာလေ" "ဟုတ် ဟုတ်ပါတယ် အမ ကျွန်တော်ပါ" "အေးအေး ပြောလေ မောင်လေး အမ ဘာကူညီ ပေးရအုံး မလဲ"

"ဟုတ် အမ။ ကျွန်တော့် သူငယ်ချင်း လမ်းမှာ မူးတယ် ဆိုပြီး လဲကျသွားတာပါ။ အသက်ပါ ပါ သွားခဲ့တာ။ ကျွန်တော် ဈေးဝယ်သွားမလို့ သူငယ်ချင်းကို ဒီမှာ ခဏ ထားခဲ့ပါရစေ။ ရွာအပြန် ဝင်ယူမှာပါ" ဆိုတော့

ချက်ချင်း ဆိုသလိုပဲ "ဟာ မရဘူးလေ။ ဘယ်ရမလဲ။ မင်းနှယ်ကွယ် နိမိတ်မရှိ လိုက်တာ။ လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ်လို့ ရာရာစစ သွား သွား။ ငါ့ဆိုင်ရှေ့က အခု ထွက်သွားစမ်း"

အဲဒါနဲ့ ရွာသားလည်း ပြန်ထွက်အလာ ဆိုင်ရှင် အမကြီး ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်။ သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း ရွာသားရဲ့ အတွေးထဲ မှာတော့

"ဪ လောက လူသားတွေဟာ မသေခင် မှာတော့ မာနတွေ တက်နေကြတာ၊ ဂုဏ်တွေ ပြိုင်နေကြတာ သေသွားပြီ ဆိုရင် ဖိနပ်စုတ် လောက်တောင် တန်ဖိုးမရှိပါလား" ဆိုပြီးတော့ပေါ့။

ဟုတ်ပါတယ်။ မသေခင် မာနတွေတက် ဘဝင်တွေမြင့် ဂုဏ်တွေမောက် သေသွားပြီ ဆိုရင်တော့ ချစ်လှပါပြီ ဆိုတဲ့ လင်မယား သမီးသားတွေက အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင်ကြ ပါဘူး။ အိုးစားတောင် ခွဲလိုက်ကြ သေးတယ်။

သေရင် တန်ဖိုးမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို အကုသိုလ်တွေ ယူပြီး မရှာမိစေနဲ့။ နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင် အားထုတ်နိုင် ကြပါစေ။ Crd

Post a Comment

0 Comments