စေတနာလေး ထည့်လိုက်ပါ

စားသောက်ဆိုင် တခုမှာ ဟင်းချက် အရမ်းကောင်းတဲ့ စားဖိုမှူးကြီးကို လူတယောက်က မေးတယ်။ "စားဖိုမှူးကြီးခမျာ၊ စားဖိုမှူးကြီး ချက်တဲ့ ဟင်းလျာတိုင်းဟာ အလွန် အရသာ ရှိပါတယ်။ ဒီလို အရသာရှိတဲ့ ဟင်းလျာတွေ ဖြစ်လာအောင် ဘယ်လို နည်းတွေသုံးပြီး ချက်တာလဲ"

စားဖိုမှူးကြီးက "ဟင်းချက်တာ ကတော့ သူများနည်းတူ ချက်တာ ပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဘယ်ဟင်းကိုပဲ ချက်ချက် စားသုံးသူ အားလုံး အပေါ်မှာ စေတနာထားပြီး ချက်ပါတယ်" လို့ စားဖိုမှူးကြီးက ပြန်ပြောပါတယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် ကောင်းတဲ့ လုပ်ငန်း မှန်သမျှ စေတနာ ထားပြီး လုပ်တာ အကောင်းဆုံး ပါပဲ။ လုပ်ရမှာချင်း အတူတူ စေတနာ ထားပြီး လုပ်တော့ ကုသိုလ်လည်း ရတယ်၊ အလုပ်ရှင်လည်း သဘောကျမယ် ထင်ပါတယ်။

လုပ်ငန်းရှင် ဆိုတာ ကိုယ့်အလုပ်သမား တွေကို အမြဲတမ်း အကဲခက်လေ့ ရှိပါတယ်။ အလုပ် အပေါ်မှာ ရိုးသားတဲ့သူ စေတနာထားပြီး လုပ်ကိုင်တတ်သူကို ဦးစားပေးပြီး ချီးမြောက်လေ့ ရှိတတ်ပါတယ်။

သူတပါး အပေါ် ကောင်းတဲ့ စေတနာ ထားရင် ကောင်းတဲ့ အကျိုးတရားတွေ တနေ့ ပြန်ရမှာပါ။ မကောင်းတဲ့ စေတနာ ထားရင်တော့ မကောင်းတဲ့ အကျိုးတရားတွေ ကိုပဲ ပြန်ရမှာပါပဲ။

ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ လုပ်ငန်း အပေါ်မှာ စေတနာထားပြီး လုပ်ခြင်းဟာ ကိုယ့်အတွက် မရသေးတဲ့ အခွင့်အလမ်းတွေကို ရရှိစေ နိုင်ပါတယ်။ အရှင်ခေမာဝံသ(ဓမ္မထီးကလေး)

Zawgyi

ေစတနာေလး ထည့္လိုက္ပါ

စားေသာက္ဆိုင္ တခုမွာ ဟင္းခ်က္ အရမ္းေကာင္းတဲ့ စားဖိုမႉးႀကီးကို လူတေယာက္က ေမးတယ္။ "စားဖိုမႉးႀကီးခမ်ာ၊ စားဖိုမႉးႀကီး ခ်က္တဲ့ ဟင္းလ်ာတိုင္းဟာ အလြန္ အရသာ ရွိပါတယ္။ ဒီလို အရသာရွိတဲ့ ဟင္းလ်ာေတြ ျဖစ္လာေအာင္ ဘယ္လို နည္းေတြသုံးၿပီး ခ်က္တာလဲ"

စားဖိုမႉးႀကီးက "ဟင္းခ်က္တာ ကေတာ့ သူမ်ားနည္းတူ ခ်က္တာ ပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္က ဘယ္ဟင္းကိုပဲ ခ်က္ခ်က္ စားသုံးသူ အားလုံး အေပၚမွာ ေစတနာထားၿပီး ခ်က္ပါတယ္" လို႔ စားဖိုမႉးႀကီးက ျပန္ေျပာပါတယ္။

ဒါေၾကာင့္ ဘာပဲလုပ္လုပ္ ေကာင္းတဲ့ လုပ္ငန္း မွန္သမွ် ေစတနာ ထားၿပီး လုပ္တာ အေကာင္းဆုံး ပါပဲ။ လုပ္ရမွာခ်င္း အတူတူေစတနာ ထားၿပီး လုပ္ေတာ့ ကုသိုလ္လည္း ရတယ္၊ အလုပ္ရွင္လည္း သေဘာက်မယ္ ထင္ပါတယ္။

လုပ္ငန္းရွင္ ဆိုတာ ကိုယ့္အလုပ္သမား ေတြကို အၿမဲတမ္း အကဲခက္ေလ့ ရွိပါတယ္။ အလုပ္ အေပၚမွာ ႐ိုးသားတဲ့သူ ေစတနာထားၿပီး လုပ္ကိုင္တတ္သူကို ဦးစားေပးၿပီး ခ်ီးေျမာက္ေလ့ ရွိတတ္ပါတယ္။

သူတပါး အေပၚ ေကာင္းတဲ့ ေစတနာ ထားရင္ ေကာင္းတဲ့ အက်ိဳးတရားေတြ တေန႔ ျပန္ရမွာပါ။ မေကာင္းတဲ့ ေစတနာ ထားရင္ေတာ့ မေကာင္းတဲ့ အက်ိဳးတရားေတြ ကိုပဲ ျပန္ရမွာပါပဲ။

ဒါ့ေၾကာင့္ ဘာပဲလုပ္လုပ္ ကိုယ္လုပ္တဲ့ လုပ္ငန္း အေပၚမွာ ေစတနာထားၿပီး လုပ္ျခင္းဟာ ကိုယ့္အတြက္ မရေသးတဲ့ အခြင့္အလမ္းေတြကို ရရွိေစ ႏိုင္ပါတယ္။ အရွင္ေခမာဝံသ(ဓမၼထီးကေလး)

Post a Comment

0 Comments