ပေးဆပ်မှုနဲ့ ရလဒ်

တခါက ခရီးသွား တဦးဟာ ချောင်းကမ်းစပ် ဘေးမှာ ချောင်းကိုဖြတ်ဖို့ အခက် ကြုံနေတဲ့ အဘွားအို တဦးကို တွေ့လိုက်တယ်။ သူကလည်း ခရီးပမ်းနေပြီ ဖြစ်ပေမယ့် အစွမ်းကုန် အင်အားသုံးပြီး ချောင်းဖြတ်ဖို့ အဘွားအိုကို ကူညီပေး လိုက်ပါတယ်။

ချောင်းကို ဖြတ်ပြီးတဲ့နောက် အဘွားအိုဟာ စကား တခွန်းတောင် မပြောဘဲ ခပ်သုတ်သုတ် ထွက်ခွာသွား ခဲ့ပါတယ်။

ခရီးသွားဟာ အဘွားအိုကို အစွမ်းကုန် ကူညီခဲ့ပေမယ့် "ကျေးဇူး" ဆိုတဲ့ စကားတခွန်းတောင် မရခဲ့တဲ့ အတွက် ကူညီခဲ့မိ တာကို သူဝမ်းနည်း နောင်တ ရမိပါတယ်။

ဒါပေမယ့် ထင်မှတ်မထားပါဘူး။ သူဟာ မောပန်းလွန်းလို့ ကိုယ့်ခြေထောက်တောင် မသယ်ချင် လောက်အောင် နွမ်းနယ် နေချိန်မှာ လူရွယ် တဦးက သူ့နောက်ကို အမီလိုက်လာ ခဲ့ပါတယ်။ လူရွယ်က ခရီးသွားကို ပြောတယ်။

"ကျွန်တော့်အဘွားကို ကူညီခဲ့တဲ့ အတွက် ကျေးဇူးတင် ပါတယ်။ အဘွားက ဒီပစ္စည်းတွေ ခင်ဗျားအတွက် အသုံးဝင် လိမ့်မယ် ဆိုပြီး ပေးခိုင်းလိုက် ပါတယ်" လို့ ပြောပါတယ်။

လူရွယ်က ရိက္ခာခြောက်တွေ ထုတ်ပေးပြီး သူစီးလာခဲ့တဲ့ မြင်းကိုလည်း ခရီးသွားကို ပေးလိုက်ပါတော့တယ်။

ဘဝက ကိုယ့်ကို ဘာပြန်ပေးမှာလဲ ဆိုတဲ့ ရလဒ်ကို အလျင်စလို မတောင်းဆို ပါနဲ့။ တခါလေမှာ စိတ်ရှည်ရှည် ထားပြီး စောင့်စားဖို့ လိုပါတယ်။ ဂူတခုထဲ အော်လိုက်ရင်တောင် ပဲ့တင်သံ ပြန်ကြားရဖို့ သင်ခဏလောက် စောင့်ရပါတယ်။

ဘဝက ကြိုးစားမှုအပေါ် ရလဒ်တခု ပေးပါလိမ့်မယ်။ ဒါပေမယ့် ချက်ချင်းတော့ မဟုတ်ပါဘူး။ ဒါမှ အနှစ်သာရ ရှိပါတယ်။ ကျိန်းသေတာ တခုကတော့ နောက်ဆုံးမှာ သင့်ရဲ့ ကြိုးစားမှု တခုဟာ သင့်အပေါ် ပျော်ရွှင်စရာတွေ ပြန်ပေးမယ် ဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့် ကြိုးစားမှုကို ဘယ်သောအခါမှ ရပ်တန့် မပစ်သင့်သလို ရလဒ်ကိုလည်း အလျင်စလို မဖြစ်ပါနဲ့ မိတ်ဆွေ။ Crd

Zawgyi

ေပးဆပ္မႈနဲ႔ ရလဒ္

တခါက ခရီးသြား တဦးဟာ ေခ်ာင္းကမ္းစပ္ ေဘးမွာ ေခ်ာင္းကိုျဖတ္ဖို႔ အခက္ ႀကဳံေနတဲ့ အဘြားအို တဦးကို ေတြ႕လိုက္တယ္။ သူကလည္း ခရီးပမ္းေနၿပီ ျဖစ္ေပမယ့္ အစြမ္းကုန္ အင္အားသုံးၿပီး ေခ်ာင္းျဖတ္ဖို႔ အဘြားအိုကို ကူညီေပး လိုက္ပါတယ္။

ေခ်ာင္းကို ျဖတ္ၿပီးတဲ့ေနာက္ အဘြားအိုဟာ စကား တခြန္းေတာင္ မေျပာဘဲ ခပ္သုတ္သုတ္ ထြက္ခြာသြား ခဲ့ပါတယ္။ ခရီးသြားဟာ အဘြားအိုကို အစြမ္းကုန္ ကူညီခဲ့ေပမယ့္ "ေက်းဇူး" ဆိုတဲ့ စကားတခြန္းေတာင္ မရခဲ့တဲ့ အတြက္ ကူညီခဲ့မိ တာကို သူဝမ္းနည္း ေနာင္တ ရမိပါတယ္။

ဒါေပမယ့္ ထင္မွတ္မထားပါဘူး။ သူဟာ ေမာပန္းလြန္းလို႔ ကိုယ့္ေျခေထာက္ေတာင္ မသယ္ခ်င္ ေလာက္ေအာင္ ႏြမ္းနယ္ ေနခ်ိန္မွာ လူ႐ြယ္ တဦးက သူ႔ေနာက္ကို အမီလိုက္လာ ခဲ့ပါတယ္။ လူ႐ြယ္က ခရီးသြားကို ေျပာတယ္။

"ကြၽန္ေတာ့္အဘြားကို ကူညီခဲ့တဲ့ အတြက္ ေက်းဇူးတင္ ပါတယ္။ အဘြားက ဒီပစၥည္းေတြ ခင္ဗ်ားအတြက္ အသုံးဝင္ လိမ့္မယ္ ဆိုၿပီး ေပးခိုင္းလိုက္ ပါတယ္" လို႔ ေျပာပါတယ္။ လူ႐ြယ္က ရိကၡာေျခာက္ေတြ ထုတ္ေပးၿပီး သူစီးလာခဲ့တဲ့ ျမင္းကိုလည္း ခရီးသြားကို ေပးလိုက္ပါေတာ့တယ္။

ဘဝက ကိုယ့္ကို ဘာျပန္ေပးမွာလဲ ဆိုတဲ့ ရလဒ္ကို အလ်င္စလို မေတာင္းဆို ပါနဲ႔။ တခါေလမွာ စိတ္ရွည္ရွည္ ထားၿပီး ေစာင့္စားဖို႔ လိုပါတယ္။ ဂူတခုထဲ ေအာ္လိုက္ရင္ေတာင္ ပဲ့တင္သံ ျပန္ၾကားရဖို႔ သင္ခဏေလာက္ ေစာင့္ရပါတယ္။

ဘဝက ႀကိဳးစားမႈအေပၚ ရလဒ္တခု ေပးပါလိမ့္မယ္။ ဒါေပမယ့္ ခ်က္ခ်င္းေတာ့ မဟုတ္ပါဘူး။ ဒါမွ အႏွစ္သာရ ရွိပါတယ္။ က်ိန္းေသတာ တခုကေတာ့ ေနာက္ဆုံးမွာ သင့္ရဲ႕ ႀကိဳးစားမႈ တခုဟာ သင့္အေပၚ ေပ်ာ္႐ႊင္စရာေတြ ျပန္ေပးမယ္ ဆိုတဲ့ အခ်က္ပါပဲ။ ဒါေၾကာင့္ ႀကိဳးစားမႈကို ဘယ္ေသာအခါမွ ရပ္တန႔္ မပစ္သင့္သလို ရလဒ္ကိုလည္း အလ်င္စလို မျဖစ္ပါနဲ႔ မိတ္ေဆြ။ Crd

Post a Comment

0 Comments