ကိုယ်ချစ်တဲ့သူတွေကို ပြစ်မထားပါနဲ့

ဒီပုံပြင်လေး ကတော့ ဂျပန်မှာ အမှန်တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။ ဂျပန်မှာ ရှိတဲ့ လူတဦးဟာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သား နံရံတွေကြား အခေါင်းပေါက် နေရာလပ် တခု ရှိတယ်။

သူဟာ နံရံကို ဖြိုချတဲ့ အခါ ညပ်နေတဲ့ အိမ်မြှောင် တကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတချောင်းက အဲဒီ အိမ်မြှောင်ရဲ့ ခြေတဖက်ကို ဖောက်ရိုက် ထားတာ သူ တွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေး အပေါ် သနားစိတ် ဝင်ခဲ့တယ်။

တချိန်ထဲမှာပဲ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကို စစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့ သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့ တွက်ကြည့်ရင် ဆယ်နှစ်လောက် ရှိနေတာကို သူ ဖော်ထုတ် တွေ့ရှိခဲ့တယ်။ ဘယ်လို ဖြစ်ရတာလဲ။

အိမ်မြှောင်လေးဟာ တနေရာထဲ မှာပဲ ဆယ်နှစ် ကြာကြာ အသက်ရှင် ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့ နံရံမှာ ဆယ်နှစ် ကြာကြာ မရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့အားသင့်မှု တွေနဲ့ အတူ တုန်လှုပ်သွားခဲ့တယ်။

ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်း တလှမ်းမှ မရွေ့လျားဘဲ ဆယ်နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူ အရမ်း အရမ်း အံ့သြမိ ပါတယ်။ ဒါကြောင့် သူ့အလုပ်ကို ရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲ ဆိုတာ လေ့လာကြည့် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲ ဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေမှန်ကို ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒါကတော့ အခြား အိမ်မြှောင်လေးတကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတ အိမ်မြှောင်လေးကို လာကျွေးနေလို့ ပါပဲ။

အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူ မှားလောက်အောင် ဖြစ်ပြီး အရမ်း ခံစားခဲ့ရတယ်။ ဆယ်နှစ်ကြာကြာ မမောမပန်း မျှော်လင့်ချက် မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို မြင်ယောင်စဉ်းစား ကြည့်ပါ။

ကျနော်တို့တတွေလည်း ကျနော်တို့ရဲ့ ဘဝအဖော်တွေ ဖြစ်တဲ့ သူငယ်ချင်း၊ မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ အတူလက်တွဲ လုပ်ဆောင်ရတဲ့ သူတွေ အပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးနိုင် မှာလား။

အထူးသဖြင့် ၉ လ တိုင်တိုင် ကြီးမားတဲ့ ဝန်ထုပ်ကို လွယ်ပြီး ကိုယ့်ကို လူဖြစ်အောင် ဒီလောကထဲ ယူဆောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့အမေကို ဒီလို ပြုစုပေးနိုင် မှာလား။

သေးငယ်တဲ့ တိရစ္ဆာန်လေး တောင်မှ ဒုက္ခ ရောက်နေတဲ့ အဖော်ကို ဒီလို ပြုစုတတ်ရင် အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေ ထူးတဲ့ လူသားတွေ အနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ကျေးဇူးပြုပြီး ကိုယ်ချစ်ရတဲ့ သူတွေကို ဘယ်တော့မှ စွန့်ပစ် မထားပါနဲ့။

ကိုယ့်ရဲ့ အကူအညီကို အမှန်တကယ် လိုလားနေတဲ့ သူကို အလုပ် များတယ်လို့ မပြောပါ နဲ့လား။ နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် ဘဝဟာ ကံကောင်းခြင်း သုခတွေနဲ့ ပြည့်စုံလာ ပါလိမ့်မယ်။ Crd

Post a Comment

0 Comments