ဉာဏ်ပညာရဲ့ စွမ်းအား

တခါတုန်းက ခြင်္သေ့ တကောင်ဟာ တောထဲမှာရှိတဲ့ သတ္တဝါ အားလုံးကို "တရက်ကို တကောင် သူ့အစာအဖြစ် လာအစား ခံမယ်ဆိုရင် ဘယ်သတ္တဝါ ကိုမှ အမဲမလိုက် တော့ဘူး" လို့ ပြောခဲ့တယ်။ သတ္တဝါ အားလုံးကလဲ သဘောတူပြီး မဲစနစ်နဲ့ နံနက်တိုင်း သွားရောက် အစားခံခဲ့ ကြတယ်။

တရက်မှာတော့ ယုန်လေး တကောင်ရဲ့ အလှည့်ကို ရောက်လာတယ်။ ယုန်ကလေးဟာ ခြင်္သေ့ကို ဘယ်လို ရင်ဆိုင်ရမလဲ လို့ အမြဲ တွေးနေ ခဲ့တယ်။ အကြံရတာနဲ့ ယုန်ကလေးဟာ နောက်ကျခံပြီးမှ ခြင်္သေ့ကြီးဆီကို သွားခဲ့တယ်။

ဗိုက်ဆာနေတဲ့ ခြင်္သေ့ကြီးဟာ ယုန်ကလေးကို ဘာလို့ နောက်ကျနေတာလဲလို့ ဟိန်းဟောက်ပြီး မေးလိုက်တယ်။ ယုန်ကလေးဟာ အလွန် ကြောက်လန့်နေတဲ့ ပုံနဲ့ ခြင်္သေ့ကြီးကို ပြောတယ်။

"ကျွန်တော်လမ်းမှာ သူ့ကိုယ်သူ တောဘုရင်ကြီးလို့ ပြောတဲ့ ခြင်္သေ့ကြီး တကောင်နဲ့ တွေ့နေလို့ပါ။ အဲ့ဒီ ခြင်္သေ့ကြီးက အရှင် ခြင်္သေ့မင်းကြီးကိုလည်း အနိုင်ယူမယ်လို့ ပြောနေလို့ပါ" လို့ ပြောလိုက်တယ်။

ခြင်္သေ့ကြီးကလည်း "ငါလည်း အဲဒီခြင်္သေ့ကို စားချင်တယ်၊ အဲဒီခြင်္သေ့ဆီ ငါ့ကိုလိုက်ပို့" လို့ ပြောလိုက်တယ်။ ယုန်ကလေးဟာ ခြင်္သေ့ကို ရေတွင်းတခုကို ခေါ်သွားလိုက်တယ်။ ခြင်္သေ့ကြီးဟာ ရေတွင်းထဲက ရောင်ပြန်ပုံရိပ်ကို ကြည့်ပြီး ဟိန်းဟောက်လိုက်တယ်။

ထိုအခါ ရေတွင်းထဲက ပုံရိပ်ကလည်း ပြန်ဟိန်းဟောက်တာကို တွေ့ပြီး ခြင်္သေ့ကြီးဟာ ဒေါသ အကြီးအကျယ် ထွက်ပြီး ခြင်္သေ့ကြီးကို ဖမ်းဖို့ ရေတွင်းထဲ ခုန်ချလိုက်တော့ ရေနစ်ပြီး သေသွားပါတော့တယ်။ အင်အားကြီးသူကို ပညာရှိသူက ပညာနဲ့ အနိုင် ရနိုင်တယ်။ Crd

Zawgyi

ဉာဏ္ပညာရဲ႕ စြမ္းအား

တခါတုန္းက ျခေသၤ့ တေကာင္ဟာ ေတာထဲမွာရွိတဲ့ သတၱဝါ အားလုံးကို "တရက္ကို တေကာင္ သူ႔အစာအျဖစ္ လာအစား ခံမယ္ဆိုရင္ ဘယ္သတၱဝါ ကိုမွ အမဲမလိုက္ ေတာ့ဘူး" လို႔ ေျပာခဲ့တယ္။ သတၱဝါ အားလုံးကလဲ သေဘာတူၿပီး မဲစနစ္နဲ႔ နံနက္တိုင္း သြားေရာက္ အစားခံခဲ့ ၾကတယ္။

တရက္မွာေတာ့ ယုန္ေလး တေကာင္ရဲ႕ အလွည့္ကို ေရာက္လာတယ္။ ယုန္ကေလးဟာ ျခေသၤ့ကို ဘယ္လို ရင္ဆိုင္ရမလဲ လို႔ အၿမဲ ေတြးေန ခဲ့တယ္။ အႀကံရတာနဲ႔ ယုန္ကေလးဟာ ေနာက္က်ခံၿပီးမွ ျခေသၤ့ႀကီးဆီကို သြားခဲ့တယ္။

ဗိုက္ဆာေနတဲ့ ျခေသၤ့ႀကီးဟာ ယုန္ကေလးကို ဘာလို႔ ေနာက္က်ေနတာလဲလို႔ ဟိန္းေဟာက္ၿပီး ေမးလိုက္တယ္။ ယုန္ကေလးဟာ အလြန္ ေၾကာက္လန႔္ေနတဲ့ ပုံနဲ႔ ျခေသၤ့ႀကီးကို ေျပာတယ္။

"ကြၽန္ေတာ္လမ္းမွာ သူ႔ကိုယ္သူ ေတာဘုရင္ႀကီးလို႔ ေျပာတဲ့ ျခေသၤ့ႀကီး တေကာင္နဲ႔ ေတြ႕ေနလို႔ပါ။ အဲ့ဒီ ျခေသၤ့ႀကီးက အရွင္ ျခေသၤ့မင္းႀကီးကိုလည္း အႏိုင္ယူမယ္လို႔ ေျပာေနလို႔ပါ" လို႔ ေျပာလိုက္တယ္။

ျခေသၤ့ႀကီးကလည္း "ငါလည္း အဲဒီျခေသၤ့ကို စားခ်င္တယ္၊ အဲဒီျခေသၤ့ဆီ ငါ့ကိုလိုက္ပို႔" လို႔ ေျပာလိုက္တယ္။ ယုန္ကေလးဟာ ျခေသၤ့ကို ေရတြင္းတခုကို ေခၚသြားလိုက္တယ္။ ျခေသၤ့ႀကီးဟာ ေရတြင္းထဲက ေရာင္ျပန္ပုံရိပ္ကို ၾကည့္ၿပီး ဟိန္းေဟာက္လိုက္တယ္။

ထိုအခါ ေရတြင္းထဲက ပုံရိပ္ကလည္း ျပန္ဟိန္းေဟာက္တာကို ေတြ႕ၿပီး ျခေသၤ့ႀကီးဟာ ေဒါသ အႀကီးအက်ယ္ ထြက္ၿပီး ျခေသၤ့ႀကီးကို ဖမ္းဖို႔ ေရတြင္းထဲ ခုန္ခ်လိုက္ေတာ့ ေရနစ္ၿပီး ေသသြားပါေတာ့တယ္။ အင္အားႀကီးသူကို ပညာရွိသူက ပညာနဲ႔ အႏိုင္ ရႏိုင္တယ္။ Crd

Post a Comment

0 Comments