လူနည်းစုသာ သတိထားမိတဲ့ နာမည်ကြီးနေရာ (၈) ခုရဲ့နောက်ကွယ်က လျှို့ဝှက်ချက်များ

အနုပညာဆိုတာ တကယ်ကို ရည်ရွယ်ချက်ရှိပါတယ်။ ကမ္ဘာကျော် အထင်ကရနေရာတွေရဲ့ နောက်ကွယ်က ဗိသုကာပညာရှင်တွေနှင့် အနုပညာရှင်တွေရဲ့ အံ့မခန်းလက်ရာတွေကတော့ လိုက်တွေးလို့ကို မမှီနိုင်ပါဘူး။

သူတို့ဟာ လျှို့ဝှက်ချက်တွေကို ဖန်တီးပြီး ရိုးရှင်းတဲ့အမြင်မှာ ဝှက်ထားခဲ့ကြပါတယ်။ သူတို့တွေ ဘာတွေကို ဝှက်ထားခဲ့လဲ ဆိုတာကို love media နဲ့တူတူရှာကြည့်လိုက်ရအောင်။

၁။ Sphinx အတွင်းမှာရှိတဲ့ လျှို့ဝှက်အခန်းများ

Sphinx ဆိုတာက သဲကန္တာရအလယ်မှာရှိတဲ့ ကြီးမားတဲ့ အထိမ်းအမှတ်တစ်ခုပါ။ Sphinx ရဲ့ အတွင်းပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ဥမင်လိုဏ်ခေါင်းတွေနှင့် အခန်းတွေကို တည်ဆောက်ထားပြီး အောက်ခြေအထိဆင်းသွားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၂။ Charing Cross Road ရဲ့အောက်မှာ ဖုံးကွယ်ထားတဲ့လမ်း

Charing Cross ဆိုတာ အရင်က ဒီလိုမျိုးမဟုတ်ပါဘူး။ လူကြိုက်များတဲ့ လမ်းဆုံဖြစ်တဲ့ Little Compton လို့ခေါ်တဲ့ လမ်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ခဲ့တာပါ။ လမ်းဟောင်းရဲ့ ပုံရိပ်တွေကို မီးတိုင်တွေနှင့် လက်ရန်းတွေနဲ့ ဖုံးအုပ်ထားတာကို တွေ့မြင်နိုင်ပါတယ်။

၃။ Trafalgar Squareရဲ့ ဘေးမှာရှိတဲ့ ရဲစခန်းသေးသေးလေး

လန်ဒန်ဟာ အစည်ကားဆုံးနေရာတွေထဲက တစ်ခုဖြစ်တာကြောင့် စောင့်ကြည့်ခြင်းနှင့် အကာအကွယ်တွေပါတဲ့ နေရာလေးတစ်ခုကို ဗိသုကာပညာရှင်တစ်ဦးက တည်ဆောက်ပေးခဲ့ပါတယ်။ ရဲစခန်းလို့ သတိမထားမိအောင် တည်ဆောက်ပေးခဲ့ပါတယ်။ အသုံးမပြုတော့ပေမယ့်လည်း အံ့သြစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိပြီး ခရီးသွားအများအပြားရဲ့အာရုံစိုက်မှုကို ခံနေရဆဲပါ။

၄။ The Waldorf Astoria အောက်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Track 61

The Waldorf Astoria ဟိုတယ်မှာ တစ်ညတာ တည်းခိုတဲ့အခါ ခြေသံတွေ၊ ဆူညံသံတွေလိုမျိုး ကြားရရင် သင့်စိတ်ထဲ မသိုးမသန့်ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ အောက်ခြေမှာရှိတဲ့ မန်ဟက်တန်ရဲ့ ကြာရှည်စွာ မေ့ထားခဲ့တဲ့ Track 61 က ရေနွေးငွေ့ရထားဟောင်းတွေ ရှိနေတာကြောင့်ပါ။

၅။ Leonardo da Vinci ရုပ်တုမှာရှိတဲ့ အပေါက်တစ်ခု

လီယိုနာဒို ဒါဗင်ချီလိုမျိုး ပန်းချီဆရာကြီးရဲ့ ဧရာမရုပ်ထုရဲ့နောက်ကွယ်မှာ ပန်းပုဆရာက လျှို့ဝှက်အခန်းလေးတွေ ထားခဲ့ပါတယ်။ Assen Peikov က အရုပ်ရဲ့ အလယ်ပတ်လည်မှာ parchment တွေပါရှိတဲ့ လျှို့ဝှက်အခန်းတစ်ခုကို ထားခဲ့ပါတယ်။

၆။ Roman Colosseum အောက်မှာရှိတဲ့ မြေအောက်ဥမင်များ

ဒီကြီးမားကျယ်ပြန့်တဲ့ အဆောက်အအုံဟာ ရောမရဲ့သမိုင်းဝင်နေရာ တစ်ခုဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေနှင့် ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ Colosseum ရဲ့ အောက်ခြေမှာ“hypogeum” လို့ခေါ်တဲ့ အနုစိတ်တဲ့ ဥမင်လိုဏ်ခေါင်းတွေကို ထူးထူးခြားခြား ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

၇။ Niagara ရေတံခွန်နားမှာရှိတဲ့ Evil Spirit လို့ ခေါ်တဲ့လှိုဏ်ဂူ

Niagara ရေတံခွန်ဆိုတာက နယူးယောက်နှင့် ကနေဒါတို့ကို ကျော်လွန်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့နေရာမှာ နောက်ထပ်ထူးဆန်းနေတဲ့ အရာတစ်ခုကတော့ Evil Spirit လို့ခေါ်တဲ့ လှိုဏ်ဂူဖြစ်ပါတယ်။ ဒဏ္ဍာရီအရတော့ ဂူထဲကို ဝင်ပြီး ပြန်ထွက်သွားသူတိုင်း သူတို့နောက်ကို ကံကြမ္မာဆိုးတွေ ကပ်ပါသွားတယ်လို့ ဆိုပါတယ်။

၈။ Disneylandမှာ ရှိတဲ့ သီးသန့် Club 33

Disneyland ဆိုတာက အပန်းဖြေနေရာတစ်ခုထက် ပိုပါတယ်။။ အဲ့နေရာမှာ သာမန်ထက်ထူးခြားနေတဲ့ ဆန်းပြားမှုတွေ ရှိပါတယ်။ Club 33 ဟာDisney Parksမှာ ရှိတဲ့ Disney ချစ်သူတွေအတွက် သီးသန့်ကလပ်ဖြစ်ပြီး အဖွဲ့ဝင်တွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေကို ပေးပါတယ်။

ကလပ်က အရမ်းသီးသန့်ဆန်တာကြောင့် အသင်းဝင်လျှောက်ထားသူတွေအနေနဲ့ စာတစ်စောင်ရေးထားပြီး ကာလကြာရှည်စွာစောင့်ဆိုင်းရတဲ့ စာရင်းတွေတောင် ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments