နေ့စဉ်ဘဝမှာ လိမ္မော်ခွံရဲ့အသုံးဝင်ပုံ (၉) မျိုး

လိမ္မော်သီးက စားလို့ကောင်းသလို့ လိမ္မော်ခွံကလည်း အရမ်းအသုံးဝင်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ လိမ္မော်ခွံတွေကို လွှင့်ပစ်တတ်ကြပါတယ်။ နေ့စဉ်ဘဝမှာ လိမ္မော်ခွံရဲ့အသုံးဝင်ပုံအကြောင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသီးအနှံတွေ စိုက်ပျိုးရာမှာ အသုံးဝင်ခြင်း

အသီးအနှံတွေအတွက် ခရုဟာ ရန်သူပါပဲ။ ခရုတွေက အသီးအနှံတွေကို ကိုက်စားပစ်လိုက်ရင် ပုံစံလည်း မလှတော့သလို ဆက်ပြီးတော့သလို မကြီးထွားတော့ပါဘူး။

စိုက်ထားတဲ့ အသီးအနှံတွေကို ခရုတွေမစားတော့အောင်လို့ လိမ္မော်ခွံတွေကို အသီးအနှံပင်တွေနားမှာ ထားပါ။ လိမ္မော်ခွံက ခရုတွေကို ဆွဲဆောင်ပါတယ်။ အဲဒါကြောင့် ခရုတွေက အသီးအနှံအသီးအရွက်တွေကို မစားတော့ဘဲ လိမ္မော်ခွံကိုပဲ စားပါတော့တယ်။

၂။ မှိုတွေကို နည်းပါးစေခြင်း

အိမ်မှာ စိုထိုင်းပြီးမှိုတွေ တက်လာတာက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာပါပဲ။ ခွက်တစ်လုံးထဲမှာ လိမ္မော်ခွံတွေထည့်ပြီး ရှာလကာရည်ကို ခွက်အပြည့်ဖြည့်ပါ။ အဲဒီနောက် အပူပေးလိုက်ပါ။ အပူပေးပြီးနောက် ခွက်ကို မှိုတွေစွဲနေတဲ့နေရာမှာ ၂ ပတ်ကနေ ၄ ပတ်အထိ ထားလိုက်ပါ။ အဲဒီအခါ မှိုစွဲနေတဲ့ အစက်အပြောက်တွေ ကင်းစင်သွားပါတယ်။

၃။ ကြောင်လေးတွေ အပင်ကို မကိုက်အောင် အသုံးပြုနိုင်ခြင်း

အိမ်တွင်းစိုက်အပင်လေးတွေဆိုရင် ကြောင်လေးတွေက သဘောကျတာကြောင့် ကိုက်တတ်ကြပါတယ်။ အိမ်တွင်းစိုက်အပင်တွေကို လိမ္မော်ခွံနဲ့ ပွတ်တိုက်ထားလိုက်ပါ။ အပင်လေးတွေပေါ်မှာ လိမ္မော်ခွံရဲ့အဆီကျန်ခဲ့ပါတယ်။ အဲဒီအနံ့ကို ကြောင်လေးတွေက မကြိုက်တာကြောင့် အိမ်တွင်းစိုက်အပင်လေးတွေကိုလည်း ကိုက်စားတော့မှာလည်း မဟုတ်ပါဘူး။

၄။ သကြားထုပ်ထဲ ထည့်ထားနိုင်ခြင်း

သကြားညိုကို ဒီတိုင်းထားလိုက်ရင်၊ ရေငွေ့ထိသွားရင် ခဲသွားတတ်ပါတယ်။ အဲဒီလို မဖြစ်ရအောင် လိမ္မော်ခွံကို သကြားထုပ်ထဲ ထည့်ထားလိုက်ပါ။ သကြားရဲ့အစိုဓာတ်ကို လိမ္မော်ခွံက ထိန်းပေးထားတာကြောင့် သကြားတွေ မခဲသွားတော့ပါဘူး။

၅။ သစ်သားတွေမှာ ကပ်နေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးခြင်း

သစ်သားစဉ်းတီတုံးတွေဟာ အချိန်တွေ ကြာလာရင် မည်းလာပါတယ်။ သစ်သားတွေကို ပြန်လည်တောက်ပြောင်လာစေဖို့ နည်းလမ်းကတော့ လိမ္မော်ခွံအတွင်းဘက်နဲ့ ပွတ်တိုက်လိုက်ရုံပါပဲ။

၆။ ပန်းကန်ဆေးပိုက်က အနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း

ပန်းကန်ဆေးပိုက်က အိမ်မှာ အညစ်ပတ်ဆုံးနေရာတွေထဲက တစ်နေရာပါ။ ပန်းကန်ဆေးပိုက်ကနေ အနံ့ဆိုးတွေ ဖယ်ရှားရခက်ပါတယ်။ ရေခဲတုံးတွေနဲ့ လိမ္မော်ခွံတွေကို ရောစိမ်ထားပြီး ရလာတဲ့ရေကို ပန်းကန်ဆေးပိုက်ထဲကို လောင်းချလိုက်ပါ။

ပြီးရင် ရေပိုက်ခေါင်းကို ၄၅ စက္ကန့်လောက်ဖွင့်ထားပါ။ အဲဒီနောက် ရေပူကို ၁၅ စက္ကန့်ကြာအောင် ဖွင့်ထားပါ။ အဲဒီအခါ ပန်းကန်ဆေးပိုက်က အနံ့ဆိုးတွေ သိသိသာသာ ကင်းစင်သွားတာကို တွေ့ရမှာပါ။

၇။ ကော်ဖီခွက်က ချွတ်ရခက်တဲ့အစွန်းတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီခွက်ကို အသုံးပြုဖန်များလာတဲ့အခါ အစွန်းတွေက စွဲလာပါတယ်။ ဖော့နဲ့ တိုက်ဆေးရင်လည်း အစွန်းတွေက မပျောက်တော့ပါဘူး။ အဲဒီအခါ ဆားစိမ်ထားတဲ့ လိမ္မော်ခွံနဲ့ ကော်ဖီခွက်ကို ပွတ်တိုက်ပေးပါ။ ချွတ်ရခက်တဲ့ ကော်ဖီအစွန်းတွေက လွယ်လွယ်ကူကူ ပျောက်သွားပါတယ်။

၈။ မိုက်ခရိုဝေ့ကို သန့်ရှင်းရေးလုပ်ပေးခြင်း

မိုက်ခရိုဝေ့မီးဖိုထဲမှာ အနံ့ဆိုးတွေ ရှိနေတတ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ရေနဲ့ လိမ္မော်ခွံတွေကို ထည့်ပြီး မိုက်ခရိုဝေ့မီးဖိုထဲမှာ စက္ကန့် ၆၀ ခန့် အမြင့်ဆုံးအပူချိန်နဲ့ ထားလိုက်ပါ။ အဲဒီနောက်မှာတော့ မိုက်ခရိုဝေ့ထဲက အနံ့ဆိုးတွေက ကင်းရှင်းသွားတာကို တွေ့ရမှာပါ။ အဲဒီနောက်မှာမှ သန့်ရှင်းတဲ့အဝတ်စနဲ့ မိုက်ခရိုဝေ့မီးဖိုကို သန့်ရှင်းရေးလုပ်ပေးပါ။

၉။ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း

လိမ္မော်ခွံက အိမ်မှာတင်ပြုလုပ်လို့ ရတဲ့သဘာဝမြေဩဇာပါပဲ။ လိမ္မော်ခွံ၊ သစ်ရွက်အခြောက်၊ မြက်ခြောက်တွေကို ရောပြီး ဆွေးမြေ့အောင်ထားလိုက်ရင် သဘာဝမြေဩဇာ ရရှိပါတယ်။ မြေဩဇာပြုလုပ်မယ်ဆိုရင် အပူချိန်က နွေးနေဖို့လိုအပ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments