နေ့စဉ်ဘဝမှာ ကြက်သွန်နီရဲ့ ထူးထူးခြားခြားအသုံးဝင်တဲ့နည်း (၇) ခု

ကြက်သွန်နီက အမျှင်ဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာပါ။ နေ့စဉ်အစားအစာထဲမှာ ကြက်သွန်နီက အမြဲပါဝင်ပါတယ်။ ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့အပြင် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်ပါတယ်။

ဒီနေ့မှာတော့ ကြက်သွန်နီက နောက်ထပ်ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သေးလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှာခေါင်းပိတ်တာကို သက်သာစေခြင်း

ကြက်သွန်နီက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကို ဖြည့်ပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ phytochemical ပါတာကြောင့် ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးနဲ့ နှာခေါင်းပိတ်တဲ့အခါ ကြက်သွန်နီကိုသာ များများစားပါ။

ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲမှာ ကြက်သွန်နီတစ်လုံးကို လှီးပြီး ထည့်ပြုတ်ပါ။ ဆူပွက်လာတဲအ့ခါ ဂျင်းအနည်းငယ်ထည့်ပါ။ အဲဒီနောက် သံပုရာသီးတစ်စိတ်လောက်ထည့်ပါ။ ခပ်နွေးနွေး အနေအထားမှာတော့ သောက်လို့ရပါပြီ။

၂။ ဆံပင်ရှည်မြန်စေခြင်း

ကြက်သွန်နီကနေ ရတဲ့အရည်က ဆံပင်ရှည်မြန်ဖို့အတွက် အရမ်းထိရောက်ပါတယ်။ ကြက်သွန်နီတစ်လုံးကို ခြစ်ပြီးနောက် အရည်ရအောင် ညှစ်ပါ။ ရေတစ်လီတာကို ဆူပွက်အောင်တည်ပြီး ရှားစောင်းလက်ပတ်ဂျယ် အနည်းငယ်ထည့်ပါ။

အဲဒီနောက် ကြက်သွန်နီအရည်ကို ထည့်ပြီး အအေးခံပါ။ ရလာတဲ့အရည်တွေကို ဖျန်းလို့ရတဲ့ ဘူးတစ်ခုထဲမှာထည့်ပြီး ဆံပင်အရင်းနေရာကို ဖျန်းပေးပါ။ ဖျန်းပြီး ၁၅ မိနစ်ကြာ ထားပြီးနောက် ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်လို့ရပါပြီ။

၃။ အင်္ကျီက အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်း

အင်္ကျီတွေမှာ ချွေးကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေ၊ ချွေးနံ့ပျောက်ဆေးကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေက ဖယ်ရှားရခက်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီရှိနေရင်တော့ အရမ်းမခက်ခဲတော့ပါဘူး။ ကြက်သွန်နီတစ်ခြမ်းကို လှီးပြီး အင်္ကျီမှာ စွန်းထင်းနေတဲ့နေရာကို ပွတ်တိုက်ပေးပါ။

ကြက်သွန်နီနဲ့ ပွတ်တိုက်ပြီးနောက် ၁၀ မိနစ်ကြာထားပါ။ အချိန်ကြာရှည်စွာ ကပ်နေတဲ့ အစွန်းအထင်းတွေဆိုရင် အင်္ကျီကို ကြက်သွန်နီနဲ့ပွတ်ပြီး ဆပ်ပြာရည်နဲ့ ၂၄ နာရီခန့်စိမ်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ လျှော်ပါ။

၄။ သံချေးတက်တာတွေကို ဖယ်ရှားပေးခြင်း

သတ္တုပစ္စည်းတွေက သံချေးတွေကို ဖယ်ရှားဖို့အတွက် ထွေထွေထူးထူး အလုပ်ရှုပ်နေစရာ မလိုတော့ပါဘူး။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ကတ်ကြေး၊ ဓားတို့မှာ ပွတ်တိုက်ပေးပါ။

အဲဒီနောက် ခြောက်သွေ့တဲ့ အဝတ်စတစ်ခုနဲ့ ပွတ်တိုက်ပေးရုံပါပဲ။

၅။ အဝတ်အစားတွေပေါ်က မီးပူကျွမ်းရာတွေကို ဖယ်ရှားပေးခြင်း

မီးပူတိုက်တဲ့အခါ အပူချိန်များပြီး အဝတ်အစားတွေ မီးကျွမ်းသွားတတ်ပါတယ်။ မီးကျွမ်းရာတွေကို ဖယ်ရှားဖို့ ကြက်သွန်နီရှိရုံနဲ့ရပါတယ်။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အဝတ်အစားပေါ်က မီးကျွမ်းရာတွေပေါ်မှာ ပွတ်တိုက်ပေးပါ။

အဲဒီနောက် တစ်နာရီခန့် ထားလိုက်ပါ။ ပြီးရင် ပုံမှန်အဝတ်လျှော်နေကျအတိုင်း လျှောက်လိုက်လို့ရပါပြီ။

၆။ သံကင်ပျစ်ပေါ်က အဆီတွေကို သန့်စင်ပေးခြင်း

ကြက်သွန်နီရဲ့နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ အဆီတွေကို ဖယ်ရှားနိုင်တာပါ။ ဒယ်အိုးတွေပေါ်က အဆီတွေကို သန့်စင်ပေးနိုင်သလို သန့်ရှင်းရေးလုပ်ရတာခက်တဲ့ သံကင်ပျစ်ပေါ်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကြက်သွန်နီတစ်လုံးကို ခက်ရင်းနဲ့ ထိုးပြီး သံကင်ပျစ်ပေါ်က အဆီတွေရှိတဲ့ နေရာတွေပေါ်ကို လိုက်ပြီး ပွတ်တိုက်လိုက်ရုံပါပဲ။

၇။ ခြင်ကိုက်ဖုတွေကို သက်သာစေခြင်း

ကြက်သွန်နီရဲ့နောက်ထပ် အစွမ်းတစ်ခုကတော့ ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားယားယံတာ၊ နီမြန်းတာကို သက်သာစေတာပါ။

ခြင်ကိုက်ဖုရှိတဲ့နေရာတွေမှာ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ပွတ်တိုက်ပေးပါ။ အဲဒီနောက် ရေဆေးချလိုက်ရင် ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments