ပိုက်ဆံမရှိတဲ့အချိန် တယောက်ထဲနေလိုက်ပါ

ကိုယ့်မှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည်ဆိုင် ထိုင်ပြီး တခြား သူတွေ "ငါရှင်းလိုက်မယ်၊ သူရှင်းလိုက်မယ်" ပြောနေချိန်မှာ မျက်နှာငယ် လေးနဲ့ မင်း ကြည့်နေရ လိမ့်မယ်။

ကိုယ့်မှာ မရှိတဲ့ အချိန် မင်းကို "စားပါအုံး" လို့ ပြောတဲ့လူတွေ ရဲ့ အသံကို ဝတ်ကျေ တန်းကျေ အသံလောက်ပဲ မင်း ကြားရလိမ့်မယ်။

ကိုယ့်မှာ မရှိတဲ့ အချိန် မင်းကို တခုပေး တခုကျွေးပြီး၊ ပညာသား ပါတဲ့ လူတွေက မင်းကို ပညာသား ပါပါ တခုခု ပြန်ခိုင်းတာ ခံရ တတ်တယ်။ ကိုယ့်မှာ မရှိတဲ့ အချိန် မင်းကို ဘယ်သူမှ ကြိုဆိုနေ ကြမှာ မဟုတ်ဘူး။

အဲဒီလို လူတွေကိုလည်း အပြစ် မတင်လိုက် ပါနဲ့။ သူ့တို့မှာ အပြစ်မရှိသလို မင်းမှာလည်း အပြစ် မရှိပါဘူး။ လောက နိယာမ သဘာဝ ကိုက ဘယ်သူမှ လွန်ဆန်လို့ မရပါဘူး။

ကိုယ့်မှာ မရှိရင် တယောက်ထဲ နေခြင်းဖြင့် မျက်နှာ မငယ်ရတော့ ပါဘူး။ မျက်နှာငယ် ခံပြီး စားရတာထက် အငတ်ခံ လိုက်တာက ပိုပြီး အဆင်ပြေ ပါတယ်။

ကိုယ့်ကို မကြိုဆိုမယ့် ဘယ်နေရာမှ မသွားမိ ပါစေနဲ့။ ကိုယ့်အတွက် ဝန်လေးစေမယ် ထင်ရင် ဘယ်သူမှ မသိအောင် ရှောင်ထွက်လိုက်ပါ။ ပိုက်ဆံမရှိတဲ့အခါ တယောက်ထဲ နေလိုက်တာ အကောင်းဆုံးပါ။

အတတ်နိုင်ဆုံး တယောက်ထဲ နေကြည့်ပါ။ ရှေ့ဆက်ပါ။ အကောင်းဆုံး ကြိုးစားပါ။ ပိုက်ဆံ ရအောင် ရှာပါ။ ကိုယ့်မှာ ရှိလာပြီဆို ကိုယ့်လို ခံစားဖူးတဲ့ လူတွေကို ကိုယ်ချင်းစာ ဖေးမ ကူညီပေး လိုက်ပါ။ Crd

Zawgyi

ပိုက္ဆံမရွိတဲ့အခ်ိန္ တေယာက္ထဲေနလိုက္ပါ

ကိုယ့္မွာ ပိုက္ဆံ မရွိရင္ လက္ဖက္ရည္ဆိုင္ ထိုင္ၿပီး တျခား သူေတြ "ငါရွင္းလိုက္မယ္၊ သူရွင္းလိုက္မယ္" ေျပာေနခ်ိန္မွာ မ်က္ႏွာငယ္ ေလးနဲ႔ မင္း ၾကည့္ေနရ လိမ့္မယ္။

ကိုယ့္မွာ မရွိတဲ့ အခ်ိန္ မင္းကို "စားပါအုံး" လို႔ ေျပာတဲ့လူေတြ ရဲ႕ အသံကို ဝတ္ေက် တန္းေက် အသံေလာက္ပဲ မင္း ၾကားရလိမ့္မယ္။

ကိုယ့္မွာ မရွိတဲ့ အခ်ိန္ မင္းကို တခုေပး တခုေကြၽးၿပီး၊ ပညာသား ပါတဲ့ လူေတြက မင္းကို ပညာသား ပါပါ တခုခု ျပန္ခိုင္းတာ ခံရ တတ္တယ္။ ကိုယ့္မွာ မရွိတဲ့ အခ်ိန္ မင္းကို ဘယ္သူမွ ႀကိဳဆိုေန ၾကမွာ မဟုတ္ဘူး။

အဲဒီလို လူေတြကိုလည္း အျပစ္ မတင္လိုက္ ပါနဲ႔။ သူ႔တို႔မွာ အျပစ္မရွိသလို မင္းမွာလည္း အျပစ္ မရွိပါဘူး။ ေလာက နိယာမ သဘာဝ ကိုက ဘယ္သူမွ လြန္ဆန္လို႔ မရပါဘူး။

ကိုယ့္မွာ မရွိရင္ တေယာက္ထဲ ေနျခင္းျဖင့္ မ်က္ႏွာ မငယ္ရေတာ့ ပါဘူး။ မ်က္ႏွာငယ္ ခံၿပီး စားရတာထက္ အငတ္ခံ လိုက္တာက ပိုၿပီး အဆင္ေျပ ပါတယ္။

ကိုယ့္ကို မႀကိဳဆိုမယ့္ ဘယ္ေနရာမွ မသြားမိ ပါေစနဲ႔။ ကိုယ့္အတြက္ ဝန္ေလးေစမယ္ ထင္ရင္ ဘယ္သူမွ မသိေအာင္ ေရွာင္ထြက္လိုက္ပါ။ ပိုက္ဆံမရွိတဲ့အခါ တေယာက္ထဲ ေနလိုက္တာ အေကာင္းဆုံးပါ။

အတတ္ႏိုင္ဆုံး တေယာက္ထဲ ေနၾကည့္ပါ။ ေရွ႕ဆက္ပါ။ အေကာင္းဆုံး ႀကိဳးစားပါ။ ပိုက္ဆံ ရေအာင္ ရွာပါ။ ကိုယ့္မွာ ရွိလာၿပီဆို ကိုယ့္လို ခံစားဖူးတဲ့ လူေတြကို ကိုယ္ခ်င္းစာ ေဖးမ ကူညီေပး လိုက္ပါ။ Crd

Post a Comment

0 Comments