တင်းတိမ်ရောင့်ရဲခြင်း

တခါတုန်းက ဇိမ်ခံ ရွက်သင်္ဘောနှင့် အပန်းဖြေခရီး ထွက်လာတဲ့ လုပ်ငန်းရှင် သူဌေးကြီး တဦးက ပင်လယ်ကန်းရိုးတန်း တနေရာတွင် လမ်းလျှောက်ရင်း တံငါသည် တယောက်ကို တွေ့တယ်။

တံငါသည်က လှေနံဘေးမှာ အေးအေး ဆေးဆေးလှဲကာ ဆေးတံကို ခဲပြီး ဇိမ်နဲ့ နှပ်နေတယ်။ သူ့ပုံစံကို ကြည့်ပြီး သူဌေးကြီးက စိတ်ပျက်ကာ ကရုဏာ ဒေါသောနှင့် ဆိုတယ်။ "မင်း ဘာလို့ ငါးဖမ်း မထွက်ပဲ ဒီမှာ ထိုင်နေတာလဲ"

တံငါသည်က "တနေ့စာ ဖမ်းလို့ ရပြီးပြီဗျ" လို့ ဆိုတယ်။ ထိုအခါ သူဌေးက "ဟ ဒါဆို နောက်ထပ် ထပ်ဖမ်းပေါ့ကွ" ဆိုတော့ တံငါသည်က "ဖမ်းပြီး ဘာလုပ်ရမှာလဲ" လို့ ပြန်မေးတယ်။

"ထပ်ဖမ်းတော့ မင်း ငါးပိုရ မှာပေါ့။ ငါး ပိုရတော့ ရောင်းစားရင် မင်း ပိုက်ဆံ ပိုရမယ်။ ပိုက်ဆံ ပိုရတော့ မင်း ငါးဖမ်းလှေ တစီး ဝယ်နိုင်မယ်။ ငါဖမ်းလှေ ဝယ်နိုင်တော့ ပင်လယ်ထဲထိ မင်း ငါးဖမ်း ထွက်နိုင်မယ်။

အဲဒီလို ထွက်နိုင်ရင် မင်း ငါးများများ ရတော့ ရောင်းစားရင် ပိုက်ဆံများများ ရပြီး ငါးဖမ်းလှေ နောက်တစီး ထပ်ဝယ်နိုင် မှာပေါ့။ နောက်ဆုံး ငါ့လို သူဌေးကြီး မင်း ဖြစ်လာနိုင်တာပေါ့" လို့ သူဌေးကြီးက ကြီးပွားရေး လမ်းကြောင်းကို တွက်ပြတယ်။

တံငါသည်က "အဲဒီအခါ ကျတော့ ကျွန်တော် ဘာလုပ်ရမှာလဲ" လို့ မေးတဲ့အခါ သူဌေးကြီးက "အဲဒီအခါ မင်း ငါ့လို အေးအေးဆေးနဲ့ ဇိမ်နဲ့ နေနိုင်တာ ပေါ့ကွ" လို့ ပြောတယ်။

ထိုအခါ တံငါသည်က သူဌေးကြီးကို "အော်၊ အခုကော ကျွန်တော် ဘာလုပ်နေတယ် ထင်လို့လဲ" လို့ ပြန်ပြောလိုက် ပါတော့တယ်။ ဘဝရဲ့ ချမ်းသာခြင်း အစစ်က ရောင့်ရဲ တင်းတိမ်နိုင်ခြင်း ပါပဲ။ Yan Naing

Zawgyi

တင္းတိမ္ေရာင့္ရဲျခင္း

တခါတုန္းက ဇိမ္ခံ ႐ြက္သေဘၤာႏွင့္ အပန္းေျဖခရီး ထြက္လာတဲ့ လုပ္ငန္းရွင္ သူေဌးႀကီး တဦးက ပင္လယ္ကန္း႐ိုးတန္း တေနရာတြင္ လမ္းေလွ်ာက္ရင္း တံငါသည္ တေယာက္ကို ေတြ႕တယ္။

တံငါသည္က ေလွနံေဘးမွာ ေအးေအး ေဆးေဆးလွဲကာ ေဆးတံကို ခဲၿပီး ဇိမ္နဲ႔ ႏွပ္ေနတယ္။ သူ႔ပုံစံကို ၾကည့္ၿပီး သူေဌးႀကီးက စိတ္ပ်က္ကာ က႐ုဏာ ေဒါေသာႏွင့္ ဆိုတယ္။ "မင္း ဘာလို႔ ငါးဖမ္း မထြက္ပဲ ဒီမွာ ထိုင္ေနတာလဲ"

တံငါသည္က "တေန႔စာ ဖမ္းလို႔ ရၿပီးၿပီဗ်" လို႔ ဆိုတယ္။ ထိုအခါ သူေဌးက "ဟ ဒါဆို ေနာက္ထပ္ ထပ္ဖမ္းေပါ့ကြ" ဆိုေတာ့ တံငါသည္က "ဖမ္းၿပီး ဘာလုပ္ရမွာလဲ" လို႔ ျပန္ေမးတယ္။

"ထပ္ဖမ္းေတာ့ မင္း ငါးပိုရ မွာေပါ့။ ငါး ပိုရေတာ့ ေရာင္းစားရင္ မင္း ပိုက္ဆံ ပိုရမယ္။ ပိုက္ဆံ ပိုရေတာ့ မင္း ငါးဖမ္းေလွ တစီး ဝယ္ႏိုင္မယ္။ ငါဖမ္းေလွ ဝယ္ႏိုင္ေတာ့ ပင္လယ္ထဲထိ မင္း ငါးဖမ္း ထြက္ႏိုင္မယ္။

အဲဒီလို ထြက္ႏိုင္ရင္ မင္း ငါးမ်ားမ်ား ရေတာ့ ေရာင္းစားရင္ ပိုက္ဆံမ်ားမ်ား ရၿပီး ငါးဖမ္းေလွ ေနာက္တစီး ထပ္ဝယ္ႏိုင္ မွာေပါ့။ ေနာက္ဆုံး ငါ့လို သူေဌးႀကီး မင္း ျဖစ္လာႏိုင္တာေပါ့" လို႔ သူေဌးႀကီးက ႀကီးပြားေရး လမ္းေၾကာင္းကို တြက္ျပတယ္။

တံငါသည္က "အဲဒီအခါ က်ေတာ့ ကြၽန္ေတာ္ ဘာလုပ္ရမွာလဲ" လို႔ ေမးတဲ့အခါ သူေဌးႀကီးက "အဲဒီအခါ မင္း ငါ့လို ေအးေအးေဆးနဲ႔ ဇိမ္နဲ႔ ေနႏိုင္တာ ေပါ့ကြ" လို႔ ေျပာတယ္။

ထိုအခါ တံငါသည္က သူေဌးႀကီးကို "ေအာ္၊ အခုေကာ ကြၽန္ေတာ္ ဘာလုပ္ေနတယ္ ထင္လို႔လဲ" လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္။ ဘဝရဲ႕ ခ်မ္းသာျခင္း အစစ္က ေရာင့္ရဲ တင္းတိမ္ႏိုင္ျခင္း ပါပဲ။ Yan Naing

Post a Comment

0 Comments