မျောက်နှင့် ခြင်္သေ့

တခါတုန်းက လင်မယားနှစ်ယောက်ဟာ တိရစ္ဆာန်ရုံကို သွားကြတယ်။ မျောက်လှောင်အိမ် ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစား နေတာကို မြင်ပြီး မိန်းမဖြစ်သူက

"romantic ဆန်တာပဲနော်၊ မျောက်ထီးက အရမ်း ချစ်တတ်တာပဲ" လို့ ပြောတယ်။

ယောက်ျားဖြစ်သူက ဘာမှ ပြန်မပြောဘူး။ ပြီးတော့ သူတို့ ခြင်္သေ့ လှောင်အိမ်ဖက် သွားကြတယ်။ အထဲမှာ ခြင်္သေ့ အထီးနဲ့အမ ၂ ကောင် ရှိပေမယ့် ခြင်္သေ့ထီးက ထောင့်တနေရာမှာ ခြင်္သေ့မ ရှိမှန်း မသိသလိုကို တကောင်ထဲ အေးဆေး ထိုင်နေတယ်။

ဒါကို မြင်တော့ မိန်းမက "စိတ်ပျက်စရာကောင်းလိုက်တာ" လို့ ပြောပြန်တယ်။ ယောက်ျားက "မင်း ခြင်္သေ့မကို ခဲလေးနဲ့ ပေါက်ကြည့်လိုက် ပါလား" လို့ ပြောတော့ မိန်းမဖြစ်သူ ပေါက်လိုက်တာ ခြင်္သေ့ထီးက ဒေါသတကြီး ဟိန်းပြီး သူ့ခြင်္သေ့မကို ကာကွယ်ဖို့ ရောက်လာတယ်။

"အဲဒီလိုပဲ ခုနက မျောက်မ ကိုလည်း ခဲလေးနဲ့ ပေါက်ကြည့်ပါလား" ဆိုတော့ မိန်းမဖြစ်သူက ခဲနဲ့ ပေါက်လိုက်တာ မျောက်ထီးက သူရော အပေါက်ခံရမှာ စိုးလို့ မျောက်မကို ထားပြီး လွှတ်ရာ ကျွတ်ရာ ပြေးပုန်း ပါလေရော။

အဲဒီနောက် ယောက်ျားက ပြောတယ်။ "တချို့တွေရဲ့ romantic ဆိုတာတွေကို မြင်ပြီး မင်းတို့ အရူး မဖြစ်ကြစမ်း ပါနဲ့။ တော်တော် များများက ရင်ထဲ ဘာမှ မရှိပေမယ့် အရမ်းပဲ ချစ်တတ်သလို ဟန်ဆောင် နေတတ်ကြတယ်။

တချို့သူတွေ ကတော့ အပြင်ပန်းမှာ ဘာမှ မပြတတ်ပေမယ့် သူတို့ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့ပါ။

ဆိုးတာ တခုက လောကမှာ မျောက်ထီးတွေက ပေါနေပြီး ခြင်္သေ့ထီး တွေက ရှားတယ်" ဒါကြောင့် ကိုယ့်အနားမှာ ရှိတဲ့ ယောက်ျား ကောင်းတွေကို တန်ဖိုးထားပေးပါ။ Crd

Zawgyi

ေမ်ာက္နွင့္ ျခေသၤ့

တခါတုန္းက လင္မယားႏွစ္ေယာက္ဟာ တိရစာၦန္႐ုံကို သြားၾကတယ္။ ေမ်ာက္ေလွာင္အိမ္ ေရာက္ေတာ့ ေမ်ာက္ထီးနဲ႔ ေမ်ာက္မ ေဆာ့ကစား ေနတာကို ျမင္ၿပီး မိန္းမျဖစ္သူက "romantic ဆန္တာပဲေနာ္၊ ေမ်ာက္ထီးက အရမ္း ခ်စ္တတ္တာပဲ" လို႔ ေျပာတယ္။

ေယာက္်ားျဖစ္သူက ဘာမွ ျပန္မေျပာဘူး။ ၿပီးေတာ့ သူတို႔ ျခေသၤ့ ေလွာင္အိမ္ဖက္ သြားၾကတယ္။ အထဲမွာ ျခေသၤ့ အထီးနဲ႔အမ ၂ ေကာင္ ရွိေပမယ့္ ျခေသၤ့ထီးက ေထာင့္တေနရာမွာ ျခေသၤ့မ ရွိမွန္း မသိသလိုကို တေကာင္ထဲ ေအးေဆး ထိုင္ေနတယ္။

ဒါကို ျမင္ေတာ့ မိန္းမက "စိတ္ပ်က္စရာေကာင္းလိုက္တာ" လို႔ ေျပာျပန္တယ္။ ေယာက္်ားက "မင္း ျခေသၤ့မကို ခဲေလးနဲ႔ ေပါက္ၾကည့္လိုက္ ပါလား" လို႔ ေျပာေတာ့ မိန္းမျဖစ္သူ ေပါက္လိုက္တာ ျခေသၤ့ထီးက ေဒါသတႀကီး ဟိန္းၿပီး သူ႔ျခေသၤ့မကို ကာကြယ္ဖို႔ ေရာက္လာတယ္။

"အဲဒီလိုပဲ ခုနက ေမ်ာက္မ ကိုလည္း ခဲေလးနဲ႔ ေပါက္ၾကည့္ပါလား" ဆိုေတာ့ မိန္းမျဖစ္သူက ခဲနဲ႔ ေပါက္လိုက္တာ ေမ်ာက္ထီးက သူေရာ အေပါက္ခံရမွာ စိုးလို႔ ေမ်ာက္မကို ထားၿပီး လႊတ္ရာ ကြၽတ္ရာ ေျပးပုန္း ပါေလေရာ။

အဲဒီေနာက္ ေယာက္်ားက ေျပာတယ္။ "တခ်ိဳ႕ေတြရဲ႕ romantic ဆိုတာေတြကို ျမင္ၿပီး မင္းတို႔ အ႐ူး မျဖစ္ၾကစမ္း ပါနဲ႔။ ေတာ္ေတာ္ မ်ားမ်ားက ရင္ထဲ ဘာမွ မရွိေပမယ့္ အရမ္းပဲ ခ်စ္တတ္သလို ဟန္ေဆာင္ ေနတတ္ၾကတယ္။

တခ်ိဳ႕သူေတြ ကေတာ့ အျပင္ပန္းမွာ ဘာမွ မျပတတ္ေပမယ့္ သူတို႔ရင္ထဲမွာ အခ်စ္ေတြ အျပည့္နဲ႔ပါ။ ဆိုးတာ တခုက ေလာကမွာ ေမ်ာက္ထီးေတြက ေပါေနၿပီး ျခေသၤ့ထီး ေတြက ရွားတယ္" ဒါေၾကာင့္ ကိုယ့္အနားမွာ ရွိတဲ့ ေယာက္်ား ေကာင္းေတြကို တန္ဖိုးထားေပးပါ။ Crd

Post a Comment

0 Comments