တတ်နိုင်သလောက် ထမ်းပါ

တခါတုန်းက အဖိုးအို တယောက်ဟာ ညနေဘက် ဆိုရင် ပင်လယ်ကမ်းစပ်ကို လာလေ့ ရှိပါတယ်။ အဖိုးအိုဟာ လှိုင်းပုတ်တဲ့ ဒဏ်ကြောင့် သဲသောင်ပြင် ပေါ်မှာ သောင်တင် နေတဲ့ ငါးလေး တွေကို ကောက်ပြီး ပင်လယ်ထဲ ပြန်ပြန် ပစ်ထည့် ပါတယ်။

အဲဒီလိုမှ ပင်လယ်ထဲကို ပြန်မရောက်ဘူး ဆိုရင် ငါးလေးတွေဟာ ကုန်းပေါ်မှာ သေရမှာလေ။ ဒီအဖိုးအိုဟာ ညနေတိုင်း ညနေတိုင်း ပင်လယ်ကမ်းခြေကို လာပြီး သောင်တင်နေတဲ့ ငါးလေးတွေကို ပင်လယ်ထဲ ပြန်ပြန် ပစ်ထည့် ပေးပါတယ်။

တနေ့မှာတာ့ လူတယောက် ရောက်လာပြီး အဖိုးအိုကို အခုလို လာပြောပါတယ်။

"အဖိုးကြီး ခင်ဗျား ရူးနေလား။ ပင်လယ် ကမ်းခြေမှာ အဲဒီလို သောင်တင်နေတဲ့ ငါးလေးတွေ အများကြီး ရှိတယ်။ သန်းနဲ့ ချီပြီးကို ရှိနေတယ်။ ခင်ဗျား တယောက်တည်း ဒီငါးတွေ အကုန်လုံးကို ဘယ်လို လုပ်ပြီး ကယ်နိုင်မှာလဲ"

အဖိုးအိုက သူ့အလုပ်သူ လုပ်နေရင်း အဲဒီ လူကို လှည့်တောင် မကြည့်ပဲ အေးအေးဆေးဆေး ပြန်ဖြေ လိုက်ပါတယ်။ "တခြား ငါးတွေကို ငါမသိဘူး။ ငါ ကယ်လိုက်တဲ့ ငါးတွေ အားလုံးကတော့ အသက် ပြန်ရှင်တယ်" တဲ့။

နှမ်းတစေ့နဲ့ ဆီ မဖြစ်ပေမယ့် ဆီဖြစ်လာမယ့် နှမ်းတွေကို စုခဲ့ကြမယ် ဆိုရင်တော့ ဆီတွေ ဖြစ်လာမှာပါ။

ကိုယ်က အများကြီး မတတ်နိုင် ပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် လေးကို တစိုက်မတ်မတ် ကြိုးစား လုပ်ကိုင်နေရင်တော့ မိမိကောင်းကျိုး၊ မိမိ ပတ်ဝန်းကျင် အတွက် ကောင်းကျိုးတွေ ရရှိလာမှာပါ အမှန်ပါ။ မှတ်စုကြမ်း

Zawgyi

တတ္ႏိုင္သေလာက္ေလး ထမ္းေပးပါ

တခါတုန္းက အဖိုးအို တေယာက္ဟာ ညေနဘက္ ဆိုရင္ ပင္လယ္ကမ္းစပ္ကို လာေလ့ ရွိပါတယ္။ အဖိုးအိုဟာ လႈိင္းပုတ္တဲ့ ဒဏ္ေၾကာင့္ သဲေသာင္ျပင္ ေပၚမွာ ေသာင္တင္ ေနတဲ့ ငါးေလး ေတြကို ေကာက္ၿပီး ပင္လယ္ထဲ ျပန္ျပန္ ပစ္ထည့္ ပါတယ္။

အဲဒီလိုမွ ပင္လယ္ထဲကို ျပန္မေရာက္ဘူး ဆိုရင္ ငါးေလးေတြဟာ ကုန္းေပၚမွာ ေသရမွာေလ။ ဒီအဖိုးအိုဟာ ညေနတိုင္း ညေနတိုင္း ပင္လယ္ကမ္းေျခကို လာၿပီး ေသာင္တင္ေနတဲ့ ငါးေလးေတြကို ပင္လယ္ထဲ ျပန္ျပန္ ပစ္ထည့္ ေပးပါတယ္။

တေန႔မွာတာ့ လူတေယာက္ ေရာက္လာၿပီး အဖိုးအိုကို အခုလို လာေျပာပါတယ္။

"အဖိုးႀကီး ခင္ဗ်ား ႐ူးေနလား။ ပင္လယ္ ကမ္းေျခမွာ အဲဒီလို ေသာင္တင္ေနတဲ့ ငါးေလးေတြ အမ်ားႀကီး ရွိတယ္။ သန္းနဲ႔ ခ်ီၿပီးကို ရွိေနတယ္။ ခင္ဗ်ား တေယာက္တည္း ဒီငါးေတြ အကုန္လုံးကို ဘယ္လို လုပ္ၿပီး ကယ္ႏိုင္မွာလဲ"

အဖိုးအိုက သူ႔အလုပ္သူ လုပ္ေနရင္း အဲဒီ လူကို လွည့္ေတာင္ မၾကည့္ပဲ ေအးေအးေဆးေဆး ျပန္ေျဖ လိုက္ပါတယ္။ "တျခား ငါးေတြကို ငါမသိဘူး။ ငါ ကယ္လိုက္တဲ့ ငါးေတြ အားလုံးကေတာ့ အသက္ ျပန္ရွင္တယ္" တဲ့။

ႏွမ္းတေစ့နဲ႔ ဆီ မျဖစ္ေပမယ့္ ဆီျဖစ္လာမယ့္ ႏွမ္းေတြကို စုခဲ့ၾကမယ္ ဆိုရင္ေတာ့ ဆီေတြ ျဖစ္လာမွာပါ။

ကိုယ္က အမ်ားႀကီး မတတ္ႏိုင္ ေပမယ့္လည္း ကိုယ္တတ္ႏိုင္သေလာက္ ေလးကို တစိုက္မတ္မတ္ ႀကိဳးစား လုပ္ကိုင္ေနရင္ေတာ့ မိမိေကာင္းက်ိဳး၊ မိမိ ပတ္ဝန္းက်င္ အတြက္ ေကာင္းက်ိဳးေတြ ရရွိလာမွာပါ အမွန္ပါ။ မွတ္စုၾကမ္း

Post a Comment

0 Comments